Friday, August 13, 2021

ပင်းတယမြို့နယ်အတွင်းရှိ မိဘပြည်သူများ ကိုဗစ်- ၁၉ ရောဂါသံသယရှိပါက စစ်ဆေးကုသ မှုခံယူနိုင်

 


 


 

ပင်းတယ   ဩဂုတ် ၁၃

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ပြည်သူ များအနေဖြင့် နေမကောင်းလျှင်သော်လည်းကောင်း၊ ချောင်းဆိုးလျှင်သော်လည်းကောင်း၊ အနံ့အရသာ မရလျှင်သော်လည်းကောင်း မိမိကိုယ်တိုင်သံသယဖြစ်လျှင်သော်လည်းကောင်း ပင်းတယ မြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်စစ်ဆေးနိုင်ကြောင်း သိရသည်။

 

ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိကို နေ့စဉ်နံနက် ၉ နာရီမှ ၁၁ နာရီအထိ စာရင်းပေး၍လာရောက်စစ်ဆေးနိုင်ပြီး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုခံရပါက ပင်းတယမြို့နယ်ပြည်သူ့ဆေးရုံ၊ မိုးကုတ်ဝိပသာနာရိပ်သာ၊ မြို့လယ်ဓမ္မာရုံ၊ ပွေးလှတိုက်နယ် ဆေးရုံနှင့် မိုင်းအင်တိုက်နယ်ဆေးရုံရှိ ဆေးကုသမှုစင်တာများတွင် ဆေးကုသ မှုခံယူကြရမည် ဖြစ်ကြောင်း သိရသည်။

 

ပင်းတယဒေသရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အကူအညီလိုအပ်ပါက ဖုန်းနံပတ် ၀၉ ၆၆၈၈၆၈၂၅၈နှင့်၀၉ ၇၇၀၆၆၃၂၇၈ သို့ဆက်သွယ်နိုင်ပါသည်။

 

ပင်းတယမြို့နယ်တွင် ယနေ့အထိကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူပေါင်း (၅၅၁) ဦး၊ ဆေးရုံဆင်း ခွင့်ရသူပေါင်း (၃၂၄) ဦး၊ ဆေးကုသမှုခံယူနေသူပေါင်း (၂၁၈)    ဦးနှင့် သေဆုံးသူဦးရေ (၉) ဦးရှိကြောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။

No comments:

Post a Comment