ညောင်ဦး ဩဂုတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ
ဧရာဝတီမြစ်ရေ မှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ မရောက်ရှိပဲ တဖြည်းဖြည်းပြန်ကျနေပြီ
ဖြစ်ကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ထံကသိရသည်။
ညောင်ဦးမြို့နယ်တွင် ညောင်ဦးခရိုင် မိုးလေဝသနှင့်
ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲ တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအောက်သာ ရောက်ရှိခဲ့ပြီး
၂၁၂၀ စင်တီမီတာရောက်ရှိရန် ၂၁၁ စင်တီမီတာ လျှော့နည်းကြောင်း၊ ယနေ့ ဩဂုတ် ၁၀ ရက်နေ့
ယနေ့နံနက် ဧရာဝတီမြစ် ရေတိုင်းတာချက်အရ ၁၉၀၉ စင်တီမီတာရှိနေကာ ဆက်လက်ကျဆင်းနိုင်ကြောင်း
ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် အခြေအနေများအား ညောင်ဦးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး
ဦးစီးဌာနမှ နေ့စဉ်မြစ်ရေကြီးမှု အခြေအနေအား မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနနှင့်
ပူးပေါင်းကာ သတင်းထုတ်ပြန် ပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး
ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မေသန္တာအောင်ထံက သိရကာ ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေ
တိုင်းတာခြင်းများအား တစ်ရက် သုံးကြိမ်တိုင်းတာကြောင်းလည်း သိရသည်။
ကိုထိန်၊KPD

No comments:
Post a Comment