Saturday, July 31, 2021

ပေါက်မြို့နယ်၊ ကျောက္ကာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်းအား ပေါက် PDF အဖွဲ့က ဖမ်းဆီးသတ်ဖြတ်

 ပေါက် ဇူလိုင် ၃၁

ပေါက်မြို့နယ်၊ ကျောက္ကာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်းဦးထီမြို့ (ဘ)ဦးကြီးရှိန်ပင် တောင်ကျေးရွာ နေသူနှင့် ပင်တောင်ကျေးရွာသား တစ်ဦးအားပေါက် PDF အဖွဲ့က ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က ဝန်ခြုံးကျေးရွာ၏ မြောက်ဘက်သုံးမိုင် ခန့်အကွာတောင်ကုန်းဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါဖမ်းဆီးခေါ်ဆောင်သွား ကြောင်းသတင်းအရ‌ကိုင်းလယ် ရဲစခန်းမှဦးစီးအဖွဲ့ (၂+၈) ဦးနှင့် ပင်တောင်ရွာသား (၃၀) ဦးတို့ ပူးပေါင်းကာ ဖမ်းဆီးခေါ်ဆောင်သွားသည့် PDF အဖွဲ့အား လိုက်လံ ရှင်းလင်း ရာပင်တောင်ကျေးရွာနှင့်ဝန်ခြုံး ကျေးရွာကြားအရောက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး အုပ်ချုပ်ရေးမှူး ဟောင်း၏ အလောင်းအား ရှာဖွေ တွေ့ရှိခဲ့သည်။

ဆက်လက်၍ ပေါက်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် (၁၂) နာရီခွဲအချိန် ပူးပေါင်းပြီး ဝန်ခြုံးရွာသို့ ဆက်လက် ရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး၏ ပြော ကြားချက်အရ ဝန်ခြုံးကျေးရွာ၌ မီးလောင်မှု ဖြစ်စဉ်မရှိဘဲ PDF အဖွဲ့က ၎င်းတို့ယာယီအသုံး ပြုသည့် တဲအား မီးရှို့ထွက်ပြေးခြင်းသာဖြစ်ကြောင်း သိရသည်။


No comments:

Post a Comment