မကွေး ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန် က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် လူမှုရေးဝန်ကြီးဌာန အောက်ရှိ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လူမှုရေးဝန်ကြီးဦးစိုးပိုင်မြင့်က
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လက်တလော ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊
ဆက်လက်ဆောင်ရွက်သွားမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အခြေအနေများအား ရှင်းလင်းပြောကြားပြီး
တက်ရောက်လာသည့် ဌာန ဆိုင်ရာများအနေဖြင့် မိမိတို့ဌာန၏
မူဝါဒရည်မှန်းချက်လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန်နှင့် လုပ်ငန်းများ
ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြ၍ လုပ်ငန်းဆောင်ရွက်ရန်
လိုအပ်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးရေး၊
သတ်မှတ်စံချိန် စံညွှန်းပြည့်မီရေး အလေးထားဆောင်ရွက်သွားရန်နှင့် ပြည်သူဝန်ဆောင်မှုလုပ်ငန်းများ
ဆောင်ရွက် ရာတွင်လည်း ဒေသခံပြည်သူများအတွက် အမှန်တကယ် အကျိုးထိရောက်မည့် လုပ်ငန်းများ
ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအဆင့်
ဌာနဆိုင်ရာများမှ မိမိတို့ဌာန အလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများရှင်းလင်းတင်ပြရာ
တင်ပြချက်များအပေါ် တိုင်းဒေသကြီးလူမှုရေးဝန်ကြီးမှ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း
သိရသည်။
ကိုအောင်


No comments:
Post a Comment