တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူ လူနာများအား တပ်မတော်ဆေးရုံများ၌ ဆက်လက် လက်ခံကုသ
နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၅
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူ လူနာများအား
တပ်မတော်ဆေးရုံများ၌ ဆက်လက် လက်ခံကုသ
နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၅
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး
ဆိုင်ရာအခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက်
မြို့နယ် အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင်
ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅
ရက်မှ ယနေ့အထိ ပြင်ပလူနာ ၃၀၉၀၂ ဦး၊ အတွင်းလူနာ ၃၄၃၃ ဦးကို တပ်မတော်မှ
ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊
ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန်
လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက် ပေးခြင်းများ
ဆောင်ရွက်ပေးသည့်အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ
နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက်ကိုပါ စီမံဆောင်ရွက်ပေးသည်။
ထိုသို့ လာရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအနက် အကြီးစား ခွဲစိတ်ကုသ
ရန်လိုအပ်သူ ၁၃၄၄ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၇၁၁ ဦး၊ စုစုပေါင်း
၂၀၅၅ ဦး တို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့်
လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်
ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားရန် အခက်အခဲဖြစ်နေသည့်
မွေးလူနာများကို တပ်မတော်ဆေးရုံအသီးသီးတွင် တက်ရောက် စေလျက်ရှိပြီး
၎င်းတို့အနက် ၇၇၆ ဦးကိုခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၁၁၈၀ ဦးကို သာမန်
မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၁၉၅၆ ဦးကို အောင်မြင်စွာ
မွေးဖွားပေးနိုင်ခဲ့သည်။
ယင်းသို့ ဒေသခံပြည်သူများအား ဆေးကုသပေးနေမှုအခြေအနေများကို သက်ဆိုင်ရာ
တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး
ဆေးရုံ တက်ရောက်ကုသမှု ခံယူနေသော လူနာများအတွက်
စားသောက်ဖွယ်ရာများပေးအပ်ကြသည်။
ယင်းသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးမှုအပေါ်
ယခုလိုပဲ ကြားသိရပါသည် -

No comments:
Post a Comment