နေပြည်တော်၊ ဧပြီ ၅
ဆူပူအကြမ်းဖက်သူများ အသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီး ထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ သီရိရတနာဝင်းလမ်း၌ မသင်္ကာဖွယ်ရာ အမျိုးသားတစ်ဦး တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ ရဲမင်းထွန်း(ဘ)ဦးဌေးဝင်းအား ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့်ပစ္စည်းများနှင့် လည်းကောင်း၊ (ဌ)ရပ်ကွက်၊ ပုလဲ(၁)လမ်းနေ ဆူပူအကြမ်း ဖက်မှုတွင်ပါဝင်လှုံ့ဆော်သူ
ဦးတင်ဆွေ(ဘ)ဦးမြင့်အောင်အားလည်းကောင်း၊ (ည)ရပ်ကွက်၊ သုနန္ဒာလမ်းနှင့် ခေမာသီ လမ်းဆုံ၌ မော်တော်ယာဉ်အမှတ်၊ E- 32449 ၊ Probox အမျိုး အစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ အငှားယာဉ်မောင်းဖြစ်သူ ဇော်ဇော်အောင် (ဘ)ဦးဆွေဝင်းအား ဓားမျိုးစုံ ၁၈ လက်နှင့်လည်းကောင်း၊ ဧပြီ ၃ ရက်တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ (၈၇)ရပ်ကွက်၊ အင်းဝ(၂)လမ်း၊ အမှတ်(၉၆၂)၌ဆူပူအကြမ်း ဖက်မှုများ လုပ်ဆောင်ခြင်းနှင့် ပြန်ပေးဆွဲခြင်းများ လုပ်ဆောင်သည့် သင်းအေး(ခ)ကျွဲကြီး၊ စိုးသူအောင်(ဘ)ဦးမြသောင်း၊ ရှိုင်းသူရ(ဘ) ဦးဌေးကြွယ်၊ ဇော်မင်းထွန်း(ခ) အိုက်ပီး(ဘ) ဦးအုန်းတင်နှင့် ဒေါ်ဝေဝေခိုင်(ဘ)ဦးဆန်းမောင်တို့ ၅ ဦးအား ၎င်းတို့ ခိုးယူထားသည့် မော်တော်ယာဉ်တစ်စီး၊ အခြား ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ ညောင်တုန်းမြို့၊ မြို့ပေါ်ရပ်ကွက်များအတွင်း လက်လုပ်မိုင်းတု(၄)လုံး ထောင်ရာတွင်ပါဝင်ခဲ့သူ အမှတ်(၂) ရပ်ကွက်၊ အမှတ်(၂၆)လမ်းနေ ရှိန်းဇင်ဖြိုး(ဘ) ဦးအေးကို အားလည်းကောင်း၊ မြန်အောင်မြို့၊ ဘန့်ဘွေးကုန်းကျေးရွာရှိ ရဲကင်းစခန်းအားမီးရှို့ခဲ့သူ ဝေလင်းထက်(ဘ) ဦးမြင့်ခိုင်အား လည်းကောင်း၊ ပန်းတောင်းမြို့နယ်၊ တုံးဘိုတိုက်နယ်၊ သာစည်ကုန်းကျေးရွာ၊ မဟာအတုလအနန္တမုနိဘုရားကုန်း အနီးရှိလမ်းပေါ်၌ ဆူပူအကြမ်းဖက် သူများက သစ်ကိုင်းများ၊ ကျောက်တုံးများဖြင့် ပိတ်ဆို့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်ပြုတိုက်ခိုက်လာသဖြင့် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်ဖြင့် ခြောက်လှန့်ပစ်ခတ် လူစုခွဲခဲ့ရာ ၎င်းတို့အနက်မှ ကြည်ခိုင်(ဘ)ဦးအုန်းမောင်အား ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ပစ္စည်းများနှင့်လည်းကောင်း၊ အေပြီ ၄ ရက်တွင် လယ်ဝေးမြို့၊ အမှတ်(၄) ရပ်ကွက်၊ ရန်ကုန်- မန္တလေးလမ်းဟောင်းဘေးရှိ အိမ်အမှတ်(၄/၅၄)နေ ကျော်ကျော်ဟန်(ခ) ကျော်ဇေ(ခ)ဖိုးလုံး(ဘ)ဦးသောင်းလွင်အား ၎င်းပိုင်ဆိုင်သောဆွေသဟာ အထည်ဆိုင် အတွင်းမှ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ပစ္စည်းများနှင့်လည်းကောင်း၊ တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ မြင့်မိုရ်လမ်းကြား၌ အတားအဆီးများပြုလုပ်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဆူပူအကြမ်းဖက်တိုက်ခိုက်သူများဖြစ်သည့် မျိုးမောင်မောင်(ခ) မွေးနီ (ဘ) ဦးမြသန်း၊ အောင်ဇော်သန်း(ခ)ဖိုးဖြူ(ဘ)ဦးမြသန်း၊ ဖိုးလုံး(ခ)ထွန်းထွန်းဦး(ဘ) ဦးမြသန်း၊ ခွန်မောင်ဖြူ(ဘ)ဦးခွန်ကျော်ရီ၊ ဦးမြင့်သိန်း(ဘ)ဦးထွန်းစိန်နှင့် ကျော်စွာ (ဘ)ဦးအံထော်တို့ ၆ ဦး အားလည်းကောင်း၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်၊ မီးပွိုင့် အနီး၌ ဆူပူအကြမ်းဖက်သူ ၁၀၀ ဦး ခန့်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓိကရုဏ်း လက်နက်ဖြင့် ခြောက်လှန့်ပစ်ခတ်ဖြိုခွဲခဲ့ရာ ၎င်းတို့အနက်မှ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ပစ္စည်းများဖြင့် လည်းကောင်း၊ သံဖြူဇရပ်မြို့နယ်သွားကားလမ်း၌ ကရုပ္ပိ ကျေးရွာဘက်မှ ပငကျေးရွာ ဘက်သို့မောင်းနှင် လာသည့် မော်တော်ယာဉ်အမှတ်၊ 3M- 9217၊ Missubishi Extercup အမျိုးအစား မော်တော်ယာဉ်အားရပ်တန့်စစ်ဆေးရာ NLD ပါတီ ရပ်/ကျေးအတွင်း ရေးမှူးဖြစ်သူ သူရိန်ထွန်း(ဘ)ဦးချစ်စိန်အား ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ပစ္စည်းများ၊ CRPH အဖွဲ့ဝင်များနှင့် ဆက်သွယ်ပြောဆိုထားသည့် မှတ်တမ်းများ နှင့် လည်းကောင်း၊ ကမာရွတ်မြို့နယ်၊ ထန်းတပင်လမ်းနှင့် စေတနာသုခ လမ်းထောင့်နေရာ၌ ဆူပူအကြမ်းဖက် သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များကဖြိုခွဲရာ ၎င်းနေရာမှ လက်လုပ်ဗုံး ၁ လုံးနှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စံပယ်လမ်း၊ တိုက်အမှတ် (၁၂၈၂)၊ ဒုတိယထပ်ရှိ ရဲထွဋ်ဝင်းနေအိမ်၌ လွင်မိုးဟိန်းအား ဆူပူအကြမ်းဖက်မှု တွင်အသုံးပြုသည့်ပစ္စည်းများနှင့် လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးဝန်း၊ ဒနင်းရိုးချောင်းပတ်လမ်း၊ ဟိုက်ဒရောလစ်ပိုက် အရောင်းဆိုင်၊ ဆိုင်အမှတ် (ထ/၁၄)၌ ဆွေသက်ဝင်း(ဘ) ဦးသိန်းဇော်အပါအဝင်အမျိုးသား ၄ ဦး အား ဒူးလေး ၄ လက်၊ ဓားမျိုးစုံ ၂၁ ချောင်း၊ အခြားဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ မုံရွာမြို့၊ အလယ်ရပ်ကွက်၊ အမှတ်(၁)အထက် တန်းကျောင်းလမ်း၌ CRPH အဖွဲ့အား ကြိုးကိုင် ခေါင်းဆောင်သူ တစ်ဦးဖြစ်သည့် NLD ပါတီ ရပ်/ကျေး ဥက္ကဋ္ဌဖြစ်သူ နေဦး(ဘ) ဦးလှအောင် အားလည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။
အလားတူ ယနေ့တွင် ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ဦးမျိုးမြင့်(ဘ) ဦးထွန်းတင်၏ နေအိမ်မှ လက်လုပ်သေနတ် ၁ လက်၊ ၃၈ ဗို့ ခြောက်လုံးပြူးသေနတ် ၁ လက်နှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောတောင် ရပ်ကွက်၊ ညောင်တုန်းလမ်း ဓမ္မရုံအတွင်း၌ အေးကို(ဘ) ဦးမြင့်ဇော်အပါအဝင် အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁ ဦးတို့အား လေသေနတ် ၁ လက်၊ ဓား ၈ ချောင်း၊ အခြားဆက်စပ် ပစ္စည်းများဖြင့်လည်းကောင်း၊ အင်းတော်မြို့နယ်၊ အောင်ဇယျရပ်ကွက်ရှိ ရေတွင်းကုန်း ဘုန်းကြီးကျောင်းရှေ့၌ ဉာဏ်မောင်(ဘ)ဦးရွှေဖိတ်နှင့် ကျော်စိုးဦး (ဘ)ဦးကျန်အောင် တို့ ၂ ဦးအား လက်လုပ်မိုင်း ၄ လုံး၊ အခြားဆက်စပ်ပစ္စည်းများဖြင့် လည်းကောင်း၊ ပင်လည်ဘူးမြို့၊ မြို့မရပ်ကွက်၊ ကျန်စစ်သားလမ်း၌ ဆူပူအကြမ်းဖက်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓိကရုဏ်း နှိမ်နင်းရေးလက်နက်ဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲ ခဲ့ရာ ၎င်းတို့အနက်မှ အမျိုးသား ၂ ဦး အားလည်းကောင်း၊ မြို့မ ရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆူပူအကြမ်းဖက်သူများက တူမီးသေနတ်၊ လေသေနတ်များဖြင့် ရန်ပြုတိုက်ခိုက်လာသဖြင့် အဓိကရုဏ်း နှိမ်နင်းရေး လက်နက်ဖြင့် ခြောက်လှန့်ပစ်ခတ် လူစုခွဲခဲ့ရာ ၎င်းတို့အနက်မှ အမျိုးသား ၂ ဦးနှင့် အမျိုးသမီးတို့အားလည်းကောင်း၊ ပြည်ကြီး တံခွန်မြို့နယ်၊ သင်ပန်းကုန်း ရပ်ကွက်၊ ညည ၃၄/၃၇လမ်းနှင့် ၅၅ လမ်းနှင့် ၅၆ လမ်း ကြား၊ မီးကြီးရန်နောင် ၁၂၀ လမ်းရှိ ရဲမြင့်ဦး(ခ) ဖိုးသား(ဘ)ဦးခင်မောင်လတ်အား နေအိမ်၌ ဒူးလေး ၂ လက်၊ အခြားဆက်စပ်ပစ္စည်းများဖြင့် လည်းကောင်း၊ ၄၁ လမ်းနှင့် လမ်း ၉၀ ထောင့်၌ မသင်္ကာ ဖွယ်ရာဆိုင်ကယ်တစ်စီးအား ရပ်တန့်ရှာဖွေစစ်ဆေးရာ စည်သူအောင်(ဘ)ဦးကျော်မြင့်ဆွေနှင့် ကျော်ရဲအောင်(ဘ) ဦးညီညီမျိုးတို့ ၂ ဦးအား ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ပစ္စည်းများဖြင့် လည်းကောင်း၊ ကျောက်ပန်းတောင်း မြို့နယ်၊ လွင်ပင်ကုန်းကျေးရွာရှိ ဘိုဌေး(ဘ)ထွန်းဇော်ဦးနေအိမ်၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့်ပစ္စည်းများအား လည်း ကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့ သည်။
ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ထိန်းသိမ်းရမိသူများကို ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရန် အမှုဖွင့်လှစ် ဆောင်ရွက် လျက်ရှိကြောင်းနှင့် စစ်ဆေးရှာဖွေသတင်းဖော်ထုတ်မှုများကို ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment