ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဩဂုတ် ၇ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့် ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး။ ။ နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉ တတိယလှိုင်း ဖြစ်ပွားနေ တာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါ ဖြစ်ပြီး သွားရင် နောက်ဆက်တွဲရောဂါ တွေခံစားရမှာလား။ ခံစားရရင် ဘယ် လောက်ကြာအောင် ခံစားရမလဲ ဆိုတာကို ပြောပြပေးပါဦး။
ဒေါက်တာခင်ခင်ကြီး။ ။ကိုဗစ်ရောဂါ ဖြစ်သွားပြီးရင် နောက်ဆက်တွဲ ရောဂါတွေခံစားရမှာလား။ ခံစားရရင် ဘယ်လောက် ကြာအောင် ခံစားရမှာလဲ။ ဒါကိုသက်သာအောင် ဘယ်လိုတွေ ဆောင် ရွက်ရမလဲ။ နောက်တစ်ခုက ကိုဗစ်ဖြစ်ပွားပြီးရင် သူတို့တွေအနေနဲ့ နောက်ပိုင်း မှာ စိတ်ပိုင်း ဆိုင်ရာ ခံစားချက်တွေရှိလာတယ်။ ဒါတွေနဲ့ပတ်သက်ပြီး အများစုက ကိုဗစ်ရောဂါ ခံစားပြီးရင် ဘာဖြစ်မလဲ ဆိုတာ သိချင်ကြပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဇူလိုင် ၃၀ ရက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)Science in 5-episode 47 မှာ ကျွမ်းကျင်ပညာရှင် Dr. Janet Diaz နဲ့ တွေ့ဆုံ ဆွေးနွေးခန်းက ဆွေးနွေးချက်တွေကို ကိုးကားပြီး တင်ပြပေးမှာဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ကရောဂါပိုး အသစ်ဖြစ်ပါတယ်။ ဒီရောဂါ ပိုးက ကမ္ဘာပေါ်မှာရှိနေခဲ့တာ တစ်နှစ်ခွဲကျော်ကျော်ရှိပြီဖြစ်တဲ့အတွက် ကျွန်မတို့နဲ့ အတော် ရင်းနှီး ကျွမ်းဝင်တဲ့ အနေအထား ဖြစ်လာပြီ။ ရောဂါ ဖြစ်ပွားမှုတွေကလည်း သန်းပေါင်း ၁၉၆ သန်းလောက် ရှိနေပြီ။ သေဆုံးတဲ့ သူက ၄ ဒသမ၂သန်းနီးပါးဖြစ်လာပြီ။ ဒီရောဂါပိုးက မုန်တိုင်း မွှေနှောက်သလို တကယ့်ကိုဝင်မွှေနေတဲ့ အခါမှာ တချို့ ရောဂါပိုးကူးစက်ခံရသူတွေမှာ နောက် ဆက်တွဲ တွေရှိတတ် ပါတယ်။
Blog Post Covid Condition calulosaur Long Covid လို့လည်း ခေါ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သုတေသနတစ်ခုနဲ့ တစ်ခုက မတူပါ ဘူး။ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၃ ရာခိုင်နှုန်း သို့မဟုတ် သုံးပုံတစ်ပုံမှာ နောက်ဆက်တွဲရောဂါတွေ ဖြစ်တာကို တွေ့ရှိရပါတယ်။
ဒီနေရာမှာ ကိုဗစ်-၁၉ ဖြစ်ပြီးသွားရင် နောက်ဆက်တွဲက ရောဂါပုံစံမျိုးစုံနဲ့ လာပါတယ်။ ဒီလိုလာပေမယ့်ကိုဗစ်ရောဂါဖြစ်ပြီးနောက်ဆက်တွဲ အနေနဲ့ အဓိကဖြစ်ပွားတာ သုံးခုရှိပါတယ်။ ဒါတွေ က (၁) ဘာလုပ်လုပ် မောတယ်။ (၂) မိမိရဲ့ မှတ်ဉာဏ် ပိုင်းဆိုင်ရာမှာ တည်ငြိမ်မှုမရှိဘူး။ တလွဲတချော်တွေ ဖြစ်စေတယ်။ (၃) ဦးနှောက်က မောပန်းနွမ်းနယ်ပြီး လုပ်နိုင်ကိုင်နိုင်စွမ်းမရှိဘဲ ဝေဝါးနေတာမျိုးတွေ ဖြစ်စေတယ်။ ဒီလို ပုံစံမျိုးတွေနဲ့ လာပါတယ်။ ဒါက အဖြစ်အများဆုံး သုံးခုဖြစ်ပါတယ်။ ။
“ဒါဆို တခြားလက္ခဏာတွေ မဖြစ်ဘူးလား ဆိုတော့ ဖြစ်ပါတယ်။ လက္ခဏာပေါင်း ၂၀၀ ကျော် ဖြစ်ပါတယ်။ ကိုဗစ်ရောဂါဝေဒနာခံစားပြီးသူတွေ အနေနဲ့ဒီလိုမျိုး ရောဂါလက္ခဏာ တွေဖြစ် တယ် ဆိုတာကို သတင်းပေးပို့ချက်တွေအရ သိရပါတယ်ဒါကြောင့် ကိုဗစ်ရောဂါဖြစ်ပွားပြီးရင် နောက်ဆက်တွဲ ရောဂါဝေဒနာမျိုးစုံ ဖြစ်နိုင်တယ်ဆိုတာကို သိစေ ချင်ပါတယ်။
ဒီနေရာမှာ တချို့တွေက ဘယ်လိုမျိုးပုံစံနဲ့ ထပ်လာတတ်လဲဆိုတော့ ရင်ဘတ်အောင့်တာ၊ စကားပြောရတာ နည်းနည်းခက်ခဲတာ၊ စိတ်သောကရောက်တာ၊ စိတ်ဓာတ်ကျတာ၊ ကြွက်သား တွေ နာကျင်ကိုက်ခဲတာ၊ ဖျားနာတာ၊ အနံ့မရတာ၊ အရသာမရတာ ဒါမျိုးတွေလည်း ရှိနိုင်ပါ တယ်။ ဒီလိုမျိုး ရောဂါလက္ခဏာ သောင်းခြောက်ထောင် ရှိနိုင်တဲ့အတွက် ပြည်သူတွေကို သိစေချင်တာက ကိုဗစ်-၁၉ ရောဂါ မဖြစ်လေ ကောင်းလေဆိုတာကို သိစေချင်ပါတယ်။ ။
ရောဂါမဖြစ်ခင်ကကြိုတင်ကာကွယ်ခြင်းသည် ရောဂါဖြစ်ပွားမှ နောက်ဆက်တွဲကို လိုက်လံ ကုသရ တာထက်စာရင် အပ်နဲ့ထွင်းရသလောက်ပဲ ရှိပါ တယ်။ ဒါကြောင့် ကိုဗစ် - ၁၉ ကူးစက်ခံရပြီဆိုရင် သူ့ရဲ့ နောက်ဆက်တွဲတွေကလည်း လာနိုင်တဲ့ အတွက်ကြောင့် မကူးစက်ခံ ရအောင်နေဖို့၊ ကိုဗစ် ၁၉ စည်းကမ်းချက်တွေကို အတိအကျ လိုက်နာဖို့ ပြောချင်ပါတယ်။ ။
ဒုတိယပိုင်းအနေနဲ့ နောက်ဆက်တွဲရောဂါ ဖြစ်ပွားမှုက ဘယ်လောက်အထိ ကြာနိုင်သလဲ ဆိုတာကို ယခုလက်ရှိမှာ တိတိကျကျ အနေနဲ့ မပြောနိုင်သေးပါဘူး။ သို့သော် လက်ရှိမှာ သုံးလ အထိ ကြာနိုင်တယ်လို့ ပြောပါတယ်။ တချို့ သုတေသနတွေမှာ ခြောက်လကနေ ကိုးလအထိ ကြာနိုင်တယ်လို့ ပြောထားပါတယ်။ ပျမ်းမျှ သုံးလလောက်ဆိုရင် အများစုက ပြန်လည် ကောင်းမွန်သွား ပါတယ်။ တချို့တွေမှာ ခြောက်လကနေ ကိုးလအထိ ရှိနေနိုင်ပါတယ်။
ယခုကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ် - ၁၉ နဲ့ ရင်ဆိုင်နေရတာက တစ်နှစ်ခွဲကျော်ရှိပြီဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်တဲ့ သုတေသနတွေလည်း ဆက်လက် လုပ်ဆောင်လျက်ရှိပါတယ်။ ဒါမှ ကိုဗစ် ရောဂါနဲ့ သူ့ရဲ့ နောက်ဆက်တွဲ ရောဂါတွေက ဘယ်လောက်အထိရှည်ကြာပြီး ဒုက္ခပေးနိုင်မယ် ဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။ ဒါဆို ကိုဗစ်-၁၉ ဖြစ်ခဲ့ပြီး နောက်ဆက်တွဲလက္ခဏာတွေ ရှိတယ်ဆိုရင် ဘယ်လိုကုသပေးရမလဲ။ ကုသမှုတွေကို ဘယ်လိုဆောင်ရွက်ရမလဲဆိုရင် ကိုဗစ်ရောဂါ နောက်ဆက် တွဲ ရောဂါလက္ခဏာ အမျိုးပေါင်း ၂၀၀ ကျော်ရှိတဲ့အတွက် တိကျတဲ့ ကုသနည်းက မရှိပါဘူး။ ဒါဆို ဘယ်လိုလုပ်ရမလဲ။ သူ့ကို ကုသပေး တဲ့အခါမှာ ဘက်ပေါင်းစုံကနေ ကုသပေးရမှာ ဖြစ်ပါတယ်။ မိမိမှာ မူလရှိတဲ့ ရောဂါအခံတွေကို ကုသပေးနေတဲ့ သက်ဆိုင်ရာအထူးကုပညာရှင်တွေနဲ့ ဆက်လက် ကုသမှုခံ ယူရမှာ ဖြစ်ပါတယ်။
နောက်ပြီး စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ပေးဖို့ အတွက် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ၊ စိတ်ကုပညာရှင်တွေ၊ စိတ်ရောဂါအထူးကုဆရာဝန် တွေ၊ Social Care လို့ခေါ်တဲ့ မိမိကို နှစ်သိမ့်ဖြေသိမ့် ပေးနိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေ ဒါမျိုးတွေကို ပြသပြီး ရောဂါသက်သာ အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဘယ်ကျွမ်းကျင်ပညာရှင်ကို ပြသရမယ် လို့ ပြောလို့မရပါဘူး။ တစ်ယောက်နဲ့တစ်ယောက် က နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ရောဂါ လက္ခဏာ ပုံစံခြင်းက မတူပါဘူး။
ဒါကြောင့် ကိုဗစ်နောက်ဆက် တွဲ ခံစားနေရသူတွေကို နားလည်မှုပေးပြီး လိုအပ် တဲ့ ပံ့ပိုးမှု တွေကို လုပ်ပေးဖို့လိုအပ်ပါတယ်။
ဒါဆိုကိုဗစ်-၁၉နောက်ဆက်တွဲလက္ခဏာတွေ နဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးထားခြင်းနဲ့ ဘယ်လိုတွေဆက်စပ်မှုရှိသလဲ။ အဲဒါကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ Dr. Janet Diaz က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားရင် ကိုဗစ်-၁၉ကြောင့် ဝေဒနာပြင်းထန်စွာခံစားရမှု၊ ဆေးရုံ တက်ရောက်ရမှု၊ အထူးကြပ်မတ်ကုသဆောင်ထဲ ရောက်ရှိမှု၊ သေဆုံးမှုကို ကာကွယ် နိုင်တယ်ဆိုတာ အသေအချာပဲဖြစ်ပါတယ်လို့ ပြောထားပါတယ်။ ကာကွယ်ဆေးထိုးထားရင် ကိုဗစ်-၁၉ ရဲ့ နောက်ဆက်တွဲ လက္ခဏာတွေဖြစ်ပေါ်မှုအပေါ် သက်ရောက်မှုနဲ့ပတ်သက်လို့ သုတေသနတွေ ဆက်လုပ် ဖို့ လိုပါတယ်။
တချို့သုတေသနတွေမှာ ဖော်ပြထားချက်အရ ဆိုရင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးထားရင် ကိုဗစ်ရဲ့ နောက်ဆက်တွဲခံစားရမှုတွေကိုလည်းလျော့ကျစေတယ်၊ သက်သာစေတယ်။ တို တောင်းစေတယ်၊ ပျောက်ကင်းစေတယ်လို့ ပြောထားပါ တယ်။ ဒါကလည်း ထူးခြားချက် ဖြစ်ပါတယ်။ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ ။
ဒါနဲ့ပတ်သက်ပြီး အချို့ သုတေသနတွေမှာ ရေကျောက်အတွက် ကာကွယ်ဆေးထိုးထားတယ် ဆိုရင် ရေကျောက်ကို ကာကွယ်နိုင်ရုံသာမက ရေကျောက်ပေါက်တဲ့သူတွေမှာ နောက်ဆက်တွဲ အနေနဲ့ဖြစ် တတ်တဲ့ ရေယုံတွေပေါက်ခြင်းကို ကာကွယ်နိုင်တယ်လို့ပြောထားပါတယ်။ ဒါဆိုရင် ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ဘယ်လို ဆိုးကျိုးတွေဖြစ်နိုင်တယ်ဆိုတာကို အခုထိ အစုံ အလင် မသိရှိသေးပါဘူး။ ဒါကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားခြင်းအားဖြင့် မမျှော်မှန်းနိုင် တဲ့။နောက်ထပ် ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကိုလည်း ကာကွယ်နိုင်တယ် ဆိုတာ ကို သုတေသန အချို့က ပြောပါတယ်။
အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ဆေးဗဟိုဌာန(CDC)က ထုတ်ပြန်တဲ့ လေ့လာ တွေ့ရှိ ချက်တွေအရ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားရင် ရောဂါဖြစ်ပွားမှုကို သုံးဆ ကာကွယ်ပါတယ်။
ဆေးရုံတက်ရောက်ရမှုကို ၁၀ ဆကာကွယ်ပါတယ်။ ဒါဆိုရင် ကာကွယ်ဆေးထိုးသင့်တာက အသေ အချာပါပဲ။ ဒါဆိုရင် ကာကွယ်ဆေးထိုးထားခြင်းက အများကြီးအကျိုးရှိတယ်ဆိုတာ သိနိုင်ပါတယ်။
ကာကွယ်ဆေးထိုးထားခြင်းနဲ့အတူ ပါးစပ် နှာခေါင်းစည်း(Mask)တပ်တာ၊ လက်ဆေးတာ၊ လူအုပ်စုရှောင်တာ၊ လူစုလူဝေးရှောင်တာ၊ လေကောင်းလေသန့်ရတဲ့နေရာမှာ နေတာ၊ ချောင်းဆိုးနှာချေ ရင် အုပ်ပြီးဆိုးတာတွေကို ဆောင်ရွက်သင့်ပါတယ်။
အစီအစဉ်မှူး။ ။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးတဲ့နောက် ခန္ဓာကိုယ်ရဲ့ ခုခံအား Antibody စစ်ဖို့ လိုအပ်သလားဆိုတာကို ဖြေကြားပေးပါဦး။
ဒေါက်တာခင်ခင်ကြီး။ ။ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး ပြန်ကောင်း လာတဲ့သူ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ပြည့် ထိုးပြီးသူတွေမှာ ခန္ဓာကိုယ်ရဲ့ ခုခံအား Antibodyတွေ ရှိနေပြီလား၊ Antibody တွေ တက်ပြီလား ဆိုတာနဲ့ပတ်သက်ပြီး တချို့တွေက မေးမြန်းလာပါ တယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး စိတ်ဝင်တစား ရှိတာကို ဝမ်းသာပါတယ်။ ဒါနဲ့ပတ်သက်ရင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးရင် ကာကွယ်နိုင်မှုရ၊ မရကို Antibody လို့ခေါ်တဲ့ Test တွေနဲ့ စမ်းဖို့မလို ပါဘူး။ ဒါကို အမေရိကန်ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဗဟိုဌာနကရော၊ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကရော စမ်းဖို့မလိုဘူးလို့ ပြောထားပါတယ်။
Antibody ဆိုတာနဲ့ပတ်သက်ပြီး ပြောရမယ် ဆိုရင် ကျွန်မတို့မှာ တိုင်းတာလို့ရတဲ့ IgM/ IgGတို့ ဆိုတာရှိပါတယ်။ တိုင်းလိုက်လို့ Antibody G ပေါ်နေရင် ကိုယ်ခံအားရှိတယ်။ တချို့တွေက ဘာမှ မပေါ်ဘူးဆိုတော့ Antibody တွေမရှိတော့ဘူး။ ရောဂါဖြစ်ထားလို့ရထားတဲ့ ကိုယ်ခံ အားတွေကလည်း လျော့သွားပြီ။ မရှိတော့ဘူးထင်ကြတယ်။ ကာကွယ်ဆေးထိုးထားပြီး ကာကွယ်ဆေးက မစွမ်းလို့လား၊ Antibody တွေမထွက်တာလား ထင်တတ် ပါတယ်။ အဲဒါနဲ့ ပတ်သက်ရင် Antibody ကို စမ်းသပ်ခြင်းနဲ့ ကိုယ်ခံအား ရှိ၊ မရှိ စမ်းလို့မရပါဘူး။
ကျွန်မတို့ ခန္ဓာကိုယ်ထဲမှာ ရိုးတွင်းခြင်ဆီက ထွက်တဲ့ဆဲလ်တွေလည်း ရှိပါတယ်။ CD4 ဆဲလ်တွေ ရှိတယ်။ CD8 ဆဲလ်တွေရှိတယ်၊ Memory ဆဲလ်တွေ ရှိတယ်၊ Lymphocyte ဆဲလ်တွေရှိတယ်။ သူတို့က ဆယ်စုနှစ်နဲ့ချီကာ ရန်သူကိုမှတ်မိနေပြီး တိုက်ခိုက် နိုင်တယ်ဆိုတဲ့ သုတေသန တွေ လည်း ရှိပါတယ်။ ဒါတွေကိုစမ်းသပ်ဖို့က တခြားနည်းပညာအများကြီး လိုပါတယ်။ IgG မရှိဘူးဆိုတာနဲ့ Antibody မရှိဘူး လို့ ယူဆလို့မရပါဘူး။
ဒါနဲ့ပတ်သက်ပြီး အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ဆေးဗဟိုဌာန(CDC)က Antibody စစ်ဆေးခြင်းနဲ့ပတ်သက်လို့ ပြောထားတာရှိပါ တယ်။ Antibody စစ်ဆေးခြင်းဆိုတာ သွေးကို စစ်တာ ဖြစ်ပါတယ်။ အဲဒီလို Serological Testing တွေက ဗိုင်းရပ်စ်ကိုရှာတဲ့ Virological Testing တွေကို ကျော်လွှားနိုင်စွမ်းမရှိသေးပါဘူး။ ပြောချင် တာက သွေးထဲမှာ Antibody ကို စမ်းခြင်းသည် အကောင်းဆုံးနည်းလမ်းမဟုတ်ဘူးလို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ သွေးထဲမှာ Antibody စမ်းလိုက်လို့ Positive ၊ Negative တွေ့ခြင်းက လောလောဆယ် ရောဂါပိုးဝင်နေတယ်ဆိုတာ သက်သေပြနိုင်ဖို့ အတွက် မသုံးပါဘူး။
Antibody စမ်းလိုက်လို့ IgM ရှိနေတယ်၊ရောဂါပိုးဝင်နေတယ်လို့ တစ်ထစ်ချယူဆလို့ မရပါ ဘူးဆိုတဲ့အကြောင်းကို ပြောခြင်းဖြစ်ပါတယ်။ Virology လို့ခေါ်တဲ့၊ Antigen Test 1 PCR Test တွေနဲ့သာ စမ်းသပ်ရမှာ ဖြစ်ပါတယ်။ စမ်းတဲ့အခါ Emergency Use Authorization(EUA) ရထားတဲ့ Test kit တွေ၊ စမ်းသပ်တဲ့ပစ္စည်းတွေကိုပဲ သုံးရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆို တော့ ရှိရင်ရှိကြောင်း ပြနိုင်တဲ့ Sensitivity၊ မရှိရင်မရှိကြောင်းပြနိုင်တဲ့ Specificity က EUA ပေးထားတဲ့ စမ်းသပ်ပစ္စည်းတွေကသာ စိတ်ချစွာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကြုံရာစစ်တဲ့ ပစ္စည်းတွေနဲ့ စမ်းသပ်ပြီး ရှိခြင်း၊ မရှိခြင်းကို ပြောလို့မရပါဘူး။ ဒါကိုလည်း သိစေချင်ပါတယ်။
နောက်တစ်ချက်က ကိုဗစ်-၁၉ သည် အလွန် ကူးစက်မြန်တဲ့ ရောဂါပိုးကြောင့် ဖြစ်ပါတယ်။ ဒါကို မိမိတို့ဘာသာ အိမ်မှာစမ်းသပ်တယ်ဆိုတာ ကိုယ်ဝန် ရှိ၊ မရှိ ဆီးကိုစမ်းတာလောက် လွယ်ကူ တာမျိုး မဟုတ်ပါဘူး။ ကျွမ်းကျင်ပညာရှင်က စနစ်တကျ စမ်းသပ်မှသာ၊ စမ်းသပ်ပေး သူက လည်း စနစ်တကျ အကာအကွယ်တွေ ဝတ်ဆင်ရမယ်။ သုံးထားတဲ့ ပစ္စည်းတွေကို စွန့်ပစ် တဲ့အခါ စနစ်တကျ စွန့်ပစ်ရ မှာ ဖြစ်ပါတယ်။ အခုက မိမိတို့ဘာသာ အဆင်ပြေ သလို အိမ်မှာစမ်းတယ်။ စမ်းပြီးတဲ့အခါ လမ်းဘေး အမှိုက်ပုံမှာ စွန့်ပစ်တယ်။ ဒါတွေက အမှိုက် သိမ်းရတဲ့ သူတွေရော၊ အခြားသူတွေအတွက်ပါ အန္တရာယ်ရှိပါတယ်။ လုံးဝမလုပ်သင့်တဲ့ကိစ္စလို့ ပြောချင်ပါတယ်။
နောက်တစ်ခု Test တွေမှာ Qualified နဲ့ Semiqualified ဆိုတာရှိပါတယ်။ အရည်အသွေး ပြည့်ဝတဲ့ Qualified Test တွေကိုပဲ အသုံးပြုရမှာဖြစ်ပါတယ်။ ဒါကြောင့် EUA ပစ္စည်းတွေကိုပဲ အသုံးပြုရမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
အခုလက်ရှိရောဂါရှာဖွေစမ်းသပ်တဲ့ Antigen Test တွေဟာ ဗိုင်းရပ်စ်ကိုပဲ အခြေခံပြီး ပြုလုပ် ထားတဲ့ Test တွေဖြစ်တဲ့အတွက် Antibody Testing က မလိုအပ်ပါဘူး။ Antibody Test လုပ်ခြင်းက လက်ရှိရောဂါရှိ၊မရှိကို ဖော်ပြနိုင်ခြင်းမရှိပါဘူး။ ( ဥပမာ- ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားပြီးသူ သို့မဟုတ်ကိုဗစ် - ၁၉ ကာကွယ်ဆေး မထိုးနှံခင် ကိုယ်ခံအား ရှိ၊ မရှိ သိလိုတဲ့ခါ Antibody Test လုပ်ခြင်းကို မညွှန်ကြားထားပါဘူး။ အရင်က ရောဂါပိုးကူးစက် ခံထားရသူ မဟုတ်ဘူးဆိုရင် Antibody Test က လက်ရှိမှာ ရောဂါပိုးရှိ၊ မရှိကို ပြနိုင်မှာ မဟုတ်ပါဘူး။ နောက်တစ်ခုက ကာကွယ်ဆေးကြောင့် Antibody တက်တယ်ဆိုတာ Specific Antibody ဖြစ်ပါတယ်။ သူကဗိုင်းရပ်စ်မှာရှိတဲ့ ပရိုတင်းကို ကာကွယ်နိုင်ဖို့အတွက် ထုတ်ထားတဲ့ Antibody တွေ ဖြစ်ပါတယ်။ Specific Antibody ကို သိနိုင်ဖို့ အထူးနည်းပညာနဲ့ စမ်းသပ် ရပါတယ်။ Antibody Test တွေက တချို့ အသက်ကြီးတဲ့သူတွေ၊ နောက်ခံ ရောဂါရှိတဲ့သူတွေမှာ မပေါ် တတ်ပါဘူး။ မပေါ်တာကို ကိုယ်ခံအားမရှိဘူးလို့ မှားယွင်းယူဆတတ်ပါတယ်။ ဒါကြောင့် ဒါကိုမသုံးပါဘူး။
ဒါ့အပြင် တချို့ ကာကွယ်ဆေးမထိုးထားတဲ့ peozgo Antibody o Positive G&&&ulos Sul ဘယ်လိုလူမျိုးတွေလဲဆိုရင် ပြီးခဲ့တဲ့ သုံးလလောက် အတွင်းမှာ မသိလိုက်ဘဲ ရောဂါကူးစက် ခံရတယ်။ အသက်ကြီးတဲ့သူတွေ၊ နောက်ခံရောဂါရှိနေတဲ့ သူတွေမှာ ရောဂါလက္ခဏာမပြ လိုက်ဘူး။ ရောဂါလက္ခဏာမပြပေမယ့် Antibody ပေါ်နိုင်ပါတယ်။ ဒါကြောင့် Antibody စစ်ဆေးခြင်းသည် ကာကွယ် ဆေးထိုးပြီး ကာကွယ်နိုင်မှု ရ၊ မရ၊ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရပြီးရင် ကိုယ်ခံအား ရှိ၊ မရှိ ဆိုတာ မှာ အသုံးပြုလို့မရဘူးဆိုတာ ပြည်သူတွေ သိစေချင် ပါတယ်။
ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါဘေး ကနေ အမြန်ဆုံးကင်းဝေးပါစေလို့ ဆုတောင်းလိုက် ပါတယ်။ လက်ရှိအခြေအနေကလည်း ရောဂါပိုး ကူးစက်မှုက တန့်နေတဲ့ အနေအထား ရှိပါတယ်။ တန့်နေတာကနေ ကျသွားဖို့ ပြည်သူအားလုံးမှာတာဝန်ရှိပါတယ်။ ရောဂါကပ်ဘေး တစ်ခုဟာ အတက်လွယ်သလောက် အကျခက်ပါတယ်။ သူ့ရဲ့ရောဂါဖြစ်ပွားမှု၊ ကူးစက်မှုကို အောက်အထိ ရောက်အောင် ထိန်းချုပ်နိုင်ဖို့ဆိုတာ ကျွန်မတို့ အားလုံးရဲ့ အင်အားနဲ့ ပူးပေါင်း ပါဝင်ရမှာ ဖြစ်ပါတယ်။
တစ်ယောက်ချင်း တစ်ယောက်ချင်းစီကကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက် တွေကို လိုက်နာမယ်၊ ကာကွယ်ဆေးထိုးနှံဖို့ အခွင့်အရေး ရှိတဲ့သူတွေကလည်း ထိုးနှံ လိုက်မယ် ဆိုရင် မကြာမီ အချိန် နှစ်ပတ်ကနေ လေးပတ်အတွင်းမှာ ရောဂါ ဖြစ်ပွားမှု၊ ကူးစက်မှု၊ သေဆုံးမှု တွေက လျော့ကျမယ်လို့ မျှော်လင့်ပါတယ်။ အားလုံးအသက်ဝဝရှူနိုင်တဲ့နေ့ကို ရောက်ရှိဖို့ အတွက် ဆုတောင်းပါတယ်။ အားလုံးညီရင် မအောင်မြင်နိုင်စရာ မရှိပါဘူးလို့ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ထက်လျှံ
No comments:
Post a Comment