Friday, August 6, 2021

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဘားအံမြို့နယ်၊ မွေးမြူရေးဇုန်သို့ သွားရောက် ကြည့်ရှုစစ်ဆေး

 


                                                                      ဘားအံ၊ ဩဂုတ် ၆

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦး စောမြင့်ဉီးသည် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဘားအံမြို့နယ်၊ မွေးမြူရေးဇုန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

 ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့ အမှတ်(၂၂)ခြေလျင်တပ်မဌာနချုပ် အတွင်းရှိ စိုက်ပျိုး၊ မွေးမြူရေးဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုရာအမှတ်(၂၂)ခြေလျင် တပ်မဌာနချုပ်မှ စစ်ဉီးစီးမှူး ပထမတန်း ဒုတိယ ဗိုလ်မှူးကြီး ဝေလင်းအောင်က လိုက်လံရှင်းလင်းတင်ပြသည်။

အဆိုပါ အမှတ်(၂၂)ခြေလျင်တပ်မ ဌာနချုပ်တွင် DYL အမျိုးအစား ဝက်ကောင်ရေ(၁၀၁)ကောင်၊ နို့စားနွား (၁၄)ကောင်၊ ဆိတ်(၉၀)ကောင်၊ ဥစာကြက် (၇၈၄) ကောင် မွေးမြူထားရှိပြီး ဥစာကြက်များမှ တစ်နေ့ ပျမ်းမျှ ကြက်ဥ (၇၂၀)လုံးခန့်ထွက်ရှိကြောင်း၊ ထိုအပြင်ကြက်သားပေါက်ကောင်ရေ (၁၀၀၀)ခန့်ကိုလည်း ထပ်မံမွေးမြူးထားရှိကြောင်း သိရှိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမွေးမြူရေးဇုန်သို့ရောက်ရှိရာ မွေးမြူရေးနှင့် ကုသရေး ဉီးစီးဌာနမှ ပြည်နယ်ဉီးစီးမှူး ဒေါက်တာအောင်မြင့်ဟန်က မွေးမြူရေးဇုန်နှင့် ပတ်သက်၍ မွေးမြူရေး လုပ်ငန်း ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။ အဆိုပါမွေးမြူဇုန်တွင် ဥစာကြက် ကောင်ရေ(၆၀၀၀၀)၊ ဝက်(၁၇၇) ကောင်၊ ဆိတ်(၁၈၉)ကောင်၊ နွား(၁၄၅)ကောင်၊ ငုံး(၁၀၀၀)ကောင် မွေးမြူထားရှိပြီး မွေးမြူရေးလုပ်ကိုင်သူ လုပ်ငန်းရှင် (၁၄၁)ဉီးရှိပြီး ဘားအံမွေးမြူရေးဇုန်တွင် တစ်နေ့လျှင် ကြက်ဥအထွက်နှုန်း ၈၀% ရှိပြီး အလုံးရေ (၄၈၀၀၀) ထွက် ရှိကြောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် မွေးမြူရေးဇုန်ဥက္ကဋ္ဌ ဦး စောသာပေါင်းက မွေးမြူရေးဇုန်တွင် လက်ရှိဆောင်ရွက်လျက်ရှိသော အခြေအနေ များကို လည်းကောင်း၊တက်ရောက်လာသော မွေးမြူရေးတောင်သူများက လိုအပ်ချက်များကို လည်းကောင်း၊ ရှင်းလင်း တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်းသိရှိရသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွေးမြူရေးဇုန်အတွင်းရှိ မွေးမြူရေးခြံများသို့ လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများကရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ဝဲကရင်ကျေးရွာအုပ်စုရှိ နောင်သာယာစံ ပြစိုက်ပျိုးမွေးမြူရေးစခန်းသို့ သွားရောက်ခဲ့ရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး နောင်သာယာ စံပြစိုက်ပျိုး မွေးမြူရေးစခန်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြရာတင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရ သည်။

ပြည်နယ်(ပြန်/ဆက်)




No comments:

Post a Comment