Thursday, February 25, 2021

မြန်မာနိုင်ငံသားများ တင်ဆောင်၍ ခေါ်ဆောင်လာသော တပ်မတော်စစ်ရေယာဉ်များ မြန်မာ့ရေပြင်နယ်နိမိတ်အတွင်း ရောက်ရှိခုတ်မောင်းလျက်ရှိ

မြန်မာနိုင်ငံသားများ တင်ဆောင်၍ ခေါ်ဆောင်လာသော တပ်မတော်စစ်ရေယာဉ်များ မြန်မာ့ရေပြင်နယ်နိမိတ် အတွင်း ရောက်ရှိခုတ်မောင်းလျက်ရှိ 

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၅ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လမ်းညွှန်ချက်အရ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၁၀၈၆ ဦးအား ပြန်လည်ခေါ်ဆောင်လာသော စစ်ရေယာဉ်များသည် ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် မြန်မာ့ရေပြင်နယ်နိမိတ်အတွင်းရောက်ရှိခဲ့သည်။ မြန်မာ့ရေပြင်အတွင်း ဝင်ရောက်ချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ နွေးထွေးပျူငှာစွာကြိုဆိုနိုင်ရေး အတွက် စေလွှတ်ပေးလိုက်သော တပ်မတော်စစ်ရေယာဉ်များမှ ပင်လယ်ပြင်တွင် လာရောက်ကြိုဆို ခဲ့ကြသည်။

စစ်ရေယာဉ်များပေါ်တွင် ခေါ်ဆောင်လာသော မြန်မာနိုင်ငံသားများသည် မလေးရှား နိုင်ငံ၌ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ကြရသဖြင့် မြန်မာ့ရေပြင်အတွင်း ပြန်လည်ဝင်ရောက်ချိန်၌ စစ်ရေယာဉ်များ၏ ကုန်းပတ် အသီးသီးပေါ် တက်ရောက်ကြပြီး မြန်မာ့ရေပြင်၊ မြန်မာ့ရှုခင်း များအား ကြည့်ရှုခံစားရင်း လိုက်ပါလာ ခဲ့ကြသည်။ ထို့ပြင် တနင်္သာရီရေတပ်စခန်းဌာနချုပ် နယ်မြေအတွင်းရှိ ဇာဒက်ကြီးကျွန်း ရေတပ်အခြေစိုက် စခန်းမှ စစ်သည်၊ ရဲမေများက ချက်ပြုတ် ပေးသော မြန်မာအစားအစာ မုန့်ဟင်းခါးများအား တပ်မတော် စစ်ရေယာဉ်ဖြင့် ပင်လင်ပြင် သို့ လာရောက်ပို့ဆောင်ပေးခဲ့ရာ နံနက်စာအဖြစ် စားသုံးခဲ့ကြသည်။ စစ်ရေယာဉ်များပေါ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်မှ ဆရာဝန် များ၊ သူနာပြုများကလည်း မိမိနိုင်ငံသားများ၏ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများအား အနီးကပ် ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် နေရပ်ပြန်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

#တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

 

 

No comments:

Post a Comment