Tuesday, August 24, 2021

တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ် - ၁၉ ရောဂါ ကုသရေးလုပ်ငန်းအတွက် စေတနာ့ဝန်ထမ်းအဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများအား ချီးမြှင့်ထောက်ပံ့ငွေ ပေးအပ်


ကျိုင်းတုံ ဩဂုတ် ၂

တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ် - ၁၉ ရောဂါ ကုသရေးလုပ်ငန်းအတွက် စေတနာ့ဝန်ထမ်းအဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည့် ကျန်းမာ​ရေးဝန်ထမ်းများအား ချီးမြှင့်ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီခွဲက ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး (ကျိုင်းတုံ)၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးရဲနိုင်က  ဂုဏ်ပြုဝမ်းမြောက်စကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရေးနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  တာချီလိတ် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ် - ၁၉ ရောဂါ ကုသရေးလုပ်ငန်းအတွက် စေတနာ့ဝန်ထမ်းအဖြစ်  သွားရောက်တာဝန်ထမ်းဆောင်မည့် မိုင်းလား၊ မိုင်းယန်း၊ မိုင်းခတ်မြို့နယ်​ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်း  ၇ ဦးအား တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ချီးမြှင့် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးဝန်းထမ်းများသည် တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်- ၁၉ ရောဂါ ကုသရေးလုပ်ငန်းများကို ဩဂုတ် ၂၄ ရက်မှ  စတင်၍  စေတနာ့ဝန်ထမ်းအဖြစ် ရက်သတ္တပတ် ၈ ပတ်ကြာ  သွားရောက်အား​ဖြည့်ကူညီ ထမ်းဆောင်မည်​​ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့် 

No comments:

Post a Comment