Monday, August 23, 2021

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ဝန်ထမ်းများအား ကိုဗစ် - ၁၉ ကာကွယ်ဆေးဒုတိယ အကြိမ် ထိုးနှံမှုဆောင်ရွက်

 





 

ပုဗ္ဗသီရိ ဩဂုတ် ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၂၀) အခြေခံပညာ အထက်တန်း ကျောင်းတွင်   ၂၃-၈-၂၀၂၁ရက်နေ့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ တာဝန်ရှိသူများက စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးထဲတွင်ရှိ သည့် အောက်ဆီဂျင်ပမာဏတိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်သည်။

ကာကွယ်ဆေးထိုးနှံရာတွင် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့်  ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အတွင်းရှိဝန်ထမ်း (၇၉၀)ဦးတို့ကို   မြို့နယ်ခုတင်(၅၀)ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာ သိမ့်သိမ့်ထွေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်ဆေးအဖွဲ့ဝင်များက ထိုးနှံပေးခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းသိ ရသည်။

မျိုးသီဟ

No comments:

Post a Comment