Tuesday, April 6, 2021

မြစ်ကြီးနားမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် များအား တွေ့ဆုံ




နေပြည်တော်၊ ဧပြီ - ၅

   ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့ စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံပွဲကို ယနေ့နေ့လယ်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့်အဖွဲ့ ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ တက်ရောက် ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ နှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက စားသောက် ဖွယ်ရာများ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် သုတ၊ ရသစာအုပ်၊ စာစောင်များ ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး တက်ရောက်လာကြသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ယင်းနောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ အား တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ် ငန်းများ ဆောင်ရွက်နေမှုများကို တိုင်းမှူးနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး ခဲ့ကြောင်း သတင်းရရှိသည်။
 
သတင်းစဉ်

No comments:

Post a Comment