ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်း ဒေသကြီး/ပြည်နယ်များ တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိပါသည်။
ဇူလိုင်
၂၆ ရက်မှစတင်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူ/ လှူဒါန်းရရှိသည့်
Sinopharm နှင့် Sinovac ကာကွယ်ဆေးများကို
တိုင်းဒေသကြီး/ ပြည်နယ် များတွင် ပထမအကြိမ်အဖြစ်ထိုးနှံခဲ့ပါသည်။ ဒုတိယအကြိမ်
ကာကွယ်ဆေးများ ထိုးနှံနိုင်ရေး အတွက် (၂၁-၈-၂၀၂၁)ရက်နေ့မှစတင်၍ မြေပြင်ခရီးလမ်းကြောင်းမှ
ဖြန့်ဖြူးပေးလျက်ရှိသည့် အပြင် ဝေးလံခက်ခဲ ဒေသများသို့ တပ်မတော် (လေ)နှင့် မြန်မာ့လေကြောင်းတို့၏
အကူအညီဖြင့် လေကြောင်းခရီးမှလည်း ဖြန့်ဖြူးပေးလျက်ရှိပါသည်။
ဩဂုတ်
၂၅ ရက်အထိ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊
ရှမ်း ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊
နေပြည်တော်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များသို့ ပို့ဆောင်ပေး ခဲ့ပြီးဖြစ် ပါသည်။
အဆိုပါကာကွယ်ဆေးများထိုးနှံရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးများရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများကို ထိုးနှံ ပေးရန်အတွက်လည်း ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment