ပုသိမ် ဩဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)၌ ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအစည်းအဝေး အမှတ်စဉ်(၃၃/၂၀၂၁) ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်
ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး
ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊
တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ
စစ်ဦးစီး ဗိုလ်မှူးကြီးအောင်ဆန်းလွင်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး
ဒေါက်တာ ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား
ပြောကြားခဲ့ပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်က
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေး နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပြီး၊
တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က
ယခင်နေ့ အစည်းအဝေး မှတ်တမ်းများ အပေါ်လုပ်ဆောင်ထားရှိမှုနှင့် ကော်မတီ၏
လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ထားရှိမှု များအား ရှင်းလင်းတင်ပြခဲ့သည်။
တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး
ဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းက ကျန်းမာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ထားရှိမှု
အခြေအနေများအား Power Point ဖြင့် ရှင်းလင်း တင်ပြဆွေးနွေးခဲ့ပြီး
တက်ရောက်လာသော ကော်မတီဝင်များမှ အထွေထွေ ဆွေးနွေးတင်ပြခဲ့ကြရာ ဧရာဝတီတိုင်းဒေသကြီး
အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးပြီး
နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မွန်းလွဲ ၁၂ နာရီခွဲချိန်တွင် တိုင်းဒေသကြီး
ကိုဗစ်-၁၉ ကာကွယ်ကုသ ထိန်းချုပ်ရေး လုပ်ငန်းများအတွက် (ဒုတိယအကြိမ်) အလှူငွေနှင့် ပစ္စည်းများ
ပေးအပ်ပွဲ အခမ်းအနားကို ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊
အစည်းအဝေးခန်းမ(၂)၌ ဆက်လက် ကျင်းပခဲ့ကြရာ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး ဒေါ်ကြည်ကြည်ထွန်းမိသားစုက
အလှူငွေကျပ်သိန်း(၁၀၀) ပေးအပ်ခဲ့ရာ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီးဌာနဝန်ကြီး
ဦးတင်အေးက လက်ခံရယူခဲ့ပြီး ဝန်ကြီးချုပ်အား ဂုဏ်ပြုမှတ်တမ်းလွှာ
ပြန်လည်ပေးအပ်ခဲ့သည်။ အလှူငွေများကိုဆက်လက်ပေးအပ်ရာ Ayeyar Hinthar
Holdings နှင့် ပုသိမ်စက်မှုမြို့ တော် စီမံကိန်းမှ
ငွေကျပ်(၂၇၄)သိန်းတန်ဖိုးရှိ ကိုဗစ်-၁၉ရောဂါကုသဆေး(၈)မျိုး၊ အလှူရှင်တစ်ဦးမှ ငွေကျပ်သိန်း
(၃၄၀) တန်ဖိုးရှိ Oxygen Concentrator (၂၀)လုံး၊
ဟင်္သာတမြို့ Family Hotel နှင့် Family မိသားစုရွှေဆိုင်မှ
ငွေကျပ် သိန်း(၂၀)၊ ဦးရဲထွန်းဝင်းနှင့် ဇနီး ဒေါက်တာခိုင်ခင်ဖြူ Newton
International College မိသားစုမှ O2 regulator 40 L (၅) အိုး၊ Su Paing Lynn Co.,Ltd ရန်ကုန်မြို့မှ
ငွေကျပ်(၁၀)သိန်း၊ Able Winners Co.,Ltd ရန်ကုန်မြို့မှ ငွေကျပ်(၁၀)သိန်း၊ Good
Brings Co.,Ltd ရန်ကုန်မြို့မှ
ငွေကျပ်(၁၀)သိန်း၊ ယုဇန ကုမ္ပဏီလီမိတက်မှ Oxygen Concentrator (၁)လုံး၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ
ငွေကျပ်(၁၀)သိန်း၊ မြောင်းမြမြို့ (သစ်လွင် စက်ပစ္စည်းရောင်းဝယ်ရေး) ဦးဝင်းလွင်နှင့်ဇနီး
ဒေါ်ချိုမာလွင် မိသားစုမှ ငွေကျပ်(၁၀)သိန်း၊ မြောင်းမြမြို့ ဦးထွန်းထွန်းစိုး
မိသားစုမှ ငွေကျပ်(၁၀)သိန်းတို့ကို ပေးအပ် လှူဒါန်းခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး
အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ လက်ခံခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို
ပြန်လည်ပေးအပ် ခဲ့ကြသည်။
ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးတင်မောင်ဝင်းက အလှူရှင်များအား ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး အလှူရှင်များလှူဒါန်းသည့် ုစုပေါင်းတန်ဖိုးငွေမှာ ငွေကျပ်(၈၂၆)သိန်း
ဖြစ်ကြောင်း သိရသည်။
မြင့်ဟန် ပုသိမ်ခရိုင်(ပြန်/ဆက်)

No comments:
Post a Comment