လှိုင်းဘွဲ ဩဂုတ် ၅
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နေ့လည်အချိန်က လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမတွင် သံဃာတော်များ၊ အသက်(၆၅)နှစ် အထက် သက်ကြီး ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့၊
ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်ဝန်ကြီးများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ
နေသူများအား အားပေးစကားပြောကြားခြင်း၊ မြို့နယ်ပြည်သူ့ဆေးရုံ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး
ဒေါက်တာစောငြိမ်းထွန်းအား ထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ ကျန်းမာရေးဝန်ထမ်းနှင့် ကိုဗစ်-၁၉
ရောဂါကာကွယ်ရေး ထိုးနှံရေးတွင် ပါဝင်ဆောင်ရွက်နေသော VOLUTEER များအား အားပေးစကား ပြောကြားခြင်းနှင့်ကြက်ဥများ
ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင်
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(SINOPHARN)အလုံးရေ(၁၅၀၀)ရရှိပြီး လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၊
ရွှေဂွန်ကျေးရွာ၊ မြိုင်ကြီးငူအထူးဒေသ၊ ပိုင်ကျုံမြို့နှင့် ရှမ်းရွာသစ်မြို့ တိုက်နယ်ဆေးရုံများတွင်
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ရာ အသက်(၆၅)နှစ်အထက်သက်ကြီးဘိုးဘွား(၅၉၆)ဦး၊
အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်း(၃၅)ဦး၊ VOLUTEER/ ပရဟိတ(၃၇၉)ဦး၊ဘုန်းကြီး/သီလရှင်/
ဘာသာရေးကျောင်း (၁၈၆)ဦး၊နိုင်ငံ့ဝန်ထမ်း(၆၁၈)ဦး၊ နိုင်ငံ့ဝန်ထမ်း မိသားစု(၄)ဦး၊ အလုပ်ရုံဝန်ထမ်း(၄)ဦး၊
ပို့ဆောင်ရေးလုပ်ငန်း(၇)ဦး၊ ဈေးသည်(၁၁၀)ဦးနှင့် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းမှ ဝန်ထမ်း(၁)ဦး
စုစုပေါင်း(၁၉၄၀)ဦးတို့ကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:
Post a Comment