ဦးမြင့်စိန်
(ကျောက်တံတားမြို့နယ်၊ အုပ်ချုပ်ရေးမှူး)
ကျောက်တံတားမြို့နယ်ထဲမှာ အသက် ၆၅ နှစ်နဲ့အထက် ကာကွယ် ဆေးထိုးရမယ့်သူ ၂၈၈၅ ဦးရှိပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးနှံတဲ့ လုပ်ငန်းနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးက ညွှန်ကြားချက် အတိုင်း မြို့နယ်ထဲကရပ်ကွက်တွေမှာရှိတဲ့လုံးဝဆေးမထိုးရသေးတဲ့ အသက် ၆၅ နှစ်နဲ့အထက် ကာကွယ်ဆေးထိုးဖို့ လျာထားတဲ့ သက်ကြီး ရွယ်အိုစာရင်းနဲ့ ဆေးထိုးမယ့်နေရာကိုကြည့်ပြီး ရပ်ကွက်အုပ်ချုပ် ရေးမှူးတွေကို အကြောင်းကြားပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ကနေ သက်ကြီးရွယ်အိုတွေကို စုစည်းပြီး ဆေးထိုးရမယ့်နေ ရာကိုခေါ် လာပါတယ်။ ကြိုတင်စာရင်းပြုစုထားပြီးသားမို့ ဆေးထိုးဖို့လာတဲ့ သူတွေကို စာရင်းနဲ့ပြန်တိုက်စိစစ်ပြီး ဆေးထိုးနှံပေးပါတယ်။ ဆေးထိုး နှံချင်သူကများတော့ ဆေးကတော့မလောက်ဘူး ပေါ့။ စတင်ထိုးနှံတဲ့ ဩဂုတ် ၁ ရက်(ပထမအကြိမ်)ကဆိုရင် အမှတ်(၁)ရပ်ကွက်အတွက် အသက် ၆၅ နှစ်နဲ့ အထက် ကာကွယ်ဆေးထိုး ဖို့လျာထားဦးရေ ၃၀ ကိုခေါ်တဲ့အခါမှာ ကျန်းမာရေးအခြေအနေအရ မထိုးနိုင်တာကြောင့် နဲ့ ကျွန်တော်တို့လည်း ဆေးထုတ်ယူတာကြောင့် အဲဒီပထမနေ့မှာ သက်ကြီးရွယ်အို ၁၄ ဦးကိုပဲ ဆေးထိုးနှံနိုင်ခဲ့ပါတယ်။
ဩဂုတ်
၂ ရက် (ဒုတိယအကြိမ်)မှာတော့ အသက် ၆၅ နှစ်နဲ့ အထက် ၄၆ ဦးကို ဆေးထိုးပြီး သြဂုတ် ၃ ရက်
(တတိယရက်) မှာတော့ ဆေးထိုးတဲ့ ဆရာဝန် နေမကောင်းလို့ တစ်ရက်နားရပါတယ်။ ဒီနေ့ ဩဂုတ် ၄
ရက်(တတိယအကြိမ်)မှာတော့ အမှတ်(၁)နဲ့ (၂)ရပ်ကွက် ကျန်ရှိတဲ့ လူဦးရေနဲ့ အမှတ်(၃)နဲ့(၄)ရပ်ကွက်က
စုစုပေါင်း ၁၇၀ ကို ဆေးထိုးနှံပေးခဲ့ပါတယ်။ မနက်ဖြန်လည်း ကာကွယ်ဆေးဆက်လက် ထိုးနှံမှာဖြစ်ပြီး
အသက် ၆၅ နှစ်နဲ့ အထက် ကာကွယ်ဆေးထိုးလို့ပြီး ပြီဆိုရင်တော့ စေတနာ့ဝန်ထမ်းတွေပြီးရင်
ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ပြီးရင် မြို့နယ်ထဲက ဘဏ်ဝန်ထမ်းတွေ၊ စည်ပင်ဝန်ထမ်းတွေနဲ့ မြို့နယ်
ထဲနေထိုင်သူများတဲ့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က လူတွေကိုထိုးနှံ ပေးမှာဖြစ်ပါတယ်။ ကိုဗစ်ကြောင့်
သေဆုံးနှုန်းမြင့်တက်လာတာမို့ ကျန်းမာရေး ဝန်ကြီးဌာနကညွှန်ကြားချက်တွေကို ပြည်သူတွေအနေနဲ့
လိုက်နာဆောင်ရွက်သင့်ပါတယ်။
ဦးဌေးဝင်း
(ကျောက်တံတားမြို့နယ်၊ ကြက်ခြေနီအမှုဆောင်)
ကိုဗစ်ကာကွယ်ဆေးထိုးဖို့ကို
အထပ်မြင့်ပေါ်ကမဆင်းနိုင်ကြတဲ့ အသက်၆၅ နှစ်နဲ့အထက်သက်ကြီးရွယ်အိုတွေ အတွက်တပ်ဖွဲ့ဝင်တွေက
ဆေးထိုးနှံမယ့်နေရာကိုခေါ်လာတယ်။ ဆေးထိုးနှံပြီးတော့လည်း အိမ် အရောက်ပြန် ပို့ပေးပါတယ်။
ဆေးထိုးဖို့ စာရင်းသွင်းတဲ့နေရာ၊ ဆေးထိုး ရမယ့်နေရာ၊ ပြီးရင်စောင့်ကြည့် နေရာတွေကို
ဝိုင်းကြည့်ပေးရပါတယ်။ ကာကွယ်ဆေးထိုးပြီးရင် နာရီဝက်စောင့်ခိုင်းတယ်၊ အခုတတိယလှိုင်းမှာ
ဆေးထိုးကိုထိုးသင့်ပါတယ်။ ကိုဗစ်ဒုတိယလှိုင်းမှာဆေးမထိုး လိုက်ရတဲ့ ပြည်သူတွေအနေနဲ့
အခုကိုဗစ်တတိယ လှိုင်းမှာကာကွယ် ဆေးကိုထိုးနှံသင့်ပါတယ်။ တတိယလှိုင်းမှာ ဆေးထိုးကိုထိုးသင့်ပါ
တယ်။ ဘာလို့လဲဆိုတော့ ၆၅ နှစ်နဲ့အထက်ဟာဆိုရင် အားအင်နည်းတဲ့ အတွက် ကြိုတင်ကာကွယ်ဖို့
ထိုးဖို့လိုအပ်တာမို့ပါ။ နောက်ပိုင်းဆို လူငယ်တွေပါ ဆက်ထိုးရမှာဖြစ်ပါတယ်။
ဦးရဲထွဋ်
(အမှတ်-၃ ရပ်ကွက်၊ ကျောက်တံတားမြို့နယ်)
အသက်
၆၅ နှစ်နဲ့အထက်တွေကို ကာကွယ်ဆေးထိုးဖို့ အမှတ်(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ကြေညာပေးလို့
သိရတာပါ။ ဆီးချိုနဲ့ သွေးတိုးရောဂါအခံလည်းရှိတော့ ကိုယ့်ဟာကိုယ် ဆေးနဲ့ထိန်းရတာ ပေါ့နော်။
အိမ်ကနေ လည်း ဆီးချိုနဲ့သွေးတိုးရောဂါအတွက်တိုင်းလာ ခဲ့ပါတယ်။ ကျန်းမာရေးအတွက်ဆိုတော့
ဒီကိုဗစ်ကာကွယ် ဆေးက ထိုးနှံသင့်ပါတယ်။ ထိုးနှံဖို့လည်းလိုအပ်ပါတယ်။ ဒါကြောင့်မို့
ဒီမနက်ပဲ စာရင်းပေးပြီး လာ ရောက်ထိုးနှံတာ ဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးထားတော့ ကိုယ့်အတွက်ရော
မိသားစုနဲ့ ပတ်ဝန်းကျင်အ တွက်ပါ လုံခြုံစိတ်ချရစေတာမို့ ပြည်သူတွေအားလုံးကို ကာကွယ်ဆေးထိုးနှံ
စေချင်ပါတယ်။
ဒေါက်တာစောဟိန်းကိုကိုစိုး
(ပန်းဘဲတန်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး)
ကျွန်တော်တို့မြို့နယ်အတွက်
ကာကွယ်ဆေး ပထမအသုတ်စာ စတင်ရရှိမှုကလူဦးရေ ၈၀၀ စာရရှိထားပါတယ်။ Sinopham တစ်လုံးကို
လူနှစ်ဦးထိုးလို့ရပြီး ကာကွယ်ဆေးအလုံး ၄၀၀ ရရှိထားပါတယ်။ ပထမနေ့မှာ အမှတ်(၁) ရပ်ကွက်က
အသက် ၆၅ နှစ်နဲ့ အထက် ၂၀ ကိုဆေးထိုးနှံတဲ့အခါမှာ ကျန်းမာရေးကောင်းမွန်ပြီး ရောဂါအခံမရှိတဲ့
သူတွေကိုရွေးပြီးစတင်ထိုးနှံပေးပါတယ်။ ဆေးရရှိတဲ့အပေါ်မူတည်ပြီး နောက်နေ့မှာတော့ မြို့နယ်ထဲက
ရပ်ကွက် ၁၁ ရပ်ကွက်စလုံးက သူတွေကို မျှပြီးထိုးနှံပေးလိုက်ပါတယ်။ မြို့နယ်အတွင်းမှာ
အသက် ၆၅ နှစ်နဲ့ အထက်သက်ကြီးရွယ်အိုအားလုံးကို မျှပြီးထိုးနှံပေးသွားမှာ လည်းဖြစ်ပါတယ်။
လက်ရှိစာရင်းပေးသွင်းထားတဲ့ အသက် ၆၅ နှစ်နဲ့ အထက် သက်ကြီးရွယ်အို ဦးရေ ၃၀၀ နီးပါးသာရှိသေးတာမို့
သက်ကြီး ရွယ်အိုစာရင်းကို ဆက်လက် ကောက်ယူလျက်ရှိပါတယ်။ ဒီနေ့မှာတော့ ပုဂ္ဂလိကဆေးဝန်ထမ်းတွေ၊
စေတနာ့ဝန်ထမ်းတွေ၊ ပရဟိတ၊ ဘာသာရေးကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေက ၂၂၃ ဦးကို ထိုးနှံ
ပေးခဲ့ပါတယ်။ ကာကွယ်ဆေးထိုး မယ့်သူစာရင်းကိုတော့ ကောက်နေဆဲ ဖြစ်ပါတယ်။ ပြည်သူတွေက ဆေးထိုးပြီးသွားတဲ့သူတွေရဲ့
အသံကို နားထောင်ပြီး စာရင်းလာပေးနေကြသေးလို့ပါ။ ဒီကာကွယ်ဆေးကတော့ အခုလက်ရှိဆေးထိုးပြီးတဲ့သူတွေ
မှာတော့ အဆင်ပြေကောင်းမွန်နေတာမို့ ဆေးထိုးနှံဖို့သင့်ပါတယ်။
ဗိုလ်မှူးညီဗိုလ်ဗိုလ်စိုး
(ပန်းဘဲတန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်-၁)
ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းစဉ်အတွက်
ကာကွယ်ဆေး တွေကိုတနင်္ဂနွေနေ့မှာစထုတ်လို့ရပြီဆိုတာ သိရတော့တိုင်းကျန်းမာရေး ဦးစီးဌာနနဲ့ချိတ်ဆက်ပြီး
ဆေးအလုံး ၄၀၀ ထုတ်လာပါတယ်။ ပြီးတော့ အသက် ၆၅ နှစ်နဲ့အထက် ကာကွယ်ဆေးထိုးနှံမယ့်သူတွေစာရင်း
ကောက်ယူဖို့ကို သက်ဆိုင်ရာရပ်ကွက်တွေကနေ တစ်ဆင့် စာရင်း ကောက်ခံခိုင်းပြီး မြို့နယ်ရုံးကိုစာရင်းပေးခိုင်းပါတယ်။
စတင်ထိုးနှံတဲ့ တနင်္ဂနွေနေ့မှာဆေးထိုး မယ့်နေရာအတွက် ပြင်ဆင်ဆောင်ရွက်ရတာ ကြောင့်
အသက် ၆၅ နှစ်နဲ့အထက်ဦးရေ၂၀ လောက်ကိုပဲ ဆေးထိုးနှံနိုင် ခဲ့ပါတယ်။ ဒုတိယနေ့ဖြစ်တဲ့ တနင်္လာနေ့မှာတော့
သက်ကြီးဦးရေ ၁၃၀ ကို ထပ်တိုးထိုးပေးပြီး အင်္ဂါနေ့မှာတော့ သက်ကြီး ၂၅၄ ဦးနဲ့ ဒီနေ့
ဗုဒ္ဓဟူးနေ့မှာတော့ အစဉ်လိုက်အတိုင်း ဒုတိယဦးစားပေးအနေနဲ့ ကာကွယ် ဆေးမထိုးရသေးတဲ့ ပုဂ္ဂလိကဆေးဝန်ထမ်းတွေ၊
စေတနာ့ ဝန်ထမ်းတွေ၊ ပရဟိတ၊ ဘာသာရေး ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်း တွေကဦးရေ၂၀ကိုထိုးနှံပေးခဲ့ပါတယ်။
မနက်ဖြန်မှာတော့ နိုင်ငံ့ဝန်ထမ်းနဲ့ ( ဝန်ထမ်း မိသားစုဝင်တွေကို စာရင်းကောက်ယူထားတာမို့
ဆေးထိုးမယ့် ဝန်ထမ်းတွေအနေနဲ့ ဝန်ထမ်းကတ်ပြ ရမယ်၊ နိုင်ငံ့ဝန်ထမ်းမိသားစုဝင် ဆိုရင်လည်း
သက်ဆိုင်ရာအကြီးအကဲထောက်ခံချက် ကိုယူပြီးတိုက်ဆိုင် စစ်ဆေးပြီး စာရင်းပေးရမှာဖြစ်သလို
သေချာစိစစ်ပြီးတာနဲ့ဆေးထိုးနှံ ပေးမှာဖြစ်ပါတယ်။ ဒါတွေအားလုံးပြီး သွား ရင်တော့ ကျန်ရှိနေသေးတဲ့
အသက် ၆၅ နှစ်နဲ့အထက်တွေကို ရပ်ကွက်တွေကနေတစ်ဆင့် တစ်ရက်ကြို တင် အကြောင်းကြားပြီးတော့
နောက်ထပ်တစ်ခါစာရင်း ပြန်ကောက်ပြီး ကာကွယ်ဆေးထိုး နှံပေးမှာဖြစ်ပါ တယ်။ လက်ရှိနိုင်ငံ
ဝန်ထမ်းနဲ့ မိသားစုဝင်တွေဆိုရင် စာရင်းပေးထားတာ ဦးရေ ၃၅၀ နီးပါးရှိပါ တယ်။ နိုင်ငံ့ဝန်ထမ်းနဲ့မိသားစုဝင်တွေ
ဆေးထိုးပြီးပြီဆိုရင် ဆေးကတစ်ကြိမ်ပဲရှိသေးတဲ့အတွက် စိတ်ချလို့မရသေး ပါဘူး။ နှစ်ကြိမ်ထိုးနှံမှ
ဆေးအာနိသင်က သက်ရောက်မှာဖြစ်ပါတယ်။ ကျန်းမာရေး ညွှန်ကြားချက်နဲ့ အညီ ကာကွယ်လုပ်ဆောင်သင့်ပြီး
ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းဟာ သူများအတွက်ပါ ကာကွယ်ပေး ခြင်းဖြစ်တာမို့ အကောင်းဆုံးပါပဲ။
ဦးချစ်ငွေ
(ကြက်ခြေနီသူနပြုတပ်ဖွဲ့၊ တပ်ဖွဲ့ မှူး)
မြန်မာနိုင်ငံ
ကြက်ခြေနီအသင်းရဲ့ ရည်ရွယ်ချက်က ကျန်းမာရေး ကနေ့စဉ်အဓိကဖြစ်ပါတယ်။ ရောဂါဖြစ်လာ ရင်ကာ
ကွယ်တားဆီးမယ်၊ ဘေးဒုက္ခတွေကျရောက်ရင်လည်း ကြက်ခြေနီကစွမ်းဆောင်ကူညီရပါ တယ်။ အခုဆိုရင်ကိုဗစ်က
မြန်မာနိုင်ငံတင်မကဘူး တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ ရောဂါဆိုးမို့ ကျန်းမာရေး ဝန်ကြီးဌာနက
ညွှန်ကြားထားတဲ့ အတိုင်း စနစ်တကျလုပ်ဆောင်ကြမယ်ဆိုရင် ကူးစက်မှုကိုလျော့နည်း သက်သာစေ မှာဖြစ်ပါ
တယ်။ ကျန်ရှိသူတွေအနေနဲ့လည်း ကာကွယ် ဆေးထိုးနှံကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့
မိတ်ဖက်အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းပြီး ပခုံးပေါ်နဲ့ ဦးထုပ်ပေါ်မှာရှိတဲ့ အပေါင်းလက္ခဏာနဲ့ကူညီပေးမယ်၊ ကာကွယ်ပေးမယ်၊ စောင့်ရှောက်
ပေးမယ်၊ ဌာနဆိုင်ရာအသီးသီးနဲ့ ပူးပေါင်းပြီးအဆင်ပြေအောင်ကူညီ ဆောင်ရွက် ပေးမှာဖြစ်ပါတယ်။
ဒီမှာလည်း ကျွန်တော်အပါအဝင် တပ်ဖွဲ့ဝင် ခြောက်ယောက်နဲ့ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေပါတယ်။
ဦးသိန်းမြင့်
(အမှတ်- ၂ ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်)
မြို့နယ်ကျန်းမာရေးဦးစီးဌာနနဲ့
မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကို ကာကွယ် ဆေးထိုးဖို့
အကြောင်းကြားလာပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကနေ တစ်ဆင့် နှစ်ရက်ကြို တင် အကြောင်းကြားလို့သိရတာနဲ့
ကာကွယ် ဆေးလာထိုးနှံတာပါ။ အခုဆေးထိုးပြီးတာ နာရီဝက် လောက်ရှိ ပါပြီ။ ဆေးထိုးတာ တစ်စုံတစ်ရာ
ဘာမှမခံစားရပါဘူး။ ကာကွယ်ဆေးက ကိုယ့်အတွက် အကာအကွယ်ဖြစ်ပြီး ကိုယ့်မိသားစုနဲ့ပတ်ဝန်းကျင်
အတွက်လည်းကောင်းတာမို့ ထိုးနှံသင့်ပါတယ်။ ကိုယ့်ကျန်းမာရေး အတွက် ကာကွယ်တာ မမှားပါဘူး။
အခုဆေးထိုးပြီးပြီဆိုတော့ နေမကောင်းရင် ချက်ချင်း
အကြောင်းကြားခိုင်း ထားပါတယ်။ ဒုတိယအကြိမ် ဆေးထိုးဖို့လည်း လာရောက်ထိုးနှံဦးမှာဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်း - ပွင့်သစ္စာ ဓာတ်ပုံ - စိုးမြင့်အောင်
No comments:
Post a Comment