မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့ နံနက်ပိုင်းက အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများလိုက်ပါကာ ပွင့်ဖြူ မြို့နယ်၊ ကြီးအုံကြီးဝ ရေလှောင်တမံသို့ ရောက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းက ဆည်အတွင်း လက်ရှိရေဝင်ရောက်မှု အခြေအနေ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နှိုင်မှု အခြေအနေနှင့် ရေကြီးရေလျှံမှုဖြစ်ပွားပါက ဘေးအန္တရာယ် ကျရောက်နိုင်မှု အခြေအနေများအား ရှင်းလင်းတင်အပေါ် ရေဘေး အန္တရာယ်မဖြစ် ပေါ်စေရေးနှင့် ဖြစ်ပေါ်လာပါက ဆောင်ရွက် သင့်သည်များကို လျှင်မြန်စွာ ဆောင်ရွက်နိုင်အောင် ကြိုတင်ပြင်ဆင် ထားရှိရန်မှာကြား ဆောင်ရွက်ခဲ့သည်။
ကြီးအုံကြီးဝတမံ
လက်ရှိအခြေအနေ မိုးရေချိန်ဖြင့် ရေကြီးရေလျှံမှု မဖြစ်နိုင်သေးကြောင်း
တမံကြံ့ခိုင်မှုမှာ ကောင်းမွန်ကြောင်း၊ ကြီးအုံကြီးဝတမံ ရေလယ်ဗယ် အမှတ်မှာ ၃၄၀.၀၀
ပေရှိပြီး ယနေ့အချိန်အထိ ဝ.၄ ပေသာ ကျော်လွန်ကြောင်း အရေးပေါ်အခြေအနေ ကြိုတင်
စီမံခန့်ခွဲမှု အဆင့်အတန်း သတ်မှတ်ချက်အရ အဆင့် ၁ အစိမ်းရောင် အဆင့်ပင်ရှိကြောင်း
အစိမ်းရောင် အဆင့်တွင် ပင်မရေပိုလွှဲမှ ရေကျော်အမြင့်ပေ ဝ.၁ ပေ မှ ၂၇ .၆၆ ပေရှိကာ
ယခုလက်ရှိတွင် ပင်မရေပိုလွှဲမှ ၂.၇၀ ပေသာ စီးဆင်းနေကြောင်း ဒုတိယညွှန်ကြားရေးမှူး
(မြို့ပြ) ဦးသန်းထွန်းက ရှင်းလင်းပြောကြားသည်။
ကြီးအုံကြီးဝတမံသည်
အထက်ပိုင်း ဒေသများတွင် မိုးရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေ ဝင်ရောက်မှုများရှိခဲ့ရာ
ယမန်နေ့ နံနက် ၆ ညနာရီအချိန် တိုင်းထွာချက်အရ တမံရေပြည့်မှတ် ဖြစ်သည့် ၃၄၀ ပေ အထက်
ဝ.၄ ပေခန့် ရေကျော်ကျမှု ရှိသဖြင့် ပြည်သူများအတွက် စိုးရိမ်စရာ
အခြေအနေမရှိကြောင်း၊ သဘာဝဘေးအန္တရာယ် ကင်းဝေးစေရေးစီမံချက်အရ အရေးပေါ် အခြေအနေ
သတ်မှတ်၍ တမံအတွင်း မိုးရေဝင်ရောက်မှု အခြေအနေအား ပြည်သူများ သိရှိနိုင်ရန်
အစိမ်းရောင်အလံ စိုက်ထူ၍ အသိပေး နှိုးဆော်ခြင်းဖြစ်ကြောင်း သိရသည်။
မောင်ညီညာ(မကွေး)

No comments:
Post a Comment