စစ်တွေ ဩဂုတ် ၂၇
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဝယ်ယူထားသည့် Plant Form Crane ကားများအား ခရိုင် လေးခရိုင်သို့ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရုံးအတွင်း၌ ကျင်းပသည်။
ရှေးဦးစွာ
Plant Form Crane ကားများ စမ်းသတ်မောင်းနှင်မှု၊ ကားများကြံ့ခိုင်မှုတို့အား ပြည်နယ်လုံခြုံရေးနှင့်
နယ်စပ် ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး ကျော်သူရ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊
ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာမှူး ဦးမျိုးဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
အဆိုပါ
ကားများကို ရခိုင်ပြည်နယ်အတွင်းရှိ မောင်တောခရိုင်၊ မြောက်ဦးခရိုင်၊ ကျောက်ဖြူခရိုင်နှင့်
သံတွဲခရိုင်များတွင် လျှပ်စစ်ဓာတ်အားလိုင်းများ
ပြန်လည်ပြုပြင်ထိမ်းသိမ်းရာတွင် အသုံးပြုနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်
ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကားတစ်စီးကိုငွေကျပ် ၄၄ ဒသမ ၅ သန်းဖြင့်(၃) စီးနှင့် ကျန်တစ်စီးကို ငွေကျပ်
၄၄ သန်းဖြင့် စုစုပေါင်း လေးစီးဝယ်ယူပြီး ခရိုင်များသို့ လွှဲပြောင်းပေးအပ်ခြင်းဖြစ်သည်။
၎င်းကားများမှာ
TOYOTA DYNA အမျိုးအစားနှစ်စီးနှင့် HINO
DUTRO ကားအမျိုး အစားနှစ်စီး ဖြစ်ပြီး အဆိုပါ ကားများကို ရခိုင်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ
ခရိုင်ရုံးများသို့ ဆက်လက်လွှဲပြောင်း ပို့ဆောင်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။
တင်ထွန်း
No comments:
Post a Comment