နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး(၂/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား
နေပြည်တော် ဖေဖော်ဝါရီ ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင်
နေပြည်တော်ရှိ နိုင်ငံတော်
စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့်
စီမံခန့်ခွဲရေးအစည်း အဝေး(၂/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၊
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်
ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊
ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊
ဦးကိုကိုလှိုင်၊ ဦးချစ်နိုင်၊ ဦးတင်ထွဋ်ဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊
ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊
ဒေါက်တာညွန့်ဖေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာသက်သက်ခိုင်၊
ဦးမောင်မောင်အုန်း၊ ဦးစောထွန်းအောင်မြင့်နှင့် ပြည်ထောင်စုရှေ့နေချုပ်
ဒေါက်တာဒေါ်သီတာဦးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့်
နိုင်ငံတော်ကိုတာဝန်ယူခဲ့သည်မှာ တစ်လနီးပါးရှိပြီ ဖြစ်ကြောင်း၊
ထိုသို့တာဝန်ယူဆောင်ရွက်ခဲ့ရာတွင် လုပ်ငန်းများကိုအချိန်နှင့် တပြေးညီ
ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တစ်ဖက်ကလည်း တရားဥပဒေစိုးမိုးရေးကို
ထိန်းသိမ်း ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ယနေ့ဆိုလျှင်
တရားဥပဒေစိုးမိုးရေးအတွက် ထိန်းနိုင် သည့် အနေအထားတွင်ရှိပြီဖြစ်ကြောင်း၊
တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်
နေသော်လည်း လုပ်စရာရှိသည့်အပိုင်းများကို လုပ်ဆောင်နေရမည် ဖြစ်ကြောင်း၊
COVID-19 ကာကွယ်ရေးကိစ္စမှာ ရပ်ထား၍မရကြောင်း၊ တစ်ကမ္ဘာလုံးတွင် COVID-19
ဖြစ်ပွားခဲ့သည့်အတွက် လူဦးရေ ၁၁၃ သန်းကျော် ကူးစက်ခံခဲ့ရပြီး ၂ ဒသမ ၅
သန်းကျော် သေဆုံးခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ၁ ဒသမ ၄ သိန်းကျော်
ကူးစက်ခံခဲ့ရပြီး လူဦးရေ ၃၂၀၀ နီးပါးသေဆုံးခဲ့ကြောင်း၊ လတ်တလောအခြေအနေတွင်
ရောဂါတွေ့ရှိ မှုများကျဆင်းသွားပါကြောင်း၊
ယင်းမှာစစ်ဆေးမှုနှုန်းနည်းသည့်အတွက် တွေ့ရှိမှုနှုန်း
နည်းပါး သွားခြင်းဖြစ်နိုင်ကြောင်း၊ ပြီးခဲ့သည့်ရက်သတ္တပတ်များက
လူစုလူဝေးဖြစ်ပွားမှုကြောင့် COVID-19
ရောဂါမကူးစက်နိုင်ဟုအာမမခံနိုင်ပါကြောင်း၊ ယင်းကိစ္စနှင့်စပ်လျဉ်း၍
လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်သွားရန်လိုကြောင်း၊ တစ်ဖက်တွင်လည်း CDM
ဝန်ထမ်းများကြောင့် ဆေးရုံး၊ ဆေးခန်းများပိတ်ထား ရပါကြောင်း၊
ကျန်းမာရေးဝန်ထမ်း၊ ရဲတပ်ဖွဲ့နှင့် တပ်မတော်မှာသစ္စာအဓိဌာန်ရွတ်ဆိုပြီး
တာဝန် ထမ်းဆောင်ကြသည့် ဝန်ထမ်းများဖြစ်ပါကြောင်း၊ သို့သော်လည်းပြည်သူ့၏
ကျန်းမာရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှုမပေးသည်မှာမလုပ်သင့် မလုပ်
အပ်သည့် အလုပ်ဖြစ်ပါကြောင်း၊ ယင်းကိစ္စကို သက်ဆိုင်ရာဝန်ကြီးဌာနများက ထိထိ
ရောက်ရောက်အရေးယူသွားရန်လိုကြောင်း၊ ဆေးရုံများမဖွင့်နိုင်ရန်
နှောက်ယှက်သူများ ကို အဓိကသက်ဆိုင်သည့် ဝန်ကြီးဌာနက
အရေးယူဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက
ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာခြင်းသည် အကောင်းဆုံး
ဖြစ်ကြောင်း၊ COVID-19 ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်သည့် လုပ်ငန်းများကို
ဆက်လက်လုပ်ကိုင်နေကြောင်း၊ တစ်ဖက်တွင်လည်း ကာကွယ်ဆေးရရှိရေး အတွက်
ကြိုးစားဆောင်ရွက်နေပြီး စာချုပ်အရရောက်ရှိရမည့် ကာကွယ်ဆေးများလည်း
ထပ်မံရောက်ရှိ မည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကဆေးဝါးကုမ္ပဏီများကိုလည်း သက်ဆိုင်ရာ
ဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် တင်သွင်းနိုင်ရန်
စနစ်တကျခွင့်ပြုပေးထားကြောင်း၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ်သကဲ့သို့
ပညာလည်း သင်ကြား နိုင်မည်ဖြစ်ကြောင်း၊ COVID-19
ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍လည်း တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်
စီမံအုပ်ချုပ်ရေးကောင်စီများက ပြည်သူများစနစ်တကျလိုက်နာရေးအတွက်
ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးကိုလည်း
ကြိုးစား နေပါကြောင်း။
စီးပွားရေးနှင့်ပတ်သက်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်ရန် COVID-19
နှင့်ပတ်သက်၍ ထိခိုက်မှုအနည်းဆုံးဖြစ်သည့် စိုက်ပျိုးရေး
လုပ်ငန်းများကိုလုပ်ဆောင် သွားရမည်ဖြစ်ကြောင်း၊ ယင်းကိစ္စကို သက်ဆိုင်ရာ
စီမံအုပ်ချုပ်ရေးကောင်စီ အဆင့်ဆင့် က ကြီးကြပ်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊
စားနပ်ရိက္ခာဖူ လုံရေးအတွက် စိုက်ပျိုးရေး ထုတ်ကုန်လုပ်ငန်းများကို
အားပေးရမည်ဖြစ်ကြောင်း၊ တိုင်းပြည်စားနပ် ရိက္ခာဖူ လုံရေး မှာ
အရေးကြီးကြောင်း၊
မွေးမြူရေးလုပ်ငန်းများကိုလည်းတွန်းအားပေးဆောင်ရွက်ရန်လိုအပ် ကြောင်း၊
စိုက်ပျိုးရေး နှင့် မွေးမြူရေးအတွက် ရေမြေနှင့်
အခြေခံကောင်းများရှိပါကြောင်း၊ ယင်းကို အကျိုးရှိရှိ
အသုံးချရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းကို နည်းစနစ်ကျသည့်
မွေးမြူရေးစနစ်ဖြင့် ဆောင်ရွက်သွား ရန်လိုကြောင်း၊
တိုင်းပြည်အတွက်စားနပ်ရိက္ခာ ပေါများရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
ငါးမွေးမြူရေးမှာ လွယ်ကူသည့် နည်းလမ်း ဖြစ်ကြောင်း၊
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်လျှင်
စားနပ်ရိက္ခာဖူလုံသည့်အပြင် စီးပွားဖြစ်သည့်အဆင့်သို့
ရောက်ရှိလာမည်ဖြစ်ကြောင်း၊ နှစ်အလိုက်မိုးရွာသွန်းမှုမှာလည်း
လျော့နည်းလာသည့်အတွက် ရေကိုအကျိုးရှိရှိ အသုံးပြုရန်လိုကြောင်း၊
ရေကိုသိုလှောင်နိုင်ရန်အတွက် ချောင်းပိတ်၊ မြောင်းပိတ် စနစ်များဖြင့်
ဆောင်ရွက်ပါကစိုက်ပျိုးရေးနှင့် သောက်သုံးရေရရှိမည်ဖြစ်ကြောင်း၊
ယင်းသို့ဆောင်ရွက်မှုသည် ရာသီဥတုကို ထိန်းသိမ်းရာလည်း ရောက်ပါကြောင်း၊
စိုက်ပျိုးရေရရှိရေးအတွက် မြစ်ကြီးများအပြင် ချောင်း၊ မြောင်းများတွင်
စီးဆင်းနေသည့် ရေများကိုလည်း ထိန်းသိမ်းရန်လိုအပ်ကြောင်း၊
စိုက်ပျိုးရေးအတွက် မြစ်ရေတင် စီမံကိန်းများကို ပြန်လည်ဆောင်
ရွက်ရန်လိုကြောင်း၊ ဧရာဝတီမြစ်ကြောင်း တစ်လျောက်တွင်
ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ဆိုလာလျှပ်စစ်စီမံကိန်းများကို
မြစ်ရေတင်စီမံကိန်းများအတွက် ဆောင်ရွက်နိုင်မည်ဆိုပါက
မြစ်ကြောင်း တစ်လျောက်မှ ကျေးရွာများလည်း စိုက်ပျိုးရေးရရှိမည့်အပြင်
လျှပ်စစ်မီးသုံးစွဲနိုင်မည်ဖြစ် ပါကြောင်း၊ ဧရာဝတီမြစ်ကြီးကိုလည်း
ဝိုင်းဝန်းထိန်းသိမ်းရန်လိုအပ်ကြောင်း။
အားကစားကဏ္ဍတွင်လည်း တစ်နှစ်နီးပါး ရပ်ဆိုင်းနေသည့် အားကစားပွဲများကို
ပြန်လည်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အားကစားနည်းများတွင် မြန်မာ့သိုင်း
အားကစားနည်းမှာ လူတိုင်းကစားနိုင်ပြီး ကိုယ်ခံပညာအားကစားနည်းဖြစ်သည့် အတွက်
နိုင်ငံတော်၏ အားကစားအဖြစ် ဆောင်ရွက်သွားရန်လိုကြောင်း၊
ကျန်းမာရေးကဏ္ဍတွင် စရိတ်မျှပေး ကျန်းမာရေး ဆိုသော်လည်း
တချို့အပိုင်းများတွင် ဆေးကုသစရိတ် မတတ်နိုင်သည့်အတွက်
နစ်နာဆုံးရှုံးမှု များရှိသည်ကို စိတ်မကောင်းဖွယ်ရာ သိရှိရ ကြောင်း၊
ယင်းကိစ္စအတွက် မိမိတို့လစာထဲမှ သင့်တင့်သည့် သတ်မှတ်နှုန်းထားကို
ထည့်ဝင်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ရန်ပုံငွေ သို့ထည့်ဝင်ပြီး
ပြည်သူ့ဆေးရုံများတွင် နိုင်ငံ့ဝန်ထမ်းများမှစတင်ပြီး အခမဲ့ကျန်းမာရေး
စောင့်ရှောက်မှုကို လုပ်ဆောင်ပေးရေး စဉ်းစားရန်လိုအပ် ပါကြောင်း။
စွမ်းအင်ကဏ္ဍတွင်လည်း ပြည်ပမှလောင်စာဆီတင်သွင်းရေးအတွက် နှစ်စဉ်
အမေရိကန်ဒေါ်လာ ၃ ဘီလီယံသုံးစွဲနေရပါကြောင်း၊ လောင်စာဆီ၏ ၅
ရာခိုင်နှုန်းမှာ လျှပ်စစ်မီးရရှိရေးအတွက် အသုံးပြု လျှက်ရှိပါကြောင်း၊ ကျန်
၉၅ ရာခိုင်နှုန်းမှာ သယ်ယူ ပို့ဆောင်ရေးနှင့် စက်ရုံ၊ အလုပ်ရုံများတွင်
အသုံးပြု လျှက်ရှိကြောင်း၊ ထို့ကြောင့် သယ်ယူ ပို့ဆောင်ရေးကဏ္ဍမှ
လောင်စာဆီသုံးစွဲမှုကို လျော့ချနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာန များက
မြို့တွင်းနှင့်ခရီးတိုသွားသည့် လျှပ်စစ်ကားထုတ်လုပ်နိုင်ရန် ပထမအဆင့်
ကြိုးစားရမည်ဖြစ်ကြောင်း၊ ပို့ဆောင်ရေးကဏ္ဍမှာ တိုင်းပြည်အတွက် အရေးကြီး
ပါကြောင်း၊ ထို့ကြောင့် ရထားလမ်း၊ ကားလမ်းများ အမြန်ဖွင့်လှစ်နိုင်ရေးနှင့်
ကောင်းမွန် ရေးကို ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ JICA နှင့်
ပူးပေါင်းဆောင်ရွက်နေသည့် ရန်ကုန်-မန္တလေး ရထားလမ်းစီမံကိန်းကို
အမြန်ပြီးစီးရေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
စားအုန်းဆီတင်သွင်းမှုမှာလည်း နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်
ရှိပါကြောင်း၊ ယင်းကို လျော့ချနိုင်ရေးအတွက် မိမိတို့တိုင်းပြည်၌
စားသုံးဆီ ဖူလုံရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ
စီမံအုပ်ချုပ်ရေးကောင်စီအဆင့်ဆင့်က ပြည်သူများ နားလည်အောင်
ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးကို အားပေးရမည် ဖြစ်ကြောင်း၊
လောင်စာဆီနှင့် စားသုံးဆီဝယ်ယူမှုကို လျော့ချနိုင်မည်ဆိုပါက လိုငွေပြမှုကို
လျော့ချနိုင်မည်ဖြစ်ကြောင်း၊ ယခုကော်မတီတွင် ပါဝင်ကြသည့်
တာဝန်ရှိပုဂ္ဂိုလ်များက တိုင်းပြည်စီးပွားရေးနှင့်
ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုကြိုးစားကြရန် လိုကြောင်း
ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးတင်ထွဋ်ဦး၊
ဦးအောင်နိုင်ဦး၊ ဦးအောင်သန်းဦး၊ ဦးရွှေလေးနှင့် ပြည်ထောင်စုရှေ့နေချုပ်
ဒေါက်တာဒေါ်သီတာဦးတို့ကစာချုပ်လက်မှတ်ရေးထိုး ခွင့်ပြုရန်ကိစ္စ၊
ခန့်အပ်ခွင့်ပြုရန် ကိစ္စ၊ သဘောတူညီချက်တွင်
ပါဝင်လက်မှတ်ရေးထိုးခွင့်ပြုရန်ကိစ္စ၊ ကင်းလွတ်ခွင့်ပြုရန် ကိစ္စ၊
ဆက်လက်တာဝန်ထမ်းဆောင်ရန် သက်တမ်းတိုးမြှင့်ခြင်း ကိစ္စရပ်များကို
ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးချစ်နိုင်၊
ဦးဝင်းရှိန်၊ ဦးမြင့်ကြိုင်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာပွင့်ဆန်း၊
ဦးအောင်သန်းဦး၊ ဒေါက်တာညွန့်ဖေ၊ ဦးမောင်မောင်အုန်း၊ ဒေါက်တာ သက်သက်ခိုင်၊
ဦးစောထွန်းအောင်မြင့် နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ
ဒေါ်သီတာဦးတို့က တိုင်းဒေသကြီးနှင့်ပြည်နယ် များရှိ မြစ်ချောင်း၊
အင်းအိုင်၊ ဆည်များတွင် ငါးမျိုးများ စိုက်ထည့်သွားမည့် အခြေအနေ၊
သတင်းထုတ်ပြန်ရေးကိစ္စ၊ နိုင်ငံတော်ဘဏ္ဍာငွေ စနစ်တကျသုံးစွဲရေးကိစ္စ၊
လူမှုဖူလုံရေး ထောက်ပံ့ငွေနှင့် ဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှု
ပေးနေသည့်အခြေအနေ၊ COVID-19 ကာကွယ်ဆေး ဆက်လက်ထိုးနှံရေးကိစ္စ၊ စားအုန်းဆီ
တင်သွင်းမှု လျော့ချ ရေးကိစ္စ၊ အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး
ကြိုတင်ပြင်ဆင်နေမှုအခြေအနေ၊ ရေအားလျှပ်စစ်စီမံကိန်းများ
ဆောင်ရွက်သွား မည့်ကိစ္စ၊ အာဆီယံခရီးသွားလုပ်ငန်းတွင် စာချုပ်တွင်
မြန်မာနိုင်ငံပါဝင်လက်မှတ်ရေးထိုးရေး ကိစ္စ၊လူမှု ကာကွယ်စောင့် ရှောက်ရေး
ကိစ္စနှင့် တိုင်းရင်းသား အထိမ်းအမှတ် ပွဲတော်များ
ကျင်းပသွားရေးကိစ္စတို့နှင့် စပ်လျဉ်း၍ တင်ပြ ဆွေးနွေးကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက
ဝန်ထမ်းများ ခန့်ထားရေးနှင့်ပတ်သက်၍ နိုင်ငံတော်အပေါ်
ကျေးဇူးသစ္စာစောင့်သိသူများကို ရွေးချယ် ခန့်ထားရန်နှင့် ဝန်ထမ်းများအား
ကျောသားရင်သားမခွဲခြားဘဲ ညီညွတ်မျှတစွာဖြင့် အုပ်ချုပ်ရန်လိုအပ်ကြောင်း၊
ဌာနများတွင် လုပ်ငန်းတာဝန်ကျေပွန်သူများကို အားပေး ချီးမြှောက်၍
ဝန်ထမ်းစည်းကမ်းဖောက်ဖျက်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ
အရေးယူရန်လိုကြောင်း၊ ပြည်သူများအနေဖြင့် ဆီစားသုံးမှုကိုလျော့ချပြီး
စားသုံးမှုပုံစံ ပြောင်းခြင်းဖြင့် ကျန်းမာရေးကိုအထောက်အကူပြုနိုင်ကြောင်း၊
တရားမဝင်လမ်းကြောင်း များမှ စားသုံးဆီများနှင့် ကုန်ပစ္စည်းများ
တင်သွင်းမှုများကို ထိရောက်စွာ တားဆီး ခြင်းဖြင့်
နိုင်ငံ့အခွန်ငွေ တိုးတက်မှုကို အထောက်အကူပြုစေနိုင်ကြောင်း။
ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ယခုထက်ပိုမို တိုးတက် စေရန်
သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အားပေးဆောင်
ရွက်သွားရန်လိုကြောင်း၊ ရပ်နားထားသည့် စက်ရုံ၊ အလုပ်ရုံများကိုလည်း
ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အရှုံးပေါ်နေသည့်
လုပ်ငန်းများနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ပြီး အကျိုးရှိအောင်
ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်တည်ငြိမ်
ရေးနှင့် လုံခြုံရေးကို ထိခိုက်စေမည့် ကိစ္စရပ်များအား လူမှုကွန်ယက်
စာမျက်နှာများတွင် ဖော်ပြခြင်းများမရှိစေရေး
ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း၊ ဒီမိုကရေစီ သည်
ဥပဒေနှင့်ညီညွတ်မှသာ တန်ဖိုးရှိသဖြင့် မိမိတို့ဖော်ဆောင်နေသည်မှာ
တန်ဖိုးရှိ သည့် ဒီမိုကရေစီစနစ်သာဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအား
နိုင်ငံတော်ဘဏ္ဍာငွေမှ ထုတ်ချေးထားသည့် ၂ လစာချေးငွေများ
ပြန်လည်ပေးဆပ်ရန်အတွက် ကာလတစ်ခု အထိ ဆိုင်းငံ့ပေးထားမည်ဖြစ်ကြောင်း၊
နေပြည်တော်သည် မိမိတို့နိုင်ငံ၏ မြို့တော် ဖြစ်သဖြင့်
ယခုထက်ပိုမိုတိုးတက်စည်ကားအောင် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊
မိမိတို့နိုင်ငံ၏ အချက်အခြာ ကျသော နေရာတွင် တည်ထားခြင်းကြောင့် ပညာသင်ကြား
ရေးအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များအပြင်
အခြားသောသဘာဝပတ်ဝန်း ကျင်မထိခိုက်စေနိုင်သည့် စက်ရုံ၊ အလုပ်ရုံများအား
ဖွင့်လှစ်နိုင်ရေး ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအား
ဖိတ်ခေါ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ နေပြည်တော်၌ အများပြည်သူများ
ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ဉာဏ်တော် ၈၁ ပေရှိ ကမ္ဘာ့အကြီးဆုံး
စကျင်ကျောက်ဆစ်ရုပ်ပွားတော်ကြီးအား တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်လျှက်
ရှိကြောင်း၊ နေပြည်တော် ပြည်ထောင်စုနယ်မြေဖွံ့ဖြိုးတိုးတက်ရေးအတွက်
အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားရန် လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း
သတင်းရရှိသည်။













No comments:
Post a Comment