Friday, August 6, 2021

အိန္ဒိယနိုင်ငံသံရုံးနှင့် အိန္ဒိယနွယ်ဖွား အမျိုးသမီးအသင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပစ္စည်းများ ပေးအပ်လှူဒါန်း

 

နေပြည်တော် ဩဂုတ် ၅ အိန္ဒိယနိုင်ငံသံရုံးနှင့် ရန်ကုန်မြို့ရှိ အိန္ဒိယနွယ်ဖွား အမျိုးသမီးများ အသင်း (IWAY)နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေကြောင့် မြန်မာပြည်သူများအတွက် ဆေးဝါး နှင့် ဆေးပစ္စည်းများအား လှူဒါန်းပေးသွားမည်ဖြစ် ကြောင်း သိရသည်။

လှူဒါန်းမှုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများဖြစ်သည့် Oximeters၂၆၀၊ N 95 mask (မျက်နှာနှင့် နှာခေါင်းစည်း) ၂၆၀၀၊ surgical masks ၁၉၅၀၀၊ PPE ၁၃၀၀၊ ပါရာစီတမောဆေးပြား ၁၂၇၅၀၀၊ ဗီတာမင်စီဆေးပြား ၆၅၀၀၀၊ ဇင့်ဆေးပြား ၃၉၀၀၀ နှင့် ဗီတာမင်အားဆေးပြား ၆၅၀၀၀ တို့ပါဝင် သည်။ ယင်းဆေးဝါးများနှင့်ဆေးပစ္စည်းများကို ပဲခူး တိုင်းဒေသကြီးရှိ ကျေးရွာပေါင်း ၁၃၀ ခန့်အားသေခံ အဖွဲ့အစည်းများမှတစ်ဆင့် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် ရန်ကုန်မြို့ရှိ အိန္ဒိယနွယ်ဖွား အမျိုးသမီးများအသင်း ၏ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး၏ဇနီးဖြစ်သူ Mrs. Smriti Srivastav နှင့် ဘုတ်အဖွဲ့ဝင်များသည် အဆိုပါ လှူဒါန်းသည့် ပစ္စည်းများကို ဒေသခံအဖွဲ့များမှတစ်ဆင့် လှူဒါန်း ပေးနိုင်ရန် အိန္ဒိယဂေဟာတွင် လွှဲပြောင်းပေးအပ် ခဲ့သည်။

မြန်မာ့အလင်း

No comments:

Post a Comment