ကျောက်မဲ ဇူလိုင် ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၌ ယနေ့နံနက် ၁၀ နာရီအချိန်ကစ၍ မြို့ကျက်သရေဆောင်ခန်းမနှင့် အမှတ် ၈ ရပ်ကွက်ရှိ ကွန်ဖြူးရှပ်ကျောင်းတို့၌ စုရပ် ၂ နေရာခွဲ၍ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေ သည့် ဒုတိယမြောက်နေ့တွင် ဆေးလာရောက်ထိုးနှံသူ များပြားကြောင်းသိရသည်။
ကျောက်မဲမြို့ပေါ်တွင်
အသက် ၆၅ နှစ်နှင့်အထက်ပြည်သူများအား ယမန်နေ့
နံနက် ၉ နာရီက စ၍ ကွန်ဖြူးရှပ်ကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ
ဆေးလာရောက် ထိုးနှံသူ ၁၀၈ ဦးသာ ရှိခဲ့သော်လည်း ယနေ့တွင် ဆေးလာရောက်ထိုးနှံသူများပြားသောကြောင့်
စုရပ် ၂ နေရာခွဲ၍ ဆောင်ရွက်ပေးခဲ့ရခြင်းဖြစ်သည်။
အလားတူ
ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့မြို့၊
မိုင်းလုံမြို့နှင့် နောင်ပိန်ကျေးရွာအုပ်စု တို့တွင်လည်း သက်ဆိုင်ရာ စုရပ်၌ ယနေ့မှစ၍
အသက် ၆၅နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြေားကြားချက်အရသိရသည်။
ယခု
ထိုးနှံပေးသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည်တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစားဖြစ်ပြီး
ဆေးတစ်လုံးလျှင် လူ ၂ ဦးနှုန်း ထိုးပေးနိုင်ကြောင်းသိရပြီး ရှေးဦးစွာ အသက် ၆၅ နှစ်နှင့်အထက်
ပြည်သူများကို ဦးစားပေးထိုးနှံပေးသွားမည်ဖြစ်ကာ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများအား
ကာကွယ်ဆေး ထိုးနှံပေးပြီးပါက ကာကွယ်ဆေး မထိုးနှံရသေးသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊
ဈေးရောင်းသူများ၊ စားသောက်ဆိုင်/ လက်ဖက်ရည်ဆိုင်ဝန်ထမ်းများ၊ တည်းခိုခန်းဖွင့်လှစ်ထားသူများ၊
ပုဂ္ဂလိကဘဏ် ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံဝန်ထမ်းများနှင့် ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းမှ
ပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment