ပြည်တွင်းနေရပ်စွန့်ခွာသူများ
ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ
အစည်းအဝေးကျင်းပ
နေပြည်တော် ဧပြီ ၂
ပြည်တွင်းနေရပ်စွန့်ခွာသူများ
ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ
ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁) ကို ယနေ့နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ
ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊
နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က
အမျိုးသား အဆင့် ကော်မတီအကောင်အထည်ဖော်ဆောင်ရွက်မည့် မူဝါဒနှင့်လုပ်ငန်းစဉ်များ၊ ပြည်နယ်အဆင့်
ကော်မတီများနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသ
အသီးသီးရှိ IDPs များအတွက် ကာကွယ်၊ စောင့်ရှောက်၊ ထောက်ပံ့ပေးမှုများ၊ ဆက်လက် ဆောင်ရွက်သွားမည့်
အစီအစဉ်များ၊ နေရပ်စွန့်ခွာသူများ ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိစွာဖြင့် မှီခိုမှုကင်းသည့်
လူနေမှု ပတ်ဝန်းကျင်ပြန်လည်တည်ဆောက်ပေးရေး ဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကော်မတီအသီးသီးက
ပူးပေါင်းဆောင်ရွက်သွားရေး ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ အမျိုးသားအဆင့်ကော်မတီ
ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ ဒေါ်သက်သက်ခိုင်က ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့်စပ်လျဉ်း၍
ဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေများ၊ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ
ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ လတ်တလော ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲရှောင်စခန်းများအတွက်
လိုအပ်သည့် လူမှုလုံခြုံရေး ဆိုင်ရာဆောင်ရွက်ပေးမှုအခြေအနေများ၊ ထောက်ပံ့ကူညီပေးမှုအခြေအနေများကို
ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် အစည်းအဝေးသို့
တက်ရောက်လာသည့် အမျိုးသားအဆင့်ကော်မတီဝင်များ၊ ပြည်နယ်အဆင့် ကော်မတီဝင်များနှင့် တာဝန်ရှိသူအသီးသီးက
မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်
လုပ်ငန်း စဉ်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး အမျိုးသားအဆင့် ကော်မတီဥက္ကဋ္ဌ
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်
ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ခိုင်တို့က ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း
သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment