အမ်း ဩဂုတ် ၃၀
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအလှူရှင်များမှ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့နံနက် (၉)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ အခမ်းအနား တက်ရောက်လာသူများမှ နမောတသ(၃)ကြိမ် ရွက်ဆို၍ ဘုရား ကန်တော့ကာ ဘန်းတောင်ကျောင်းတိုက်ဆရာတော် ဦးဝိလာသထံမှ
ငါးပါးသီလ ဆောက်တည် ကြပြီး သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ် အစရှိသော ပရိတ်တရားတော်အား
နာယူ ကြည်ညိုခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်၊ မြို့နယ်စီမံ
အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးမင်းသန့်နှင့်
အဖွဲ့ဝင်များက သင်္ကန်း၊ ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်နီနှင့် နဝကမ္မအလှူငွေများ
ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဠတု (၃)ကြိမ်ရွက်ဆို ဆုတောင်း၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း
သိရသည်။
အဆိုပါ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းရာတွင် အမ်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်း
(၃၀)ကျောင်းအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ်
(၂၀)သိန်းနှင့် ဌာနဆိုင်ရာ အလှူရှင်များမှ လှူဒါန်းငွေကျပ် (၁၄၄၈၀၀၀)သိန်း၊
စုစုပေါင်းလှူဒါန်းငွေကျပ် (၃၄၄၈၀၀၀)ဖြင့် သင်္ကန်း၊ ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်နီများ လှုဒါန်းခဲ့ကြောင်း
သိရှိရသည်။

No comments:
Post a Comment