Sunday, August 22, 2021

ကွမ်းလုံမြို့နယ် ကြက်ခြေနီအသင်းခွဲသို့ oxygen concentrator (၅)လုံးလှူဒါန်း

 


 

ကွမ်းလုံ  ဩဂုတ် ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် ကွမ်းလုံမြို့နယ်တွင် မြို့နယ်ကြက်ခြေနီ အသင်းခွဲအား မြန်မာနတ်သမီး ပညာရေးဖောင်းဒေးရှင်းမှ oxygen concentrator(၅)လုံးကို ယနေ့နံနက် ၁၁နာရီအချိန်က အဆိုပါအသင်းခွဲရုံးခန်းမတွင် ပေးအပ်လှူဒါန်းခဲ့ကြသည်။

မြန်မာနတ်သမီးဖောင်ဒေးရှင်းသည် အမှန်တကယ်လိုအပ်နေသော လူနာများအသုံးပြုနိုင်ရန်အတွက် ကြက်ခြေနီအသင်းသို့ လှူဒါန်းခြင်းဖြစ်ပြီး အသင်းအနေဖြင့်လည်း ကျန်းမာရေးဌာနနှင့်ပေါင်းစပ်၍ လိုအပ်သည့်နေရာများသို့ အရောက်ပို့ဆောင်ကူညီဆောက်ရွက်သွားမည်ဖြစ်ကြောင်း၊ ကွမ်းလုံတစ်မြို့လုံးသို့ လူသားအကျိုးပြုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နေမည်ဖြစ်ပြီး လိုအပ်သည့် အကူအညီများကိုလည်း ပေါင်းစပ် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးစောသန်းလွင်မှ ပြောကြားခဲ့သည်။အဆိုပါ oxygen concentrator (၅)လုံးမှာ စုစုပေါင်းတန်ဖိုးငွေ (၇၅)သိန်းဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment