ကျောက်ပန်းတောင်း ဩဂုတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ဆုံရွာကျေးရွာအုပ်စု၊ကြောင်းဒူးကျေးရွာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်နေသာ၊ မြေသားရေကန်တူးဖော်ပြီးစီးမှုအခြေ အနေများကို၊ ယနေ့ နံနက်(၁၀)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် အင်ဂျင်နီယာအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ(၉.၉)သန်း ဖြင့်၊ ကြောင်ဒူးကျေးရွာ မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်း (အလျား ၁၀၀ ပေ× အနံ ၁၂၅ ပေ× အနက် ၆ ပေ) လုပ်ငန်းပြီးစီးမှုအခြေအနေများကို မြို့နယ်ဦးစီးမှူးနှင့် အင်ဂျင်နီယာအဖွဲ့များ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး၊ လုပ်ငန်းလိုအပ်ချက်များနှင့် သတ်မှတ်အချိန်အ တွင်းပြီးစီးရေးဆွေးနွေးမှာ ကြားခဲ့ကြသည်။
အဆိုပါ မြေသားရေကန်တူးဖော်မှုလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက် နေခြင်းဖြစ်ပြီး လုပ်ငန်းအားလုံး၏(၉၅)ရာခိုင်နှုန်းပြီးစီးနေပြီဖြစရာ၊ လုပ်ငန်းအား လုံးရာနှုန်းပြည့်ပြီးစီးပါက ကြောင်ဒူးကျေးရွာရှိ အိမ်ခြေ(၁၂၁)အိမ်မှ လူဦးရေ၁၁၂၂)ဦး တို့အတွက်၊ နွေရာသီရေရှားပါးမှုဘေးမှ ကင်းလွတ်၍ ရာသီ/ အချိန်အခါမရွေး သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ကြ မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်း ကပြောပါသည်။
နေအောင်)

No comments:
Post a Comment