ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက တောင်ငူမြို့သို့ ရောက်ရှိကာ တောင်ငူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးကာ တောင်ငူပြည်သူ့ ဆေးရုံကြီးအတွက် Oxygen Concentrator (၁၄) လုံးနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့် အတူ တောင်ငူအမြန်လမ်းအဝင်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ
(တောင်ငူ) သို့ ရောက်ရှိရာ တည်ဆောက်ထားရှိမှုများနှင့် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ရှင်းလင်းဆောင်သို့ ရောက်ရှိကာ အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ငူ) ကျောင်းအုပ်ကြီး
ဦးဌေးမြင့်မှ တည်ဆောက်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ ရာနှုန်းပြည့် တည်ဆောက်ထားရှိမှု
အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်နေသည့် တည်ဆောက်မှု
လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ
လိုအပ်မှုများအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ထိန်ဝင်း၊
တာဝန်ရှိသူများနှင့်အတူ ကေတုမတီ ငါးမွေးမြူရေး ကုန်ထုတ် သမဝါယမအသင်းလီမိတက်သို့ ရောက်ရှိရာ
ငါးမွေးမြူထုတ်လုပ်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ရှင်းလင်းဆောင်အတွင်း၌
ကေတုမတီ ငါးမွေးမြူရေး ကုန်ထုတ်သမဝါယမ အသင်းလိမိတက်ဉက္ကဋ္ဌ ဦးစောမွန်ထော်ခိုင်မှ တောင်ငူမြို့နယ်အတွင်း
အသားတိုးငါး ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများ၊ ဆေးထိုးသားဖောက် ငါးမွေးမြူထုတ်လုပ်
နေမှုများ၊ ငါးမွေးကန်များအတွင်း ငါးအမျိုးအစားအလိုက် မွေးမြူထားရှိမှုအား ရှင်းလင်းတင်ပြ
ရာ ဝန်ကြီးချုပ်က ရေရှည်စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်မှုများနှင့် ပုံမှန်မွေးမြူထုတ်လုပ်မှု
ပမာဏများ ပိုမိုတိုးတက်အောင်မြင်စေရေးအတွက် ဆွေးနွေးပြောကြားကာ ငါးမွေးကန်များ အတွင်း
ငါးအမျိုးအစားအလိုက် ခင်းကျင်းပြသမှုများနှင့် လုပ်ငန်းများ လည်ပတ်ဆောင်ရွက် နေမှုများအား
ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည်
ကံရိုးကျေးရွာရှိ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းသို့ ရောက်ရှိ ကာမျိုးစပါးများ စိုက်ပျိုးထားရှိမှုများအား
ကြည့်ရှုစစ်ဆေးပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးနိုင်မင်းလှိုင်က တောင်ငူမြို့နယ်အတွင်း
မိုးစပါး မျိုးစေ့ထုတ် စိုက်ပျိုးထားနိုင်မှု အခြေအနေများအား ရှင်းလင်းဆောင်အတွင်း၌
ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ စပါးစိုက်ပျိုး ဧကများ တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက်
ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည်
ကျွန်းကုန်းကျေးရွာရှိ ရွှေဝါကြက်မွေးမြူရေးခြံသို့ ရောက်ရှိကာ ကြက်မွေးမြူထားရှိမှု
အခြေအနေများ၊ နေ့စဉ် ကြက်ဥထွက်ရှိမှု အခြေအနေ များနှင့် လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှုများအား
ကြည့်ရှုစစ်ဆေးရာ ကြက်မွေးမြူ ထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးရဲဝင်းက ကြက်ခြံအတွင်း ဥစားကြက်မအမျိုးအလိုက်
ကြက်ပေါက် မှ စ၍ ဥကြက်မအဆင့်အထိ ကြက်ခြံများ ခွဲခြမ်းထားရှိမှုများ၊ ကြက်ခြံအတွင်း
လေဝင် လေထွက်စနစ်များ၊ ရောဂါပိုးမွှားကာကွယ်ခြင်း နည်းစနစ်များ၊ အစာကျွေးမွေးထားရှိမှု
စနစ် များနှင့် နေ့စဉ်ကြက်ဥထွက်ရှိမှုအား ထုပ်ပိုးမှုအဆင့်ဆင့်အထိ ဆောင်ရွက်မှုများအား
ရှင်းလင်း တင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူပြည်သူ့ဆေးရုံအုပ်ကြီးရုံး
ခန်းမ၌ ပြည်သူ့ ဆေးရုံကြီးအတွက် Oxygen Concentrator (၁၄) လုံးနှင့် တောင်ငူခရိုင်အတွင်းရှိ
ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ပေးနိုင်ရန်အတွက် ငွေကျပ် (၆၉) သိန်းအား ပေးအပ်
လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ စိုင်းဝင်းဇော်လှိုင်းနှင့်
တာဝန်ရှိသူများက လက်ခံရယူခဲ့ ကြောင်း သိရသည်။ ၎င်းနောက် တောင်ငူပြည်သူ့ဆေးရုံကြီး၌
သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊
ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၏ စုပေါင်းဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည်
တောင်ငူမြို့ ကျုံးတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှုများနှင့် ကျုံးပတ်လမ်းအတွင်း
ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း
သိရသည်။

No comments:
Post a Comment