မင်းဘူး
ဩဂုတ် ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်း၌ ဆောက်လုပ် လျက်ရှိသော စုပေါင်းရုံး RC(၄)ထပ်ဆောင် အသစ်တည်ဆောက်နေမှု လုပ်ငန်းအားလုံး (၄၀)ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
“မင်းဘူးခရိုင်နဲ့
မြို့နယ်ထွေ/အုပ်ရုံးတွေအပါအဝင် ဌာနဆိုင်ရာရုံးတွေအတွက်
စုပေါင်းရုံး လေးထပ်ဆောင်
အဆောက်အဦးအသစ်ကို ဆောက်လုပ်နေပါတယ်။
ယခုတည်ဆောက်ရေး လုပ်ငန်း ကိုတော့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့
ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေ (ကျပ်သန်းပေါင်း ၂၁၃၅ သန်း)
ကျပ်သိန်းပေါင်းကတော့ နှစ်သောင်းကျော်နဲ့ တည်ဆောက် နေတာပဲဖြစ်ပါတယ်။
A1(အေဝမ်း)
ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက်နေပြီးတော့ လုပ်ငန်းကတော့
(၄၀)ရာခိုင်နှုန်းကျော်
ပြီးစီးနေပါပြီ။ ကျွန်တော်တို့ အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီ အနေနဲ့လည်း
သတ်မှတ်အရည်အသွေးပြည့်မီရေးကို အနီးကပ်ကြီးကြပ်ပြီး စစ်ဆေးဆောင်ရွက်နေပါတယ်”
ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။
အဆိုပါ စုပေါင်းရုံးလေးထပ်ဆောင်မှာ အလျား ၁၅၆ ပေ၊ အနံ ၇၈ ပေ
၆ လက်မ RC (၄)ထပ် အဆောက်အဦ အမျိုးအစားဖြစ်ပြီး စတုရန်းအားဖြင့်
(၅၀၉၁၈) စတုရန်းပေ ကျယ်ဝန်းကြောင်း၊ ခွင့်ပြုရန်ပုံငွေ
ကျပ်သန်းပေါင်း (၂၁၃၅)သန်းဖြင့် ဆောင်ရွက်နေပြီး
ယခု First Floor Sleb လောင်းရန် လုပ်ဆောင်နေကြောင်း၊ လုပ်ငန်းကာလမှာ
(၂.၅.၂၀၂၁) ရက်နေ့မှ (၂၈.၂.၂၀၂၂) ရက်နေ့အထိဖြစ်ပြီး (၄၀)ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း A1(အေဝမ်း)
ဆောက်လုပ်ရေးကုမ္ပဏီမှ
Project မန်နေဂျာ ဦးအောင်မြင့်ထံမှ သိရသည်။
မောင်မောင်(မင်းဘူး)

No comments:
Post a Comment