မူဆယ် ဩဂုတ် ၉
မူဆယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ လူနာသစ်များ နေ့စဉ်တိုးလာသဖြင့် အောက်စီဂျင်ဘူးများ ပြတ်လပ်မှု မရှိစေရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများ အသင်းရုံးတွင် 40L Oxygen ဘူး(၅၀)လုံးနှင့် အခြားကုသရေး ဆက်စပ်ပစ္စည်းများကို လှူဒါန်ပေး လျက်ရှိပါသည်။
လှူဒါန်းခြင်း အခမ်းအနားတွင် မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများအသင်း
ဥက္ကဋ္ဌ ဦးစိုင်းနွံက ပေးအပ်ပြီး မူဆယ်ခရိုင် ဆေးရုံအုပ်ကြီး Dr,ဟန်နိုင်စိုးက လက်ခံရယူပါသည်။
အဆိုပါ လှူဒါန်းခြင်း အစီအစဉ်တွင် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး
ဦးအောင်မိုးဇော်၊ အရှေ့မြောက်တိုင်း
စစ်ဌာနချုပ်က ဗိုလ်မှူးကြီးဇေယျာလင်း၊ တာဝန်ရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့များ
တက်ရောက်ကြကြောင်း သိရသည်။
အယ်လ်စိုး(မူဆယ်)

No comments:
Post a Comment