လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ကုလားကြီးစု ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး သို့ NLD ပါတီ ထောက် ခံသူအချို့ ဦးဆောင်သည့်အဖွဲ့က ဝင်ရောက် ၍ တာဝန်ဝတ္တရားများ အား နှောင့်ယှက်
နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အရေးပေါ်ကာလအတွင်း
နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားနှင့်
အုပ်ချုပ်ရေးလုပ်ငန်းများအား ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရပ်ကွက်၊
ကျေးရွာများအလိုက် အုပ်ချုပ်ရေးမှူးအသစ် များအား ဥပဒေနှင့်အညီ
ခန့်အပ်တာဝန်ပေးလျက်ရှိရာ အချို့ရပ်ကွက်၊ ကျေးရွာများ၌ နိုင်ငံတော်၏
အုပ်ချုပ်ရေးယန္တရား ထိခိုက်စေရန် ရည်ရွယ်ချက်များဖြင့် လုပ်ငန်းတာဝန်
ထမ်းဆောင်မှုများကို ပျက်ပြားစေရန် ဆူပူဆန္ဒပြခြင်း၊ နှောင့်ယှက်ခြင်း၊
ကန့်ကွက်ရန် စခြင်းနှင့် အကြမ်းဖက်တိုက်ခိုက်ခြင်းများ
ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက် ည ၇ နာရီခွဲခန့်တွင် လှိုင်သာယာ (အနောက်
ပိုင်း) မြို့နယ်၊ ကုလားကြီးစုကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့
NLD ပါတီ မြို့နယ်စည်းရုံးရေးမှူး ဒေါ်နန်းသန္တာဝင်း ဦးဆောင်သည့် ကျေးရွာနေ
လူအုပ်စုတစ်စုက ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ
ဦးကျော်စိုးပိုင်(ဘ)ဦးမောင်မောင်ညွန့် အား အကြောင်းမဲ့ အလိုမရှိကြောင်း
ကြွေးကြော်သံများဖြင့် အော်ဟစ်ဆူပူခြင်း၊ ရန်စနှောင့်ယှက်ခြင်း၊
ပါရှိလာသည့် တုတ်၊ ဓား၊ လေးဂွများဖြင့် ခြိမ်းခြောက်ခြင်းစသည် တရားဥပဒေ
စိုးမိုးရေးပျက်ပြားစေသည်အထိ ဆောင်ရွက်လာမှုအပေါ်
အုပ်ချုပ်ရေးမှူးရုံးအတွင်း ရောက်ရှိနေသည့် တည်ငြိမ် အေးချမ်းမှုကို
လိုလားသည့် ရပ်ကွက်နေပြည်သူ ဦးသန်းလွင် အပါအဝင် ရွာသား ၁၂ ဦးတို့က
မခံရပ်နိုင်ဘဲ အပြန်အလှန် စကားများရန်ဖြစ်ကြရာ တုတ်၊ ဓား၊ လေးဂွများဖြင့်
ခိုက်ရန် ဖြစ်ပွားနေကြောင်းနှင့် ဦးသန်းလွင်ပါ ၁၂ ဦးအား
ကျေးရွာအုပ်ချုပ်ရေးမှူးရုံးခန်း၌ပင် အကြမ်းဖက်လူအုပ်စုက
အဓမ္မဖမ်းဆီးထားကြောင်း သတင်းရရှိသဖြင့် မြို့နယ်စီမံ
အုပ်ချုပ်ရေးမှူးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖျန်ဖြေခဲ့ရသည်။
ဖြစ်စဉ်တွင် အကြမ်းဖက်ဆူပူဆန္ဒပြသူများကြောင့် ရုန်းရင်းဆန်ခတ်မှုအတွင်း
ရပ်ရွာ တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ဦးလှိုင်မင်းအောင်(ဘ)ဦးခင်သိန်း
တွင် ဦးခေါင်းချိုစောင်း ပေါက်ပြဲဒဏ်ရာ၊ ဘယ်လက်ဖျံနာ ကျင်ဒဏ်ရာနှင့်
ဦးဇော်ထက်(ဘ) ဦးမြင့်အောင် တွင် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများ
အသီးသီးရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါလှိုင်သာယာမြို့နယ်တွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ထုတ်ပြန်
ထားသည့် မြို့နယ်တစ်ခုဖြစ်ပြီး ယင်းမြို့နယ်အတွင်း လူ ၅ ဦးသို့မဟုတ် ၅
ဦးအထက် ပိုသောသူများ စုဝေးခြင်းမပြုရန်နှင့် လှုံ့ဆော်ဆန္ဒပြခြင်း၊
ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ် ပြုမူခြင်းများမပြုလုပ်ရန်
တားမြစ်ထားသည့် နေရာဖြစ်သဖြင့် ဆူပူအုံကြွသူများအား ဥပဒေအရ အရေးယူနိုင်ရေး
ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ရပ်ရွာ
အေးချမ်းသာယာရေးအတွက် နေ့ညမပြတ် လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိသည်။


No comments:
Post a Comment