ဝန်းသို ဩဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ကံကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉စီးပွားရေးကုစားမှု အစီအစဉ်အရ ဆောင်ရွက်ခဲ့သော ကျေးရွာမတည်ရန်ပုံငွေ ဒုတိယအကြိမ် ပြန်လည် ထုတ်ချေးခြင်းနှင့် အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင်
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ၊ ဦးမြတ်မျိုးထွန်းက
ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းအကြောင်း၊ ကျေးရွာအဆင့် ခေါင်းဆောင်မှု၏ ခေါင်းဆောင်မှုပုံစံ
(၆)မျိုးအကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဥပဒေပါ ကျေးလက်နေပြည်သူများ ၏တာဝန်နှင့်ရပိုင်ခွင့်အကြောင်း၊
ပြစ်မှုနှင့်ပြစ်ဒဏ်များ အကြောင်းတို့ကို အသိပညာပေးဆွေးနွေး ဟောပြောခဲ့သည်။
ယင်းနောက်
ကျေးရွာအဆင့် ကျေးရွာမတည်ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီတို့က စိုက်ပျိုးရေး လုပ်ငန်းအတွက်
တောင်သူ ၄၃ဦးကို ငွေကျပ် ၂၀၉ သိန်း၊ မွေးမြူရေးလုပ်ငန်းအတွက်တောင်သူ ၂၆ဦးကို ငွေကျပ်
၉၂သိန်း၊ ကုန်ထုတ်လုပ်ငန်းအတွက် တောင်သူတစ်ဦးကို ငွေကျပ် ၆သိန်း၊ အရောင်းအဝယ် လုပ်ငန်းအတွက်
တောင်သူ တစ်ဦးကိုငွေကျပ် ၅သိန်း၊စုစုပေါင်းတောင်သူ ၇၁ဦးအတွက် ချေးငွေကျပ် ၃၁၂ သိန်းကို
ကော်မတီနှင့်အသင်းဝင်များ၏ သဘောတူ ဆုံးဖြတ်ချက်ဖြင့် ယခင်နှစ် အတိုးငွေ (၅၀)ပြား နှုန်းမှ ယခုနှစ်အတိုးငွေတစ်ကျပ်နှုန်းဖြင့်
ပြန်လည်ထုတ်ချေးပေးခဲ့ပြီး မြို့နယ်ကျေးလက်ဦးစီး ဌာနမှ စီမံကိန်းတာဝန်ခံဦးဖြိုးကျော်နှင့်
ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာလကျန်းမာရေးလမ်းညွှန်ချက်နှင့် အညီ ကြီးကြပ် ဆောင်ရွက်ပေးခဲ့သည်။
ဝန်းသိုမြို့နယ်တွင်
ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို Type-1 အမျိုးအစား ငွေကျပ်သိန်း (၃၀၀) မတည် ပေးသော
ကျေးရွာ ငါးရွာနှင့် Type-2 အမျိုးအစား ငွေကျပ်သိန်း ၂၀၀ မတည်ပေးသောကျေးရွာ တစ်ရွာ
စုစုပေါင်းကျေးရွာ ခြောက်ရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ကျေးရွာများအနက်
ကင်းကြိမ်ဖူးကုန်းကျေးရွာ၊ရွာမ (နမ်းခမ်းအုပ်စု) ကျေးရွာ၊ ကံကုန်း(ဖီလေးအုပ်စု) ကျေးရွာတို့တွင် ဒုတိယအကြိမ်မြောက်
စီမံကိန်းလည်ပတ်ရန်ပုံငွေများကို ပြန်လည်ထုတ်ချေးပြီးစီးပြီဖြစ် ကြောင်း မြိုနယ်ကျေးလက်
ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
ကျော်မြိုင်

No comments:
Post a Comment