Friday, August 27, 2021

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ မိုင်းပျဉ်း မြို့ဓါတ်အားခွဲစက်ရုံ နှင့် ကျိုင်းတုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တွေ့ဆုံ





မိုင်းပျဉ်း         သြဂုတ်    ၂၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်(၇)နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ နယ်ပင်မဓာတ်အားခွဲစက်ရုံအားသွား ရောက်ကြည့်ရှုရာ တာဝန်ရှိခွဲရုံမှူးမှ ဓာတ်အားခွဲရုံနှင့်ပတ်သက်၍ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ လျှပ်စစ်မီးလင်းရေး အတွက်(၃၀%) ရာခိုင်နှုန်းရရှိရန်နှင့်ကျေးလက်၊ မြို့ပြကွာဟာမှုမရှိစေရေးမှာ ကြားပါကြောင်းနှင့် မက်မန်းခရိုင်လည်း လျှပ်စစ်မီးရရှိပါကအဆင်ပြေမည်ဖြစ်ကြောင်း ရှမ်းအရှေ့ပိုင်းအတွက် လျှပ်စစ်မီး ပိုမိုရရှိနိုင်အောင် ဆောင်ရွက်ပေးရန် ဖြည့်စွက်မှာကြားပြီးဓာတ်အားခွဲရုံ အားလှည့်လည်ကြည့်ရှု ကြောင်းသိရသည်။

ဆက်လက်၍ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခေမရဋ္ဌ်ရိပ်သာ အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ကျိုင်းတုံခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံရာရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက သဘာဝဘေးနှင့်  ပတ်သက်၍ လုပ်ငန်းညှိနှိုင်းများဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားထားသောကြောင့် မိမိတို့သည် တောင်ကြီးမြို့တွင် တိုင်းမှူးနှင့်အတူ တစ်ပတ်(၁)ကြိမ် အစည်းအဝေးပြုလုပ်ပါကြောင်း၊ ရှမ်းအရှေ့အလယ်ပိုင်း တိုင်းတွင်လည်းတိုင်းမှူးနှင့်အတူ အစည်းအဝေးပြုလုပ်ပြီး ယခုလည်းကျိုင်းတုံတွင်ကျင်းပ ခွင့်ရသည့်အတွက် ဝမ်းသာပါကြောင်း၊ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ မှာကြားချက် အတိုင်းနိုင်ငံတော်၏ online ဖြင့် ဆောင်ရွက်ရမှုမှာ(၉)ကြိမ်ရှိပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာရှိ မြန်မာနိုင်ငံတိုင်းဒေသကြီး၊ ပြည်နယ်များတွင်ကျရောက် နိုင်သည့်သဘာဝဘေးအန္တရာယ်များကို ကြိုတင်ဆောင်ရွက်ထားရန်ညွှန် ကြားပါကြောင်း၊ ဒေသအလိုက်ဖြစ် တတ်သည့်သဘာဝဘေးကိုကြိုတင် ပြင်ဆင်ရန်မှာလိုက်ပါကြောင်း၊နိုင်ငံ တော်၏မှာကြားချက် ဖြစ်ပါကြောင်း ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ အဆင့်ဆင့်ဆောင်ရွက်သည့်အခါ ကျိုင်းတုံမြို့သည် အခြေအနေဆိုးသည့်အနေအထား ရောက်ပါကြောင်း၊ stay at homeဆောင်ရွက်မည်ဆိုပါက သတ်မှတ်သည့် SOP အတိုင်းလိုက်နာကြရန် သက်ဆိုင်ရာအဖွဲ့ အစည်းနှင့်ညှိနှိုင်းရန်မှာ ကြားလိုက်ပါကြောင်း၊ အောက်စီဂျင်နှင့် ပတ်သက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွက် ဖုံလုံနိုင်ရန် အခြေအနေကောင်းပါကြောင်း၊ မိုင်းဆတ်ကို အောက်စီဂျင်စက်(၁) လုံးပေးပို့မည်ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်ပိုလျှံနေပါ ကြောင်း၊ ကုန်စည်စီးဆင်းမှုလုံးဝပြတ် လပ်မှုမရှိစေရေး မှာကြားလိုက်ပါ ကြောင်း၊ အဓိကမှာစိုက်ပျိုးရေး၊ မွေးမြူ ရေးနိုင်ငံဖြစ်သည့်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် မှာကြားချက်မှာမိမိ တို့ဒေသသည်စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ပတ်သက်သည့် ပစ္စည်းများဈေးတင်ရောင်းမှုမျိုး မဖြစ်စေရန်မှာ ကြား လိုက်ပါကြောင်း၊ကျိုင်းတုံဒေသတွင် ထွက်ကုန်ဖုံလုံမှုရှိသည့်ကို သိရပါကြောင်း၊ ရှမ်းပြည်နယ်၏ ပထမထွက် ကုန်မှာစပါး၊ ဒုတိယပြောင်း၊ တတိယ အာလူးဖြစ်ပြီး(၃)မျိုး အဓိကထုတ် လုပ်ပါကြောင်း၊ မွေးမြူရေးကဏ္ဍတွင်လည်း သက်ဆိုင်ရာမွေးမြူရေးလုပ်ငန်းရှင်များ ခေါ်တွေ့ပါရန်နှင့်ကြက်ဥ ကိုမည်ကဲ့သို့ဖြန့်ချီနေသည်ကိုသိလို ပါကြောင်း၊ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွင်လည်းကြက်ဥဖြန့်ချီမှုကို သိရှိလိုပါကြောင်း၊ မိမိတို့အနေဖြင့်ရှမ်းပြည် နယ်အရှေ့ပိုင်းကို လာရောက်ခြင်းမှာ ဒေသရှိပြည်သူနှင့် ဝန်ထမ်းများကို လာရောက်အားပေး၍ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ပူးပေါင်းဆောင် ရွက်ရန်ရည်ရွယ်ချက်ဖြင့် လာရောက်ပြီး လိုအပ်သည်များရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေးရန် နှင့်ပြည်နယ်၊ ခရိုင်မှူးများကို လိုအပ်သည်များရှိပါက ဆောင်ရွက်ပေးရန်ပြောကြားသွားသည်။

ဆက်လက်၍တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်မျိုးမင်းထွန်းက ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) သဘာဝ ဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဆိုင်ရာများအား ရှင်းလင်းတင်ပြကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ကုသရေးဆိုင်ရာများ ရှင်းလင်း၍ အခမ်းအနားတက်ရောက် လာသူများမှ အထွေထွေဆွေးနွေးကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကား ပြောကြား ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်တာဝန်ရှိသူများသည် ဝမ်တာပင်း နယ်စပ်စစ်ဆးရေးဂိတ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျိုင်းတုံ-မိုင်းမ-မိုင်းလားလမ်း ၈၇.၅၀KM ဖောက်လုပ်ပြီးစီးမှုအား လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းရာပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်မှာကြားပြီး ယန်းကျိန်ကျေးရွာအုပ်စု၊နောင်ငစ်ကျေးရွာ၊ ကျိုင်းတုံမြို့တွင် တောင်သူ များအားစိုက်ပျိုးရေးသွင်းအားစုများထောက်ပံ့ပေးအပ်၍ဓာတ်မြေသြဇာ ကြဲပက်ခြင်း ကွင်းလက်တွေ့ သရုပ်ပြသမှုကိုကြည့်ရှုကြောင်းနှင့် အဆိုပါ မိုးစပါးသီးနှံ စိုက်ပျိုးမှုမှာ လျာထားဧက (၄၇၅၇၅) ဧက ဖြစ်ပြီး စိုက်ပျိုး ဧက (၄၇၉၂၃) စိုက်ပျိုးခဲ့ကြောင်းသိရသည်။

ထို့နောက် မိုင်းလင်းအနောက်ကျေးရွာအုပ်စုရှိ ဓာတ်စွမ်စိုင့်ဟိုနမ့် တောရဝိပဿနာကမ္မဌာန်း ကျောင်းတိုက်၏ မဟာမင်္ဂလဓမ္မဇောတိကဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မိုင်းလင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိမလအန္တိမအဂ္ဂိဈာပနာအခမ်းအနားသို့ ဝစီပိတ်ဆရာတော် ၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်မျိုးမင်းထွန်း ၊ ပြည်နယ်ဝန်ကြီးများတက်ရောက်ကာ ဆရာတော်အားရည်စူး၍ သင်္ကန်း များဆက်ကပ်လှူဒါန်း ပေးကြကြောင်း သိရှိရသည်။

 မောင်မောင်သန်း(တောင်ကြီး)

 

 

No comments:

Post a Comment