Sunday, August 22, 2021

ရိုးသားစွာ ဆန္ဒဖော်ထုတ်သူတစ်ဦးအား NUG ဝန်းရံသူအချို့က အနိုင်အထက်ပြုကျင့်၍ ဟန့်တား နှောက်ယှက်


နေပြည်တော်   ဩဂုတ်  ၂၂

အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်၊ Buffalo မြို့၌ နေထိုင်သူ မြန်မာတစ်ဦးက မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အကြမ်းဖက်တိုက်ခိုက်မှုများ ရပ်တန့်စေရေးနှင့် ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် တစ်ကိုယ်တော်ဆန္ဒပြနေခြင်းကို ပြည်ပရောက် NUG နှင့် CRPH ဝန်းရံသူများက ဟန့်တား နှောက်ယှက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့တွင် မြန်မာ့အရေးလှုပ်ရှားဆောင်ရွက်သူ ဦးသတိုးစောက နယူးယောက်ပြည်နယ် Buffalo မြို့၊ မြို့တော်ခန်းမရှေ့၌ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများ ရပ်တန့်ရေးအတွက် ၎င်းနှင့်တွေ့ဆုံဆွေးနွေးနိုင်မည့် အခြေအနေများကို Facebook  တွင် Live လွှင့်၍ ဆန္ဒဖော်ထုတ်နေစဉ် NUG နှင့် CRPH ဝန်းရံသူ လူအချို့က ဟန့်တား နှောက်ယှက်ခဲ့ပါကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြလျက်ရှိပါသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဒီမိုကရေစီဆိုသည်မှာ မတူကွဲပြားမှုများအပေါ် နားလည်လက်ခံရသော် လည်း ယခုကဲ့သို့ မိမိတို့နှင့်အမြင်မတူသည့် ပုဂ္ဂိုလ်များအပေါ် အနိုင်အထက်ပြုကျင့် ဟန့်တား နှောက်ယှက်နေခြင်းများသည် ဒီမိုကရေစီနှင့် ဆန့်ကျင်သည့် လုပ်ဆောင်မှုများ ဖြစ်ကြောင်း ဝေဖန်ပြစ်တင်လျက်ရှိသည်ဟု သိရသည်။

No comments:

Post a Comment