နေပြည်တော်၊ ဩဂုတ် -၂၃
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၉)ကြိမ်မြောက် ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊
ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူး ကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊
ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ
နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်
များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးနှင့်
ပြည်နယ်အသီးသီးတွင် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်းလျက်ရှိသည့် အခြေအနေများ၊
ရောဂါ ဖြစ်ပွားမှုနှုန်း လျော့ကျခြင်း မရှိဘဲ ရောဂါပိုး အတည်ပြုလူနာတွေ့ရှိမှုနှုန်း
မြင့်မားလျက် ရှိသည့် အချို့မြို့နယ်များကို နေအိမ်တွင်နေထိုင်ရေး (Stay at home) ထပ်မံကန့်သတ်
ထားရှိ၍ ကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျ စေရေး လုပ်ဆောင်လျက်ရှိသည့် အခြေအနေများ၊
ကမ္ဘာ့နိုင်ငံများနှင့် အိမ်နီးချင်း နိုင်ငံများတွင် ဗီဇပြောင်းရောဂါပိုးများ ဆက်လက်
တွေ့ရှိနေရမှု၊ ကူးစက်ပြန့်ပွားနိုင်မှု အခြေ အနေများနှင့် ဗီဇပြောင်း ရောဂါပိုးများ
ကူးစက်ဝင်ရောက်နိုင်မှုကို ကာကွယ်တားဆီး နိုင်ရေး လုပ်ဆောင်လျက် ရှိသည့် အခြေအနေများ၊
ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည့် အခြေအနေများ၊ ကာကွယ် ဆေးများ ဆက်လက်ရောက်ရှိလာမည့်
အခြေအနေများနှင့် ထပ်မံမှာယူထားရှိမှု အခြေအနေများ၊ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ
ဆက်လက်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေး လျက်ရှိကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment