ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်း မအောင်မြင်စေရေးအတွက် အဖျက်အမှောင့်သမား တို့က မဟုတ်မမှန်သတင်းများ လွှင့်ထုတ်၍ နှောင့်ယှက်ခဲ့ကြစေကာမူ မြို့နယ်အသီးသီး၊ ဒေသအနှံ့အပြား တို့တွင် အရှိန်အဟုန်မပျက်ဆောင်ရွက် လျက်ရှိကြသည်။ အသစ်ရောက်လာသည့် ကိုဗစ်ကာကွယ်ဆေးကို ကမ္ဘာက အသိအမှတ်မပြုကြောင်း၊ ထိုးပါက အသက်အန္တရာယ် ရှိကြောင်းတို့ အပါအဝင် ကာကွယ်ဆေးထိုးနှံ မှု မခံယူစေရေးအတွက် ပြည်သူလူထုကို လိမ်လည်လှည့်ဖြာ သတင်းအမှားများပေးခဲ့ သော်လည်း ပြည်သူက လက်မခံဘဲ ကပ်ရောဂါကာကွယ်ဆေးကို ယုံယုံကြည်ကြည်ဖြင့် ထိုးနှံမှုခံယူနေကြ ခြင်းပင်ဖြစ်သည်။
ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းသည် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးတွင် အဓိကအရေး ပါသော လုပ်ငန်း ဖြစ်သည်။ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုနှုန်း လျှော့ချရေး၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကို တားဆီးရေးနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် နိုင်ငံ စီးပွားရေးထိ ခိုက်မှုကို လျှော့ချနိုင်ရေးဟူသော ရည်ရွယ်ချက်များဖြင့် ကာကွယ်ဆေးများ ထိုးနှံပေးနေခြင်းဖြစ်ရာ ပြည်သူလူ ထု၏ အသက်အန္တရာယ်နှင့် လူမှုစီးပွားရေးဘဝတို့အတွက် လွန်စွာ အရေးကြီးလှသည်။ လက်ရှိမြန်မာနိုင်ငံတွင် ထိုးနှံပေးနေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထိရောက်မှု၊ စိတ်ချရမှု၊ အရည် အသွေးကောင်းမွန်မှုတို့အတွက် အတည်ပြုပေးထားပြီးဖြစ်သည့် ဆေးများဖြစ်သည်။ တရုတ်နိုင်ငံထုတ် အဆိုပါ ဆေးများဖြစ်သည့် ဆိုင်နိုဖမ်းနှင့် ဆိုင်နိုဗက်တို့ကို တရုတ်နိုင်ငံက ၎င်း၏ပြည်သူများ ကိုလည်း သန်းပေါင်းများစွာထိုးနှံပေးထားပြီးဖြစ်သည်။ အာရှ၊ အာဖရိကနှင့်တောင်အမေရိကတိုက်တို့ရှိ နိုင်ငံများသာမက ဥရောပ နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဟန်ဂေရီကလည်း တရုတ်နိုင်ငံထုတ် ကိုဗစ်၁၉ ကာကွယ် ဆေးကို ထိုးနှံပေးခဲ့သည်။
ကမ္ဘာပေါ်တွင် ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှု တတိယအများဆုံးဖြစ်ပြီး သေဆုံးသူ ဒုတိယအများဆုံး ဖြစ်သည့် ဘရာဇီးနိုင်ငံက ဆိုင်နိုဖမ်း ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြို့တစ်မြို့ရှိ အရွယ်ရောက်ပြီး သူအားလုံးကို ထိုးနှံပေးခဲ့ရာ ကိုဗစ်ကြောင့် သေဆုံးသည့်နှုန်း ၉၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း နိုင်ငံတကာ သတင်းတစ်ရပ်တွင် တွေ့ရသည်။ အခြားလက်တင် အမေရိကနိုင်ငံဖြစ်သည့် ချီလီနှင့်မက္ကဆီကိုတို့ ကလည်း သူ့ပြည်သူများကို တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးကို ထိုးနှံပေးနေခြင်းဖြစ်သည်။ ကိုဗစ်-၁၉ကာ ကွယ်ဆေးကို ဓနအင်အားကြီးမားတောင့်တင်းသည့် ကမ္ဘာ့နိုင်ငံကြီးအချို့က လက်ဝါးကြီးအုပ်ဝယ်ယူမှု များကြောင့် ကျန်နိုင်ငံငယ်အများအပြားမှာ ကာကွယ်ဆေးရရှိရေး ရုန်းကန်နေကြရသလို ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ကာကွယ်ဆေး အစီအစဉ်ကိုလည်း စောင့်မျှော်နေကြရသည်ကို ကမ္ဘာ့သတင်းများတွင် တွေ့နိုင်သည်။
No comments:
Post a Comment