ဟားခါး ဩဂုတ် ၃၁
ချင်းပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို/ရေရှည်စီမံကိန်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် အစည်းအဝေး
တက်ရောက်လာကြသော ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက ဆောင်ရွက်ရမည့် ရေရှည်၊ ရေတိုစီမံကိန်းများကို
မိမိတို့ကဏ္ဍအလိုက် Power Pointဖြင့် ရှင်းလင်း တင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့
အတွင်းရေးမှူး၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊
အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့်
ပြည်နယ်ဝန်ကြီးချုပ်တို့က ပေါင်းစပ်ညှိနှိုင်းကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်
အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်က
ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာကိုဘယ်လို ဆောင်ရွက်ရမည် ဆိုတာကို ဆွေးနွေးချင်လို့
အစည်းဝေးခေါ်ရခြင်းဖြစ်ကြောင်း၊ ကျွန်တော်တို့အနေဖြင့် (၂) နှစ်တာ ကာလအတွင်း ချင်းပြည်နယ်
ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးစေ့ချသွားရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဌာနဆိုင်ရာများ
အနေဖြင့် မိမိကျရာကဏ္ဍအလိုက် ရေးဆွဲနေသည့် စီမံကိန်းများ အကောင်အထည်ဖော် နိုင်ရေးအတွက်
ဝိုင်းဝန်းကြိုပမ်း ဆောင်ရွက်သွားစေလိုကြောင်း တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။
ယမန်နေ့ကျင်းပသည့်
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ အနောက်မြောက်တိုင်း စစ်ဌာနချုပ်
ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်စိုက်ပျိုးရေး
ဦးစီးဌာန၊ ပြည်နယ်မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနတို့မှ
ပြည်နယ်ဦးစီးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments:
Post a Comment