နေပြည်တော် ဩဂုတ် ၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရောက်ရှိနေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး SINOPHARM ဆေးကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၊ တိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်း၌ထားရှိရာ အဆိုပါ ဆေးပစ္စည်းများ ကို Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများ၊ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဆက်လက်ဖြန့်ဖြူးပေးလျက်ရှိသည်။
ထို့သို့ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ဆေး ၇၈၁၂ လုံး၊ ဆေးထိုးအပ် ၁၅၆၂၄ ခု၊ သံတွဲမြို့သို့
ဆေး ၄၄၈၈ လုံး၊ ဆေးထိုးအပ် ၈၉၇၆ ခု၊ စစ်တွေမြို့ရှိ နယ်မြေခံ ဆေးတပ်ရင်းအတွက် ဆေး ၄၇၀၀
လုံး၊ ဆေးထိုးအပ် ၉၄၀၀ ခု၊ အမ်းမြို့ရှိ တပ်မတော်ဆေးရုံသို့ ဆေး ၃၀၀၀ လုံး၊ ဆေးထိုးအပ်
၆၀၀၀ ခု၊ ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ ဆေး ၁၆၂၂ လုံး၊ ဆေးထိုးအပ် ၃၂၄၄ ခု၊ ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊
ကျိုင်းတုံမြို့သို့ ဆေး ၇၉၃၀ လုံး၊ ဆေးထိုးအပ် ၁၅၈၆၀ ခု၊ တနင်္သာရီတိုင်းဒေသကြီး၊
ထားဝယ်မြို့သို့ ဆေး ၇၀၀ လုံး၊ ဆေးထိုးအပ် ၁၄၀၀ ခု၊ မြိတ်မြို့သို့ ဆေး ၃၂၀၀ လုံး၊
ဆေးထိုးအပ် ၆၄၀၀ ခု၊ မြိတ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းသို့ ဆေး ၅၀၀၀ လုံး၊ ဆေး ၁၀၀၀၀
ခုတို့ကို တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်ပေးပြီး အဆိုပါနေရာများမှတစ်ဆင့် သက်ဆိုင်
ရာနေရာများသို့ တပ်မတော် ရဟတ်ယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ဆက်လက် ပို့ဆောင်ဖြန့်ဖြူးပေးမည်ဖြစ်သည်။
ထိုသို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စု လူဦးရေ ဦးစားပေး အစီအစဉ်များနှင့်အညီ
ပြည်သူများသို့ အမြန်ဆုံး ထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ဝေးလံခက်ခဲသောဒေသများသို့
တပ်မတော်(လေ)ရှိ ပို့ဆောင်ရေး လေယာဉ်များနှင့် မြန်မာ့လေကြောင်း တို့၏ အကူအညီများရယူကာ
လေကြောင်းခရီးများဖြင့် ဆက်လက်ဖြန့်ဖြူးပေးသွားမည် ဖြစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment