Friday, August 13, 2021

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ဇီဝကယဉ်ကျေးမှု ကိုဗစ်-၁၉ကု သရေးစင်တာတွင် လူနာများစတင် လက်ခံ

 

 




 

ဒဂုံတောင်  သြဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုငိးခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ယဉ်ကျေးမှု တက္ကသိုလ်ရှိ ဇီဝကယဉ်ကျေးမှုကိုဗစ်-၁၉ကုသရေးစင်တာတွင်ကိုဗစ်-၁၉ကူးစက်ခံရသူ လူနာ များအား ယနေ့မှစ၍ လက်ခံပြုစုစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ပြုစုစောင့်ရှောက်မှုပေးရာ၌ ဇီဝကယဉ်ကျေးမှုကိုဗစ်-၁၉ကုသရေးစင်တာတွင် တက်ရောက်ကု သမှု  ခံယူသော လူနာများအတွက် လိုအပ်သောဆေးဝါးများနံနက်စာ နေ့လည် စာ၊ ညစာများ အိပ်ယာ၊ ခြင်ထောင်၊ ​စောင် ခေါင်းအုံးများစီစဉ်ထားရှိပေးထားပြီး O2 ၈၅နှင့် အထက်လူနာများအား လက်ခံကုသပေးမှာဖြစ်ကြောင်း သိရှိရသည်။

ဇီဝကယဉ်​ကျေးမှု ကိုဗစ်-၁၉ကုသရေးစင်တာသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိပြည်သူများ တက်ရောက်ကုသနိုင်ပြီး ဆေးရုံဆေးခန်းများမှ ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးထားပြီး ကိုဗစ် Positive ဖြစ်ကြောင်း အထောက်အထားနှင့်အတူကြိုတင်စာရင်းပေးတက်​ရောက်နိုင်ကြောင်း နှင့် "ဇီဝကယဉ်ကျေးမှု ကိုဗစ်ကုသရေး" Facebook စာမျက်နှာတွင်မိဘပြည်သူများ သိရှိလိုသော အချက်များ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ဇီဝကယဉ်ကျေးမှုကိုဗစ်-၁၉ကုသရေး စင်တာ တာဝန်ခံထံမှ သိရှိရသည်။

No comments:

Post a Comment