Saturday, August 28, 2021

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်ထုတ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ Politic Magazine တွင် ခေါင်းစီးဆောင်းပါးအဖြစ် ဖော်ပြခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အိမ်စောင့်အစိုးရ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် အင်တာဗျူးအစီအစဉ်

 ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်တွင်ထုတ်ဝေခဲ့သည့်ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ နာမည်ကြီး နိုင်ငံရေးမဂ္ဂဇင်းတစ်ခုဖြစ်သော Politic Magazine အမှတ်စဉ် (၁၂၀) ကို “ကမ္ဘာမြေငြိမ်းချမ်း ရေးသည် ကမ္ဘာသူ ကမ္ဘောသားအားလုံး၏တာဝန်ဖြစ်သည်” အမည်ဖြင့် ထုတ်ဝေခဲ့ပါသည်။

အဆိုပါ Politk Magazine ၌ ခေါင်းဆောင်းပါးအဖြစ် ရုရှားနိုင်ငံ စာပေပညာရှင်အသင်းဝင် Ms.Tatiyana GROZMAWI ရေးသားသည့် “အမိနိုင်ငံ ပြည်သူပြည်သားတို့အတွက် ရည်ရွယ်ကာ ဆောင်ကြဉ်းခဲ့သည်” အမည်ရှိ အင်တာဗျူးဆောင်းပါးကို ထည့်သွင်းဖော်ပြခဲ့ ပါသည်။

(၎င်းဆောင်းပါးသည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၁၁-၈-၂၀၂၁ ရက်နေ့တွင် ၎င်းမဂ္ဂဇင်း၏ အင်တာဗျူးမေးခွန်းများအပေါ် ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ် ကြောင်း ဖြည့်စွက်ဖော်ပြအပ်ပါသည်။)

မေး ။ ။ ဗိုလ်ချုပ်မှူးကြီးရှင်း၊ ယခုလိုတွေ့ဆုံမေးမြန်းခြင်း မစတင်မီ ရှေးဦးစွာ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ရဲ့ နိုင်ငံ တော်ဝန်ကြီးချုပ် တာဝန်ပေးအပ်ခန့်ထားခံရခြင်းနဲ့ ပတ်သက်လို့ လွန်စွာဂုဏ်ယူ ဝမ်းမြောက် မိကြောင်း ပြောကြားလိုပါတယ်။ ကျွန်မအနေနဲ့ ပြီးခဲ့တဲ့ တွေ့ဆုံမှုများ ကတည်းက ဗိုလ်ချုပ်မှူးကြီးရဲ့ ခေါင်းဆောင်ကောင်း ပီသမှုမျိုးချစ်စိတ်ဓာတ်ပြည့်ဝမှု၊ ရဲစွမ်းသတ္တိရှိမှု၊ စိတ်သဘောထား ပြည့်ဝမှု၊ ပညာရည်မြင့်မားမှုနဲ့ နိုင်ငံရေးအတွေးအမြင်ကြွယ်ဝကာ လိမ္မာပါး နပ်မှုရှိတဲ့ တိုင်းကျိုးပြည်ပြုသမား (State Man) တစ်ဦး ဖြစ်ကြောင်း တွေ့ရှိ သတ်မှတ်ပြီး ကတည်းက မြန်မာနိုင်ငံရဲ့ အစိုးရအဖွဲ့ဝန်ကြီးများကို တရားမျှတ ကောင်းမွန်ပိုင်နိုင်စွာ စီမံ အုပ်ချုပ်နိုင်မယ့် တစ်ဦးတည်းသောသူဟာ အဆွေတော် ဗိုလ်ချုပ်မှူးကြီးသာ ဖြစ်လာမယ် ဆိုတာကို မိနစ်တိုင်း စက္ကန့်တိုင်း ယုံကြည်နေမိခဲ့ပါတယ်။ တရားဥပဒေအရ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အာမခံချက်အဖြစ် ရပ်တည်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ထိုအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ နိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်း ပေါ်ကို ပြန်လည် တွန်းပို့နိုင်ရေး ပြည်တွင်း နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းနိုင်ရေး လက်ရှိ အိမ်စောင့် အစိုးရအဖွဲ့အနေနဲ့ ရင်ဆိုင်ကြုံနေရတဲ့ အခက်အခဲအားလုံးကို ဗိုလ်ချုပ်မှူးကြီးရဲ့ ခေါင်းဆောင်မှုနဲ့ကျော်လွှားနိုင်လိမ့်မယ်လို့ အကြွင်းမဲ့ယုံကြည်မိပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မော်စကိုမြို့ကို လာရောက်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ မဟာအောင်ပွဲ စစ်ရေးပြအခမ်းအနား တက်ရောက်ခဲ့တဲ့ခရီးစဉ်မှာ ကျွန်မတို့မဂ္ဂဇင်းအတွက် ပြည့်စုံထိရောက် ကောင်းမွန်လှတဲ့ အင်တာဗျူးကို ဖြေကြားပေးခဲ့ဖူးပါတယ်။ ကျွန်မတို့ရဲ့ စာဖတ်ပရိသတ်တွေအနေနဲ့ အဲဒီအင်တာ ဗျူးဆောင်းပါးမှတစ်ဆင့် မြန်မာနိုင်ငံရဲ့ သမိုင်းသစ် ပုံဖော်တိုးတက် ပြောင်းလဲနေမှုများနဲ့ နိုင်ငံ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် တပ်မတော်ရဲ့ အရေးပါလှတဲ့အခန်း ကဏ္ဍများကိုသိရှိ မှတ်သားခွင့်ရရှိခဲ့ကြပါတယ်။ အဆိုပါဆောင်းပါးကို ရုရှားပြည်တွင်းမှာ သာမက တစ်ကမ္ဘာလုံးရှိ ရုရှားစာဖတ်ပရိသတ်ရဲ့ စိတ်ပါဝင်စားမှုကို ရရှိခဲ့ပါတယ်။ စိတ်ဝင်စား မှုနဲ့အတူ နက်နဲလှတဲ့ မေးခွန်းများလည်း ထွက်ပါလာခဲ့ပါတယ်။ ၎င်းတို့အနက်မှ တစ်ခုမှာ မြန်မာနိုင်ငံရဲ့ အမျိုးသားနိုင်ငံရေး ပဋိညာဉ် အကြောင်းပဲ ဖြစ်ပါတယ်။

 

ဖြေ ။ ။ ယခုလိုကြားသိရတာ ဝမ်းသာပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ယခင်တစ်ကြိမ်က ရေးသားထုတ်ဝေတဲ့ ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြခဲ့ရာမှာလည်း အလားတူ စိတ်ပါ ဝင်စားမှုမျိုး ရရှိခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အင်တာဗျူးအမေး အဖြေတွေကို ပြည့်ပြည့်စုံစုံ ဖော်ပြရုံမှမက ထိထိရောက်ရောက် ပုံဖော်ရေးသားပေးခဲ့တာကို တွေ့ရပါတယ်။ မဂ္ဂဇင်း စာအုပ် ကိုလည်း လက်ခံရရှိပါတယ်။ ဒီအတွက် အထူးကျေးဇူးတင်ပါကြောင်း ဦးစွာ ပြောလိုပါတယ်။

ဖြေ။ ။ စာဖတ်ပရိသတ်တို့ သိလိုတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး ဖြေကြားရမယ်ဆိုရင် ကျွန်တော်တို့ မြန်မာ့တပ်မတော်သားတိုင်း၊ ကျွန်တော်အပါအဝင်ပေါ့လေ နေ့စဉ်ရွတ်ဆိုရတဲ့ သစ္စာ ၄ ချက် ရှိပါတယ်၊ အဲဒီအထဲမှာ “ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသား တို့၏ ကျေးဇူး သစ္စာကို စောင့်သိရိုသေပါမည်” လို့ ပါပါတယ်။ ဒါဟာ ကျွန်တော်တို့သစ္စာပါပဲ။ ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ အမျိုးသားနိုင်ငံရေးနဲ့ပတ်သက်တဲ့ ခံယူချက်၊ စွဲမြဲထားတဲ့ဆောင်ပုဒ်က “တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်" ဆိုတာပါပဲ။ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီကတည်းက ယနေ့အထိ တပ်မတော်က ဒီအတိုင်းဆောင်ရွက်ခဲ့တယ်။ အခုထိလည်း ဆောင်ရွက်နေတယ်။ ဒါ့ကြောင့်လည်း မြန်မာနိုင်ငံမှာ မြန်မာ့ တပ်မတော်ကို ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားရေး ဦးဆောင်မှုအခန်းကဏ္ဍကို အပ်နှင်းထားတာပဲ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့နိုင်ငံရဲ့ အမျိုးသားရေးကိုကျေးဇူး သစ္စာစောင့် သိတဲ့အနေနဲ့ ဒီနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်က နိုင်ငံတော်တာဝန်ကို ရယူခဲ့ ရပါတယ်။ ပြည်သူတွေ လိုလားတောင့်တတဲ့ “စစ်မှန်စည်းကမ်း ပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်” ပီပြင်စွာဖြစ်လာဖို့ ကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်။

 

 မေး ။ ။ ယခုတစ်ကြိမ်မော်စကိုမြို့ကို လာရောက်တဲ့ခရီးစဉ်ဟာ နိုင်ငံပေါင်း ၁၀၉ နိုင်ငံက စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေ ကိုယ်တိုင်တက်ရောက်ကြတဲ့ (၉) ကြိမ်မြောက် နိုင်ငံ တကာ လုံခြုံရေး ညီလာခံကို တက်ရောက်ရန်ဖြစ်တယ်လို့ ကြားသိရပါတယ်။ အဆိုပါ ညီလာခံမှာ ဗိုလ်ချုပ်မှူးကြီး ဆွေးနွေးပြောကြားခဲ့တဲ့ မိန့်ခွန်းကို ရုရှားပညာရှင်များသာမက နိုင်ငံတကာမှ ပညာရှင်များက အသိအမှတ်ပြု အားပေးထောက်ခံခဲ့ကြပါတယ်။ ဒီခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ရော ရုရှားနိုင်ငံအတွင်းနဲ့ ပတ်ဝန်းကျင်နိုင်ငံများ၊ အခြားသော ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး သတိပြုမိတဲ့ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး သိလို ပါတယ်။

 

ဖြေ ။ ။ မော်စကိုမှာ ကျင်းပခဲ့တဲ့ (၉)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (9th MICs) မှာ ကျွန်တော့်အနေနဲ့ ပြောခဲ့တဲ့အကြောင်းအရာက “ကမ္ဘာ့နိုင်ငံရေးအခြေအနေတွင် အာရှ-ပစိဖိတ်ဒေသ အရေးအားဆွေးနွေးခြင်း”(The Asia-Pacific in the content of Global Politics)ဖြစ်ပါတယ်။ကျွန်တော်ပြောတဲ့ခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ရုရှား ပညာရှင်တွေနဲ့ နိုင်ငံတကာက ပညာရှင်တွေ အသိအမှတ်ပြု အားပေးထောက်ခံခဲ့တာကို သိရလို့ ဝမ်းသာပါတယ်။ ကျွန်တော့်အနေနဲ့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ အာရှ-ပစိဖိတ်ဒေသရဲ့ ပထဝီနိုင်ငံရေးအရ အရေးပါမှုကို ဦးစွာဆွေးနွေးခဲ့ပါတယ်။ ဒီဒေသဟာ ကမ္ဘာ့ စီးပွားရေးဈေးကွက်ရဲ့ သုံးပုံတစ်ပုံခန့် ပိုင်ဆိုင်ထားပြီး အိန္ဒိယသမုဒ္ဒရာအတွင်း နှစ်စဉ် ရေယဉ် အစင်းပေါင်း ၁၀၀၀၀၀ (တစ်သိန်း)ကျော်ဖြတ်သန်းသွားလာ လျက်ရှိပါတယ်။ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁ ထရီလီယံတန်ဖိုး ကုန်စည်စီးဆင်းလျက်ရှိပါတယ်။ ဒါ့အပြင် ကမ္ဘာ့ရေနံ ထွက်ကုန် ၈၀ ရာခိုင်နှုန်းဟာ အိန္ဒိယသမုဒ္ဒရကတစ်ဆင့် သယ်ယူပို့ဆောင်လျက်ရှိပြီး ကမ္ဘာ့ ကုန်သွယ်မှုရဲ့ ၉၀ ရာခိုင်နှုန်းဟာလည်း မလက္ကာရေလက်ကြားက ဖြတ်သန်းသွားလျက်ရှိ ပါတယ်။ ဒါ့ကြောင့် အာရှပစိဖိတ်ဒေသဟာ ပထဝီနိုင်ငံရေးနဲ့ ပထဝီစီးပွားရေးအရ များစွာ အရေးပါလာပြီး ကမ္ဘာ့စီးပွားရေးဗဟိုချက် (World's Economic centreofGravity) ဖြစ်လာ တဲ့အပြင် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းသစ် (New World Political Order) မဟာဗျူဟာမြောက်အရေးပါတဲ့ ဒေသတစ်ခုအဖြစ် သတ်မှတ်လာကြပါတယ်။ ဒါက တွေ့ရှိ ချက်၊ ဖြစ်ပေါ်နေတဲ့အခြေအနေပါ။ ဒီတော့ ဘာဖြစ်သလဲ။ ထာဝရအကျိုး စီးပွားဆိုတာ လည်းရှိ တာကို သတိပြုရမယ်။ လူတစ်ဦးဖြစ်ဖြစ် နိုင်ငံတစ်နိုင်ငံဖြစ်ဖြစ်၊ ဒေသတစ်ခုပဲဖြစ်ဖြစ် အရေးပါ မှုတွေ၊ အခွင့်အလမ်း (Opportunity)တွေရှိလာရင် အဲဒီအပေါ်မှာ အန္တရာယ်တွေ၊ ခြိမ်းခြောက်မှု (Threat) ဆိုတာတွေ ဒွန်တွဲပါလာမှာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ အရေးပါလာတဲ့ ဒေသအတွက် အားပြိုင်မှုတွေ ဖြစ်လာတယ်။

 

ဒီဒေသအတွင်း ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အခွင့်အလမ်းတွေအတွက် အဓိကအချက် အချာဒေသတစ်ခု ဖြစ်သော်လည်း မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုတွေကြောင့် ဒေသတွင်း နိုင်ငံရေးနဲ့ လုံခြုံရေးကို များစွာသက်ရောက်မှုတွေ ရှိလာခဲ့ပါတယ်။ ဒေသတွင်း အုပ်စုဖွဲ့မှုတွေနဲ့ ဒီအုပ်စုတွေအကြား ပြိုင်ဆိုင်မှုမြင့်မားလာတာဟာ သမားရိုးကျနဲ့ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေအဖြစ် ဖြစ်ပေါ်လျက်ရှိပြီး အဲဒီအဖြစ်အပျက်တွေဟာ ဒေသ ဖွံ့ဖြိုးတိုးတက်မှုအတွက် စိန်ခေါ်မှုတွေလည်းဖြစ်ပါတယ်။ ဒေသတွင်း အုပ်စုဖွဲ့လာမှုတွေ၊ စစ်ရေးချဲ့ထွင်လာမှုတွေ၊ အင်အားကြီးနိုင်ငံတွေရဲ့ မဟာဗျူဟာ၊ စီးပွားရေးဆိုင်ရာ ပြိုင်ဆိုင်မှု တွေနဲ့ လက်နက်အပြိုင် အဆိုင်တပ်ဆင်မှုတွေကြောင့် ဒေသတွင်းပဋိပက္ခတွေ ကြီးထွားလာ နိုင်ပါတယ်။ ဒါတွေကိုဘယ်လိုဖြေရှင်းမလဲ၊ နိုင်ငံရေးအရနဲ့ စီးပွားရေး အရ ဖြေရှင်းဖို့လိုကြောင်း ကျွန်တော်ပြောကြားခဲ့ပါတယ်။ နိုင်ငံရေး အရဆိုရင် နိုင်ငံတွေအနေနဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ တစ်ဒေသနဲ့ တစ်ဒေသ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ ကမ္ဘာပေါ် မှာရှိတဲ့ နိုင်ငံအားလုံးအနေနဲ့ မိမိတို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ထိန်းသိမ်း စောင့်ရှောက်နိုင်ဖို့အတွက် လိုအပ်သလို ကြိုးပမ်းဆောင်ရွက်နိုင်တဲ့ အခွင့်အရေးတွေ ရရှိပိုင်ဆိုင် ထား ကြပေမယ့်အဲဒီအခွင့်အရေးကိုတလွဲယူဆပြီး အင်အားပြခြိမ်းခြောက်မှု တွေနဲ့ အခြား နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိပါးမယ့် အပြုအမူတွေကို ရှောင်ရှား သင့်ကြောင်း၊ နိုင်ငံတိုင်းရဲ့ အချုပ်အခြာ အာဏာဆိုင်ရာ တူညီတဲ့အခွင့်အရေးကို လေးစားကြဖို့ ပြောကြားခဲ့ ပါတယ်။

 

စီးပွားရေးအရဆိုရင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြား မဟာဗျူဟာမြောက် အားပြိုင်မှု တွေမှာ စီးပွားရေးအရ ပေါင်းစည်းမှုရှိဖို့ ကြိုးပမ်းအားထုတ်မှုတွေဟာလည်း အရှ-ပစိဖိတ် ဒေသရဲ့ ကောင်းမွန်တဲ့ အနာဂတ်ကို ပုံဖော်ပေးမယ့် အချက်တစ်ချက် ဖြစ်ပါတယ်။ စီးပွားရေး အရ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းဖြင့် နိုင်ငံတွေအကြား မတူကွဲပြားမှုတွေကို လျှော့ချပေး နိုင်မှာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ဖြစ်စဉ်(Globalization Press)ကို ပြန်လည် ပုံဖော်နိုင်မှာ ဖြစ်တဲ့အပြင် ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအစီစဉ် (UN Sustainable Development Goal)ကို များစွာ အထောက်အကူ ရရှိနိုင်မှာဖြစ်ကြောင်းနဲ့ တရုတ် နိုင်ငံအနေနဲ့လည်း ရပ်ဝန်းနဲ့ လမ်းကြောင်းစီမံကိန်းကို ဖော်ဆောင်ပြီး အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံတွေနဲ့ ပူးပေါင်းတော်ရွက်ကိုင့်တင်ဆောင်ရွက်လျက်ရှိတာကိုပြောကြားခဲ့ပါတယ်။ ဒီကြား ထဲမှာ ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့အခြေအနေတွေ ကတော့ ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပေါ်နေတာရှိပါမယ်။ နိုင်ငံရေးမှ မဟုတ်ဘူး၊ စီးပွားရေး၊ လူမှုရေးအရ ရိုက်ခတ်မှုတွေလည်းရှိပါတယ်။ ကျွန်တော် တို့နိုင်ငံမှာလည်း ရှိနေပါတယ်။ ဒါကို နိုင်ငံတော်၊ တပ်မတော်နဲ့ ပြည်သူတို့ ပူးပေါင်းကျော်လွှားနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ နောက်တစ်ခုက အမေရိကန်အနေနဲ့ အာဖဂန်ကနေတပ်တွေဆုတ်နေ တဲ့ ကိစ္စပါပဲ။ ဘယ်လို ရည်ရွယ်ချက် ရှိသလဲဆိုတာ အမျိုးမျိုးခန့်မှန်း ပေမယ့် ဒေသတွင်းတည်ငြိမ်လုံခြုံမှု အတွက် တော့ ထိခိုက်စေမှာ ဖြစ်ပါတယ်။

 

မေး ။ ။ ဗိုလ်ချုပ်မှူးကြီးနဲ့ ပထမအကြိမ် မေးမြန်းခွင့်ရခဲ့တဲ့အင်တာဗျူးနဲ့ ယခုတစ်ကြိမ်အကြား ကာလအတွင်းမှာ မြန်မာနိုင်ငံအတွင်း ပြည်တွင်းရေးအခြေအနေကိုသာမက နိုင်ငံတကာ အသိုင်းအဝိုင်းပါ လှုပ်ခတ်သွားစေခဲ့တဲ့ ဖြစ်ပေါ်တိုးတက်မှုများစွာ ရှိခဲ့ပါတယ်။ ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလအထွေထွေရွေးကောက်ပွဲကာလ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နိုင်ငံအား အရေးပေါ်အခြေ အနေကြေညာခြင်း အစရှိတာတွေနဲ့အတူ တပ်မတော်အနေနဲ့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဝင်ရောက်ထိန်းသိမ်း ကာကွယ်ရသည်အထိ ဖြစ်လာခဲ့တဲ့ ဖေဖော်ဝါရီ လ နိုင်ငံရေးအကျပ်အတည်းတွေ အားလုံးရဲ့ အဓိကအကြောင်းအရင်းမှန်ဟာ ဘယ်အရာ များပါလဲ။

 ဖြေ ။ ။ အဓိကအကြောင်းအရင်းကတော့ မဲမသမာမှုပါ။ ဒီမိုကရေစီကျင့် သုံးကြတဲ့နိုင်ငံတိုင်းမှာ ရွေးကောက်ပွဲက အဓိက ပဲလေ။ ရွေးကောက်ပွဲကမှတစ်ဆင့် ပြည်သူကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေက လွှတ်တော်ထဲရောက်လာကြတာပါ။ ကျွန်တော် တို့နိုင်ငံမှာ အခြေခံ ဥပဒေအရ ထူးခြားချက်က အဲဒီလွှတ်တော် ကိုယ်စားလှယ်တွေကပဲ သမ္မတရွေးချယ်ကြတယ်။ အဲဒီသမ္မတက အစိုးရဖွဲ့စည်းတယ်။ ဒီလွှတ်တော်ကိုယ်စားလှယ်တွေဟာ မဲမသမာမှုနဲ့ ဖြစ်လာ တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဆိုရင် လွှတ်တော်ရော၊ အစိုးရရော နှစ်ခုလုံးက ပြည်သူကို ဘယ်လိုမှန်ကန်စွာကိုယ်စားပြုမလဲ။ ဒါဆို နိုင်ငံတော်မှာရှိတဲ့ ဥပဒေပြုရေး မဏ္ဍိုင်(လွှတ်တော်) နဲ့ အုပ်ချုပ် ရေးမဏ္ဍိုင်(အစိုးရ) တို့ဟာ ယိုင်နဲ့သွားပြီး နိုင်ငံတစ်ခုမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်တွေအနက် နှစ်ခု ပြိုလဲသွားပြီဗျာ ဒါ့အပြင် ကျွန်တော်တို့နိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင်ဟာလည်း တရားသူကြီးချုပ်တွေ သက်တမ်းကုန်ရင် သမ္မတက အဆိုပြုရ တယ်။ လွှတ်တော်က အတည်ပြုတယ်။ ကုန်ပြီဗျာ။ မဏ္ဍိုင်သုံးရပ်လုံးက မဲမသမာမှုရလဒ်နဲ့ ဖြစ်လာတဲ့အပေါ်အခြေခံရင် ကျွန်တော်တို့ ပြည်သူလူထုက ရည်မှန်းထတဲ့ စစ်မှန် စည်းကမ်း ပြည်ဝတဲ့ ပါတီစုံဒီမိုကရေစီ ဘယ်လိုလုပ်ဖြစ်မလဲ။

 ဖြေ ။ ။ ကျွန်တော့်အနေနဲ့ ရွေးကောက်ပွဲမစမီကတည်းက သက်ဆိုင်ရာအစိုးရကိုရာ၊ ပုဂ္ဂိုလ်တွေကို တရားဝင် ကြေညာချက်တွေထုတ်ပြီး သတိပေးခဲ့ပါတယ်။ ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက ရွေးကောက်ပွဲအခင်းအကျင်းတွေ၊ မဲဆွယ် စည်းရုံးမှုတွေ ကြိုတင် ဆန္ဒမဲ ပေးမှုတွေဟာ မျှတမှုမရှိတာကို တရားဝင် ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲပြီးတော့လည်း ဒီဇင်ဘာလ ၂၃ ရက်နေ့ကစပြီး ကျွန်တော်တို့မဲစာရင်း စစ်ဆေးချက်တွေအရ မဲမသမာမှုဖြစ်နိုင် တယ် ဆိုတာ စာရင်းဇယားနဲ့ စတင်ထုတ်ပြန်ခဲ့ပါတယ်။ ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ တပ်မတော်သတင်းစာ ရှင်းလင်းပွဲတွေပြုလုပ်ပြီး မီဒီယာတွေအားလုံးရှေ့မှာ သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ရှင်းလင်းပြသခဲ့ပါတယ်။ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါ တယ်။ ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ ညှိနှိုင်းခဲ့ ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းဖို့ နည်းလမ်း၊ လွှတ်တော် က ဖြေရှင်းပေးဖို့နည်းလမ်း၊ အစိုးရက ဖြေရှင်းပေးဖို့နည်းလမ်း အားလုံး ကို ပြောကြားခဲ့ပေမယ့် ဖြေရှင်းမပေးပါဘူး။ နောက်ဆုံးမှာ ကျွန်တော်ကိုယ်တိုင် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို စာရေးပြီး ပြောကြားခဲ့ပါတယ်။ ဇန်နဝါရီလကုန်ပိုင်းမှာ အစိုးရက တာဝန်ရှိသူ ဝန်ကြီးတစ်ဦးနဲ့ ညွှန်ကြားရေးမှူးချုပ်တို့ကျွန်တော့်ကိုလာတွေ့တယ်။ ဒီမဲမသမာမှု ကိစ္စကို ဖြေရှင်းပေးဖို့ ဖြစ် နိုင်တဲ့နည်းလမ်းတွေ ပြောပြခဲ့ တယ်။ ဒါပေမယ့် ဒါတွေကို ဖြေရှင်းမပေးဘဲ ဖေဖော်ဝါရီလ ၁ ရက် နေ့မှာ မဲမသမာမှုနဲ့တက်လာတဲ့ လွှတ်တော်ကိုခေါ်ပြီး နိုင်ငံတော် အာဏာကို အဓမ္မနည်းနဲ့ရယူဖို့ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် အခြေခံဥပဒေအရ အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော် တာဝန်ကို ထိန်းသိမ်းကာကွယ်ခဲ့ရပါတယ်။ အခု ကျွန်တော်တို့ နိုင်ငံတော်တာဝန်ကို ရယူပြီးနောက်မှာ တစ်မြို့နယ်ချင်းအလိုက် မဲစရင်းတွေကို ရွေးကောက်ပွဲကော်မရှင်အသစ်နဲ့ အသေးစိတ်စစ်ဆေး ခဲ့ပါတယ်။ မဲမသမာမှုပေါင်း ၁၁ သန်းကျော် ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။ ကျွန်တော်တို့ ဥပဒေနဲ့အညီ ဆက်လုပ်ပါမယ်။

 

မေး ။ ။ နိုင်ငံတကာသတင်းမီဒီယာများဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်လျက်ရှိတဲ့ အခြေအနေတွေနဲ့ ပတ်သက် လို့ အဖျက်သဘောဆောင်တဲ့ သတင်းအမှားတွေကိုသာ ရေးသား ထုတ်လွှင့်နေကြပြီး လိုအပ်တဲ့အချက်အလက်တွေကိုလည်း ပြည်တွင်း မှာရှိတဲ့တိုင်းပြည်ကို မတည်မငြိမ်ဖြစ်စေလိုတဲ့အဖျက်သမားအုပ်စုထံမှ ရရှိနေတာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ လက်ရှိ အာဏာပိုင်အစိုးရအနေနဲ့ ကမ္ဘာ့သတင်းမီဒီယာများကို ဖြစ်စဉ်အမှန် သတင်းအမှန်ရရှိနိုင်ရေး ဘယ်လိုလုပ်ငန်းစဉ်တွေ စီစဉ်ဆောင်ရွက် သွားဖို့ရှိပါသလဲ။ နာမည်ကျော်ကြားလူကြည့်များတဲ့ သတင်း အချက်အလက်စီးဆင်းမှုမီဒီယာတွေမှာ ကိုယ်ပိုင် သတင်း ဌာနဖွင့်ခြင်း၊ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခြင်းနဲ့ Presentation ပြုလုပ် ဖြေကြားခြင်းများ၊ တရားဝင်သတင်းထုတ်ပြန်ချက်များ ပြုလုပ်သွားဖို့ရော အစီအစဉ်ရှိပါ သလား။

ဖြေ ။ ။ ဒါကတော့ ခုမှမဟုတ်ပါဘူး။ ယခင်ကတည်းကပါ။ပြောရရင် တပ်မတော်က နိုင်ငံတော်တာဝန်ရယူခဲ့ရတဲ့ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်ကတည်းကပါ။ နိုင်ငံက ဆိုရှယ်လစ်စနစ်ကျင့်သုံးလာတဲ့ ကာလတစ်လျှောက်လုံးမှာလည်း ဒီလိုပဲ အဖျက် သဘောဆောင်တာတွေ တောက်လျှောက်ရေးခဲ့ကြ ပါတယ်။ အဓိက ကတော့ အစိုးရကို မလိုလားသူတွေ တည်ထောင်ထား တဲ့၊ ထောက်ပံ့မှုပေးထားတဲ့ မီဒီယာတွေပါပဲ။ ၁၉၈၈ ခုနှစ်မှာ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရက နိုင်ငံကို မထိန်းနိုင်တော့ဘဲ နိုင်ငံတော်ပြိုကွဲ ပျက်စီးမယ့်အရေး အင်အားကြီးနိုင်ငံကြီးတစ်ခုရဲ့ ရေတပ်သင်္ဘော အုပ်စုတစ်စု မြန်မာ့ရေ ပိုင်နက်ထဲထိ ဝင်လာခဲ့ပြီး နေက်ပိုင်း တပ်မတော်က နိုင်ငံတော်တာဝန်ယူပြီးတဲ့အချိန်မှာ မြန်မာနိုင်ငံအပေါ်ဝါဒဖြန့်ချိဖို့ အစိုးရကို မလိုလားတဲ့နိုင်ငံတွေကပဲ ပြည်ပအခြေစိုက် သတင်းဌာန တွေ၊ အသံလွှင့်ဌာနတွေကို ထပ်မံတိုးချဲ့ဆောင်ရွက်ပြီး မီဒီယာနဲ့ စတင်တိုက်ခိုက်ခဲ့ ပါတယ်။ ၂၀၁၁ နောက်ပိုင်း တပ်မတော်အစိုးရက ဦးဆောင်ပြီး နိုင်ငံတော်ကို ပါတီစုံ ဒီမိုကရေစီ စနစ်လမ်းကြောင်းပေါ် တင်ပေးခဲ့တယ်။ သမ္မတ ဦးသိန်းစိန်အစိုးရ ၂၀၁၀ ရွေးကောက်ပွဲကနေ တက်လာခဲ့တယ်။ အဲဒီမှာလည်း အစိုးရကို မလိုလားတဲ့နိုင်ငံတွေက တည်ထောင်ထားတဲ့ မီဒီယာတွေ၊ သူတို့ နေက်ကွယ်က ထောက်ပံ့အားပေးနေတဲ့ မီဒီယာတွေအတွက် ရုံးခွဲတွေဖွင့်လှစ်တယ်၊ မီဒီယာအသစ် ထပ်မံထောင်တာတွေ ပေါ်လာ ခဲ့တယ်။ ၂၀၁၁ ကနေ ၂၀၁၅ အထိ အစိုးရဟာ တိုင်းပြည်ကို ဒီမိုကရေစီ အလေ့အကျင့်ကောင်းတွေရအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အကောင်းမပြောခံရသလို အကောင်းလည်း မရေးခံရဘူး။ ဘာလို့လဲဆိုတော့ သူတို့လိုချင်တဲ့အစိုးရ မဟုတ်လို့ပါ။ သူတို့က မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကာ၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်တာထက် သူတို့လိုချင်တဲ့အစိုးရ အုပ်ချုပ်စေချင်တာ၊ လွှမ်းမိုးချုပ်ကိုင် လိုတာပဲ ဖြစ်ပါတယ်။ မီဒီယာပိုင်းနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဝန်ခံလိုတာက ကျွန်တော်တို့ အားနည်းခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ကျွန်တော်တို့ မှန်တာတွေ လုပ်နေတယ်။ နိုင်ငံတော်နဲ့ပြည်သူအပေါ်မှာ စေတနာထားတယ်။ ဒါကြောင့် မဟုတ်တာတွေ ရေးနေတဲ့မီဒီယာတွေ အပေါ်ဘာမှဖြေရှင်း နေစရာမလိုဘူးလို့ မှတ်ယူခဲ့တယ်။ ဒါပေမယ့် ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ ကျွန်တော်တို့ထင်သလောက် ရိုးသားမှုမရှိခဲ့ဘူး။ ဒါကို ပြုပြင်ပြောင်းလဲဖို့ ကျွန်တော်တို့ကြိုးစားခဲ့တယ်။ လုပ်ဆောင် နေပါတယ်။ သတင်းစာ ရှင်းလင်းပွဲတွေ၊ သတင်းမှန်ထုတ်ပြန်မှုတွေ၊ ကျွန်တော်ကိုယ်တိုင်နဲ့ တာဝန်ရှိသူတွေ Interview တွေ လုပ်နေပါ တယ်။ ဒါပေမယ့် ထိုးဖောက်နိုင်မှု အားနည်းနေဆဲပါ။ ကျွန်တော်တော် တို့နိုင်ငံနဲ့ အဖွဲ့အစည်းအပေါ် နားလည်မှုရှိတဲ့နိုင်ငံတွေ၊ သတင်းဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် လျက်ရှိပါတယ်။ ဆက်လက်ဆောင်ရွက်သွားပါမယ်။

မေး ။ ။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက်ချက်ချင်းဆိုသလိုပဲ ဆိုဗီယက်ပြည်ထောင်စုနဲ့ သံတမန် လုပ်ငန်းကိစ္စရပ်များကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ ၇၃ နှစ်ကြာ ရုရှား-မြန်မာချစ်ကြည်ရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနဲ့ သံတမန်ဆက်ဆံရေး ကိစ္စနဲ့ပတ်သက်ပြီးဘယ်လိုမှတ်ချက်မျိုး ပေးလိုပါသလဲ။

ဖြေ ။ ။ ကျွန်တော်တို့ဟာ ပထဝီအနေအထားအရ အနေဝေးပေမယ့် စိတ်ချင်း နီးစပ်ထိကပ်နေ တဲ့ နိုင်ငံတွေပါ။ သမိုင်းကြောင်းအရလည်း ထိတွေ့ဆက်ဆံမှုများခဲ့ပါတယ်။ ကျွန်တော် အနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင် နေစဉ်ကတည်းက ရုရှားနိုင်ငံနဲ့ တပ်မတော်ချင်းဆက်သွယ်၊ ဆက်ဆံမှု မြှင့်တင်နိုင်ဖို့၊ နောက်တစ်ဆင့် နိုင်ငံချင်း၊ ပြည်သူချင်း ဆက်သွယ်၊ ဆက်ဆံမှုမြှင့်တင်နိုင်ဖို့အတွက် အစဉ်တစိုက် ဆောင်ရွက်ခဲ့ပါတယ်။

အခုတော့ ပိုမိုနီးစပ်၊ နီးကပ်တဲ့ ဆက်ဆံရေးမျိုး ရရှိနေပါပြီ။ ဒီလောက် နဲ့ ကျေနပ်မနေဘဲ ဒီထက်ပိုတဲ့ မြှင့်တင်မှုတွေကို ကဏ္ဍစုံ ဆက်လက်ဆောင်ရွက်သွားပါမယ်။

မေး ။ ။ ဗိုလ်ချုပ်မှူးကြီး ထင်မြင်သုံးသပ်သလိုပါပဲ။ ဆိုဗီယက်ပြည်ထောင်စုအနေနဲ့ မြန်မာ နိုင်ငံနဲ့ဆက်ဆံရေးမှာ စီးပွားကူးသန်းရေးကို အထူးအလေးပေး ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိ မျက်မှောက်ခေတ်ကာလမှာတော့ စိတ်မကောင်းစွာဘဲ မြန်မာနိုင်ငံရဲ့ ပြည်ပကူးသန်း ရောင်းဝယ်ရေး အဓိကမိတ်ဖက်နိုင်ငံ တွေထဲမှာ ရုရှားနိုင်ငံ မပါဝင်နိုင်သေးတာကို တွေ့ရှိရ ပါတယ်။ ဒီအခြေအနေတွေကို ပြောင်းလဲနိုင်ဖို့တွက် ဘယ်လိုလုပ်ငန်းစဉ် တွေကို မဖြစ်မနေ ပြုလုပ်ဆောင်ရွက်သင့်တယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ ကျွန်တော် ရုရှားရောက်ခဲ့စဉ်မှာ ဒါကို အလေးထားပြီးဆွေးနွေးဖြစ်ခဲ့ပါတယ်။ အခု ကျွန်တော်တို့ချစ်ကြည်ရေး အဖွဲ့မှာ ကဏ္ဍပေါင်းစုံက ဌာနဆိုင်ရာတာဝန်ရှိသူတွေ ပါပါတယ်။ သူတို့လည်း ခင်ဗျားအခုပြေတဲ့ စီးပွားကူးသန်းရေးဆိုင်ရာကိစ္စတွေ၊ ခရီးသွားလာရေး လုပ်ငန်း တွေ၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ၊ ယဉ်ကျေးမှုဖလှယ်ရေးလုပ်ငန်းတွေကို ဆွေးနွေး နေကြပါတယ်။ အဓိကက ကုန်သွယ်မှုမြှင့်တင်ခြင်းနဲ့ ခရီးသွားလာမှုမြှင့်တင်ရေးပဲ ဖြစ်ပါတယ်။ အခု ဒီဆွေးနွေးနေတဲ့လုပ်ငန်းစဉ်တွေဟာ နှစ်နိုင်ငံဆက်သွယ်၊ ဆက်ဆံရေးအတွက် အရေးပါတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ မဖြစ်မနေ ပြုလုပ်သင့်တဲ့လုပ်ငန်းတွေဆိုတာထက် မဖြစ်မနေပြုလုပ် ရမယ့် ဆောင်ရွက်ချက်ကတော့ အဖြစ်နိုင်ဆုံးလုပ်ငန်း၊ နှစ်ဦးနှစ်ဖက် စလုံး အကျိုးဖြစ် ထွန်းမယ့်လုပ်ငန်းတွေကို လက်တွေ့ကျကျမြန်မြန် စတင်နိုင်ဖို့ပါပဲ။ ဘယ်လုပ်ငန်းဖြစ်ဖြစ် ပထမဆုံးခြေလှမ်းက အရေးအကြီးဆုံးပါပဲဗျာ။

 

မေး ။ ။ ရုရှားနဲ့ မြန်မာနှစ်နိုင်ငံအကြား နယ်ပယ်ကဏ္ဍပေါင်းစုံမှာတက်ကြွစွာ တိုးမြှင့် ဆောင်ရွက် လာဖို့ နှစ်ဦးနှစ်ဖက် ဆန္ဒရှိတာနဲ့ပတ်သက်ပြီး အပြည့်အဝ ယုံကြည်ထောက်ခံ မိပါတယ်။ ဒီနေရာမှာ အားမလိုအားမရဖြစ်စရာလေးတွေရှိနေပြီး ဥပမာ အနေနဲ့ဆိုရရင် မြန်မာ နိုင်ငံဟာအပြည့်အဝဖွင့်လှစ်ထားခြင်း မရှိသေးတဲ့အတွက် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းအတွက် ထင်သလောက် ခရီးမရောက် ဖြစ်နေပါတယ်။ ဗိုလ်ချုပ်မှူးကြီး ပြောသွားတဲ့ အရေးကြီးလှတဲ့ ပထမခြေလှမ်းဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် အဓိကသော့ချက်ဟာ ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် ဆောင်ရွက်ပေးခြင်း ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ရုရှား လူမျိုးတို့အနေဖြင့် အလည်အပတ်သွားရောက်ရန်အတွက်ရော ပုဂ္ဂလိက စီးပွားရေး လုပ်ငန်း တွေအတွက်ပါ မြန်မာနိုင်ငံကို အမှန်တကယ် နှစ်ခြိုက်သဘောကျကြပါတယ်။ ဒါပေမယ့်ဗီဇာ လျှောက်ထားဖို့ လိုအပ်လာတဲ့ အခက်အခဲများကြားမှာ သူတို့အနေနဲ့ နှစ်ပေါင်းကြာမြင့်စွာ သီးခြားပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားဖို့မလိုအပ်တဲ့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများကိုသာ ရွေးချယ်သွားလာနေကြ တာကို တွေ့မြင်နေရပါတယ်။

ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ရုရှား-မြန်မာနှစ်နိုင်ငံအကြား ပြည်ဝင်ခွင့် ဗီဇာမလိုအပ်တဲ့ နှစ်နိုင်ငံ သဘောတူညီချက်မျိုး ရရှိနိုင်ရေး ဆန္ဒပြုဆောင်ရွက်ပေးနိုင်ပါသလား။ ရုရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနကို ချိတ်ဆက်ပြီး အဆိုပါ ညှိနှိုင်းဆော်ရွက်မှုမျိုးပြုလုပ်သွားဖို့ အစီအစဉ် ရှိပါသလား။ ဒီလိုပြုလုပ်ပေးနိုင်မယ်ဆိုရင် နိုင်ငံနဲ့ ပြည်သူနှစ်ရပ်လုံး အတွက် အမှန်တကယ် အကျိုးကျေးဇူးဖြစ်ထွန်းစေမှာပဲ ဖြစ်ပါတယ်။

ဖြေ ။ ။ ဒီလိုအကြံပြုတာကို ကျေးဇူးတင်ပါတယ်။ အတတ်နိုင်ဆုံးဆောင်ရွက်ပေးပါမယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာလှည့်ခရီး သွား အရင်းအမြစ်တွေကြွယ်ဝတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ရှေးဟောင်းသမိုင်းဝင်စေတီပုထိုးတွေ ဗုဒ္ဓဘာသာဆိုင်ရာစာသင်တိုက်တွေ၊ တရားစခန်းတွေ၊ လှပတဲ့ပင်လယ်ကမ်းခြေတွေ၊ ရေခဲတောင်တွေ၊တောတောင်ရေမြေ ရှုခင်းတွေရှိပါတယ်။ ရုရှားနိုင်ငံသားတွေအနေနဲ့ မတူညီတဲ့ရှုခင်းတွေ၊ ယဉ်ကျေးမှု အမွေအနှစ်တွေ၊ ဓလေ့ထုံးစံတွေနဲ့ အစားအသောက်တွေကို လေ့လာနိုင်ဖို့အတွက် ဖိတ်ခေါ်လိုပါတယ်။

ယခုလိုဖိတ်ကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီးရဲ့ ကိုယ်တိုင် ကိုယ်ကျ ဖိတ်ကြားမှုကို အလေးထားတဲ့ အနေနဲ့ ကျွန်မကိုယ်တိုင် ဒီလိုသာယာလှပပြီး ပြီးပြည့်စုံလှတဲ့ မြန်မာနိုင်ငံကို လာလည်ချင်ပါတယ်။လာခဲ့ပါဗျာ။ ဆွေမျိုးမိတ်ဆွေရင်းအချာ များလို ဝမ်းမြောက် ဝမ်းသာစွာ စောင့်ကြိုနေပါ့မယ်။

(ဆက်လက်ဖော်ပြပါမည်)

အောင်ကျော်မိုး




No comments:

Post a Comment