ပုသိမ်ကြီး ဩဂုတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မြို့နယ်အတွင်း သတ်မှတ်နေရာ ၄ခု မှာ စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး၊ မြို့နယ်အတွင်း ရန်ကင်းကိုဗစ်ကုသရေးစင်တာ (မန္တလေး)အား အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ဖွင့်လှစ်ထားလျက်ရှိသည်။
အဆိုပါ ကုသရေးစင်တာသည် ကုတင် ၁၀၀၀ဆံ့ ကုသရေးစင်တာဖြစ်ပြီး လူနာများအား အစားအစာ ၊ဆေးဝါးနှင့် ကုသရေးအပိုင်းများကို အဓိက လုပ်ဆောင်ပေးမည်ဖြစ်ကာ သြဂုတ် ၄ရက်နေ့တွင် ဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
ရန်ကင်းကိုဗစ် ကုသရေးစင်တာသည် ယနေ့သြဂုတ် ၇ရက်နေ့ကစ၍ ကိုဗစ်လူနာများကို လက်ခံ ကုသဆောင်ရွက် ပေးလျက်ရှိပြီး၊ စင်တာအနေဖြင့် ယခုလက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနမှ လွှဲပြောင်း ပေးသည့် လူနာ၅အား လက်ခံကုသပေးနေကြောင်း အဆိုပါ စင်တာစီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်စိုး ထံမှသိရသည်။
ရန်ကင်းကိုဗစ်စင်တာအနေဖြင့် အောက်စီဂျင် ရရှိရေးကိုလည်း အဓိကထား ဆောင်ရွက်လျက်ရှိသည်။ ယခု လက်ရှိတွင် ကုသမှုခံယူနေသော လူနာများ အောက်စီဂျင်အခက်အခဲမရှိစေရန် အောက်စီဂျင်ရရှိနိင်သည့် နေရာများမှ သွားရောက်ရယူ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်

No comments:
Post a Comment