Tuesday, April 6, 2021

UWSA (ဝ)တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဆေးဘက်ဆိုင်ရာသင်တန်းနှင့် မွမ်းမံ သင်တန်းများ ဖွင့်လှစ်သင်ကြား

 


နေပြည်တော်၊ ဧပြီ  

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ဝမ်ဟုန်ကျေးရွာရှိ ဝမ်ဟုန်ဆေးရုံ၌ တြိဂံဒေသ တိုင်းစစ်ဌာန ချုပ်၊ နယ်မြေခံဆေးတပ်ရင်းမှ ဆေးတပ်ဖွဲ့ဝင်များဖြင့် UWSA (ဝ) တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် များအား ဆေးပညာရပ်ဆိုင်များ သင်ကြားပေးရန်အတွက် ဆေးဘက်ဆိုင်ရာ သင်တန်းအမှတ်စဉ် (၂/၂၀၂၁)နှင့် ဆေးဘက်ဆိုင်ရာ မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၁) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါနေရာ၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ UWSA(ဝ)အဖွဲ့မှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက သင်တန်းဖွင အမှာစကားပြောကြားပြီး UWSA(ဝ) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား သည်။

 

ထို့နောက် ဆေးဘက်ဆိုင်ရာသင်တန်းနှင့် ဆေးဘက်ဆိုင်ရာမွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချရာတွင် အသုံးပြုသည့် သင်ထောက်ကူပစ္စည်းများအား  တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် UWSA(ဝ) အဖွဲ့မှ တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဖြည်းဆည်း ဆောင်ရွက် ပေးသည်။

 

အဆိုပါ ဆေးဘက်ဆိုင်ရာ သင်တန်းအမှတ်စဉ်(၂/၂၀၂၁)သင်တန်းကို ဒေသခံတိုင်းရင်းသား ပြည်သူ သင်တန်းသား၊ သင်တန်းသူ ၄၆ ဦးဖြင့် လည်းကောင်း၊ ဆေးဘက် ဆိုင်ရာမွမ်းမံ သင်တန်း အမှတ်စဉ်(၁/၂၀၂၁)ကို ဒေသခံတိုင်းရင်းသားပြည်သူ သင်တန်း သား၊ သင်တန်းသူ ၂၄ ဦးတို့ဖြင့် မေ ၂၁ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ကြောင်းနှင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု လုပ်ငန်းများ ကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

No comments:

Post a Comment