နေပြည်တော် ဩဂုတ် ၂၅
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ဦးဆောင်ရေး ဆွဲခဲ့သော မြန်မာနိုင်ငံစီးပွားရေး ပြန်လည် ဦးမော့စေရေးစီမံချက် (Myanmar Economic Recovery Plan- MERP) အပြီးသတ်ညှိနှိုင်းသည့် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ် လလာသည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစား ရေးလုပ်ငန်းကော်
မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးအောင်နိုင်ဦးနှင့်လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနနှင့်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တို့မှဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ
ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ပြောင်းလဲဆောင်ရွက်
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ယခုရေးဆွဲ
ထားသည့် မြန်မာနိုင်ငံ စီးပွားရေးပြန်လည်ဦးမော့စေ ရေးစီမံချက်သည် ကိုဗစ်-၁၉ ကြောင့်
ထိခိုက်ခဲ့ သော နိုင်ငံ့စီးပွားရေးကို ပြန်လည်ဦးမော့စေရေး အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏
ရှေ့လုပ်ငန်းစဉ်များ၊ စီးပွားရေးဦးတည်ချက်များနှင့် အညီ မိမိနိုင်ငံ၏ ပကတိလိုအပ်ချက်များအပေါ်
အခြေခံကာ ကမ္ဘာ့ဖွံ့ဖြိုးမှုအစီအစဉ်ဖြစ် သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ၊
အာဆီယံ ဘက်စုံပြန်လည်ထူထောင်ရေး မူဘောင်၊ မဟာ မဲခေါင်ဒေသ ဖွံ့ဖြိုးရေးအစီအစဉ်၏ ဂျီအမ်အက်စ်
ကိုဗစ်-၁၉ တုံ့ပြန်ရေးနှင့် ပြန်လည်ထူ ထောင်ရေး စီမံချက် (၂၀၂၁-၂၀၂၃) တို့နှင့်အညီ
ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ပြုပြင်ပြောင်း လဲရေး ဆောင်ရွက်ရန်အချက်များကို
ပြုစုရေးဆွဲထား ခြင်းဖြစ်ပါကြောင်း၊ စီမံချက်သည် လုပ်ငန်းအစီ အစဉ် ၁၀ ခု၊ မျှော်မှန်းချက်
၂၇ ခု၊ လုပ်ငန်းစဉ် ၄၀၇ ခုတို့ဖြင့် ရေးဆွဲထားသည့် Framework တစ်ခုသာ ဖြစ်ကြောင်း၊
စီမံချက်တွင်ပါရှိသည့် လုပ်ငန်း အစီအစဉ်များနှင့် လုပ်ငန်းစဉ်များကို အခြေအနေပေါ် မူတည်၍
ပြောင်းလဲဆောင်ရွက်သွားရန် စီမံထားရှိ မည်ဖြစ်ကြောင်း။
ထုတ်ပြန်ဆောင်ရွက်သွားမည်
သက်ဆိုင်ရာ အကောင်အထည်ဖော်ဆောင်မည့် ဝန်ကြီးဌာနအဖွဲ့အစည်းများအနေဖြင့်
အပြောင်း အလဲများရှိပါက ပြန်လည်ပြင်ဆင်ဆောင်ရွက်နိုင် ပါကြောင်း၊ လုပ်ငန်းစဉ်များသည်
ကာလတိုနှင့် ကာလလတ်စီမံ ချက်များဖြစ် သော်လည်း အချို့သော လုပ်ငန်းစဉ်များမှာမူ ကာလရှည်အမျိုးသားအဆင့်
စီမံကိန်းနှင့်ချိတ်ဆက်၍ ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊
မြန်မာနိုင်ငံ စီးပွားရေးပြန်လည်ဦးမော့စေ ရေးစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရာတွင်
ဦးဆောင်မည့် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဆိုပါ ဝန်ကြီးဌာန၏လိုအပ်ချက်အရ ဆက်စပ်ပူးပေါင်း
ပါဝင်ဆောင်ရွက်ရန် လိုအပ်သည့် အခြားသော ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် လိုအပ်သလို
ပေါင်းစပ်ဖွဲ့စည်း အကောင်အ ထည်ဖော်ဆောင်ရန် ဖြစ်ပါကြောင်း၊ လုပ်ငန်းအစီ အစဉ်များကို
အကောင် အထည်ဖော်ရာတွင် မျှော်မှန်းထားသည့်ရလဒ်များ ပြည့်မီမှုအခြေအနေကို သိရှိနိုင်ရန်
သက်ဆိုင်ရာ ကဏ္ဍအသီးသီးအတွက် ညွှန်ကိန်းများ (Key Performance Indicator-KPI) သတ်မှတ်၍
အထည် ဖော်မှုအပေါ် ဆန်းစစ်အကဲဖြတ်ခြင်း (Monitoring and Evaluation) များဆောင်ရွက်
သွားမည်ဖြစ် ပါကြောင်း၊ ညွှန်ကိန်းများ သတ်မှတ် ဆောင်ရွက်ရေးကိုလည်း သက်ဆိုင်ရာ အကောင်
အထည်ဖော် ဆောင်မည့် ဝန်ကြီးဌာန များနှင့်ဆက်လက် တိုင်ပင်၍ ထုတ်ပြန် ဆောင်ရွက်သွားမည်
ဖြစ်ကြောင်းလည်း ရှင်းလင်းပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က စီမံချက်ပါလုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်း လင်း ဆွေးနွေးတင်ပြခဲ့ပြီး အစည်းအဝေးတက်ရောက်လာကြသူများက စီမံချက် မူကြမ်းအပေါ် ဝိုင်းဝန်းဖြည့်စွက် ဆွေးနွေးကာ စီမံချက်အား ဆက်လက်အတည်ပြုရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment