တာချီလိတ် ဩဂုတ် ၁၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာရှိ ဝမ်ပုံဆိပ်ကမ်း၌ လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၂၅၅)ဦးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က တာချီလိတ်မြို့နယ်မှ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုလက်ခံ ခဲ့ကြောင်း သိရသည်။
အဆိုပါ လာအိုနိုင်ငံမှလွှဲပြောင်းလာသည့် မြန်မာရွှေ့ပြောင်း
အလုပ်သမား(၂၅၅)ဦးအား တာချီလိတ်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ
ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Rapid
Test Kit စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ပေးခဲ့ရာ
စစ်ဆေးချက်အဖြေအရ နေရပ်ပြန်ပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်းသုံးဦးတွင်
ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့ပြီး ကျန်ပြည်သူ(၂၅၂)ဦးတို့တွင်
ကိုဗစ်-၁၉ရောဂါပိုးမတွေ့ရှိ Negative အဖြေထွက် ရှိခဲ့သည်။ ပိုးတွေ့ရှိသည့် နေရပ်ပြန်ပြည်သူသုံးဦးကို
အားကစားရုံခန်းမနှင့် ဝမ်လုံအသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာများတွင် ထားရှိကာ
ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။
လာအိုနိုင်ငံမှလွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်
ပြည်သူ(၂၅၅)ဦးမှ ကိုဗစ်-၁၉ရောဂါပိုး မတွေ့ရှိသည့် နေရပ်ပြန် ပြည်သူ(၂၅၂)ဦးအား စစ်ဗျူဟာအဖွဲ့(အခြေချ)၊ တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး
အထောက်အကူပြု အဖွဲ့ဝင်များက နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ကြပြီး ၎င်းတို့အား သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ရောက်ရှိနိုင်ရေးအတွက် အခမဲ့မော်တော်ယာဉ်များ
စီစဉ်ပေးခြင်း၊ စားသောက်ဖွယ်ရာများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ၊
ထောက်ပံ့ငွေများ လှူဒါန်းပေးခြင်းနှင့် နေရပ်ပြန် ပြည်သူများကို အားပေးစကားများ ပြောကြားခဲ့ကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးပြီး နေရပ်များသို့
ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)

No comments:
Post a Comment