ဟားခါး ဩဂုတ် ၇
ချင်းပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်က
ဒေသထွက် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ပိုမိုတိုးတက် ထုတ်လုပ်ထွက်ရှိရေး အလေးထား
ကြိုးစားဆောင်ရွက်ရန်၊ ပုဂ္ဂလိက ဥစားကြက်၊ အသားစား ကြက်ခြံများ၊ စိုက်ပျိုးရေးခြံများ၊
အထူးသဖြင့် ချင်းပြည်နယ်တွင်း မွေးမြူရေး ခြံများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်
ပေးနိုင်ရေးနှင့် ကိုဗစ်-၁၉ ကာလအတွင်း တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်သီးနှံများ ရောင်းဝယ်မှုအခက်အခဲမရှိစေရေး၊
ပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေးနှင့် အခြေခံစားကုန်ဈေးနှုန်း မြင့်မားမှုမရှိစေရေးအတွက်
ဒေသထွက် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကို ဒေသတစ်ခုမှ တစ်ခုသို့ သယ်ယူ ပို့ဆောင်ရာတွင်
အဆင်ပြေချောမွေ့အောင် ပေါင်းစပ်ဆောင်ရွက်နိုင်ရန်အတွက် အစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း
အဖွင့်အမှာစကား ပြောကြားရာတွင် ပြောကြားခဲ့သည်။
လုပ်ငန်းညှိနှိုင်း
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီးနောက် အစည်းအဝေး တက်ရောက်လာကြသော
စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆည်မြောင်းနှင့်
ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ ကုန်းမြင့်ဒေသ လယ်ယာမြေဖော်ထုတ်ရေး စီမံကိန်းရုံးနှင့်
စက်မှုလယ်ယာ ဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ပြီး၊
ဆောင်ရွက်ဆဲ၊ ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများနှင့် ကြုံတွေ့ရသည့် အခက်အခဲ များကို
ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊
ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့က လိုအပ်သည်များ
ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်
(ပြန်/ဆက်)

No comments:
Post a Comment