Wednesday, August 18, 2021

အောင်ဘာလေသိန်းထီကံစမ်းသူ မိဘပြည်သူများသို့ အသိပေးကြေညာချက်

၁။  ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် အောင်ဘာလေ သိန်းထီကံစမ်းသူ မိဘပြည်သူများမှ ထီလက်မှတ်များကို အဆင်ပြေချောမွေ့စွာ ဝယ်ယူကံစမ်း နိုင်စေရေးအတွက် အောင်ဘာလေ သိန်းထီလက်မှတ်များအား လစဉ်ရောင်းချပေးလျက်ရှိပြီး ထီဖွင့်ပွဲများကိုလည်း လစဉ်လဆန်း (၁) ရက်နေ့တွင်  ကျင်းပပေးလျက်ရှိပါသည်။

 ၂။         အောင်ဘာလေသိန်းထီဆုမဲများ ခွဲဝေချီးမြှင့်ရာတွင် အောင်ဘာလေသိန်းထီ အကြိမ်စဉ် အလိုက် ထီလက်မှတ်ရောင်းရငွေ စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကို ဆုမဲများအဖြစ် ခွဲဝေပေးလျက် ရှိပြီး ကျန် ၄၀ ရာခိုင်နှုန်းကို အောင်ဘာလေသိန်းဆုခွန်အဖြစ် နိုင်ငံတော်က ရယူလျက်ရှိပါသည်။

 ၃။        ထီဆုငွေထုတ်ယူခြင်းနှင့်စပ်လျဉ်း၍ လက်ရှိကာလတွင် ငွေထုတ်ယူခြင်းဆိုင်ရာ ကန့်သတ်ချက်များ ရှိနေသော်လည်း ထီကံစမ်းသူများအနေဖြင့် ထီဆုငွေများကို အဆင်ပြေစွာ ထုတ်ယူနိုင်စေရေးအတွက် ထီဆုငွေ ကျပ်သိန်းငါးရာအထိကို တစ်လုံးတစ်ခဲတည်း ထုတ်ပေးလျက်ပြီး ကျန်ဆုငွေများကို သတ်မှတ်ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိပါသည်။

 ၄။  ယခုအခါ အောင်ဘာလေသိန်းထီကံစမ်းသူ မိဘပြည်သူများအတွက် ဆုမဲအရေအတွက် ပိုမိုခွဲဝေပေး နိုင်ရန်နှင့် ထီဆုငွေများကို ပိုမိုအဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်စေရေးအတွက်   (၁-၉-၂၀၂၁) ရက်နေ့တွင် ဖွင့်လှစ်မည့်အကြိမ် (၃၀) မြောက် အောင်ဘာလေသိန်းထီဖွင့်ပွဲမှစ၍ ထီဆုငွေပမာဏအား ထီလက်မှတ် ရောင်းရငွေ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ခွဲဝေပေးသွားမည် ဖြစ်ပါကြောင်းနှင့် ထီဆုငွေများအားလုံးကို ငွေထုတ်ကန့်သတ်ချက်မထားဘဲ အပြည့်အဝ ထုတ်ယူခွင့်ပြုသွားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

                                                                                    ပြည်တွင်းအခွန်များဦးစီးဌာန     

                             စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

 

No comments:

Post a Comment