Tuesday, August 24, 2021

ဟုမ္မလင်းမြို့တွင် အောက်ဆီဂျင် စက်ရုံတည်ဆောင်နေမှုအား တိုင်းရင်းသားရေးရာဝန်ကြီး ကွင်းဆင်းစစ်ဆေး


ဟုမ္မလင်း       ဩဂုတ်  ၂၄

 စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ သက်ကြီးဘိုး၊ဘွားများနှင့်အခြားသော ရောဂါဝေဒနာရှင် များ အောက်ဆီဂျင်လိုအပ်ချက်မရှိ ကုသဆောင် ရွက်ပေးနိုင်ရေးအတွက် အောက်ဆီ ဂျင်စက်ရုံ တည်ဆောက်နေမှုအား ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က စစ်ကိုင်းတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်း​ဇော်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများက သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

 အဆိုပါအဆောက်အဦမှာ အလျားပေ ၃၀ အနံပေ ၄၀ အမြင့် ၁၂ ပေ(RC) တစ်ထပ် အဆောက်အဦဖြစ်ပြီး(၁၅)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။ အောက်ဆီဂျင် စက်ရုံ ဆောက်လုပ်ပြီးစီးပြီး အောက်ဆီဂျင်စက်တပ်ဆင် လည်ပတ်ပါက တစ်ရက် လျှင်  အောက်ဆီဂျင် (၄၀)လီတာဆံ့အိုးကြီး (၄၀)လုံးထွက်ရှိကြောင်းသိရသည်။

 အလားတူ ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာတွင်လည်း ကိုယ့်အားကိုယ်ကိုး စနစ်ဖြင့် ဒေသခံပြည်သူများက အောက်ဆီဂျင်စက်ရုံတည်ဆောက်နေပြီး ၎င်း အောက်ဆီဂျင်စက်ရုံဆောက်လုပ်တပ်ဆင်ပြီးစီးပါက တစ်ရက်လျှင် အောက်ဆီဂျင် (၄၀)လီတာဆံ့အိုးကြီး (၅၀)လုံးထွက်ရှိမည်ဖြစ်ပြီး ဒေသအတွင်း အောက်ဆီဂျင် ပိုလျှံ မည်ဖြစ်ရာ ဟုမ္မလင်းမြို့မှ ထွက်ရှိမည့်အောက်ဆီဂျင်များအား အခြားဒေသများသို့ ပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ချန်လော(ဟုမ္မလင်း)

No comments:

Post a Comment