နေပြည်တော် ဒီဇင်ဘာ ၁၈
သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက်
(နေပြည်တော်) တွင် ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက် အထိ “ရသစုံလင်စာဥယျာဉ် ကလေး
စာကြည့်တိုက် အစီအစဉ်နှင့် အမှတ်တရဈေးရောင်းပွဲတော်”ကို နံနက် ၁၀ နာရီမှ
စတင်၍ ကျင်းပမည် ဖြစ်သည်။
အဆိုပါပွဲတော်တွင် ကာတွန်းပညာရှင်များက အမှတ်တရ ကာတွန်းရေးဆွဲပေးခြင်း၊ အမျိုးသား စာကြည့်တိုက် (နေပြည်တော်)မှ စာကြည့်တိုက်မှူးများက စာဖတ်ပြခြင်း၊ ရောင်စုံစက္ကူများဖြင့် ဖန်တီးခြင်း၊ ဂျုံရုပ်ပညာရှင်များ၏ လက်မှုပညာဖန်တီးခြင်း၊ ပျော်ရွှင်ဖွယ်ရာ ပဟေဠိများ အစီအစဉ်၊ ကလေးစာကြည့်တိုက်လှုပ်ရှားမှု အစီအစဉ်များ၊ အမှတ်တရ ဓာတ်ပုံရိုက်ကူးရန် နေရာများအပြင် စာအုပ်ဆိုင်များ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ စားသောက်ဆိုင်များ ခင်းကျင်းပြသရောင်းချသွားမည် ဖြစ်သည်။
ထို့ပြင် အထူးအစီအစဉ်အနေဖြင့် အနုပညာဦးစီးဌာနမှ ပညာရှင်များက မြန်မာ့ရုပ်သေးပွဲကို နေ့စဉ် နံနက် ၁၁ နာရီနှင့် မွန်းလွဲ ၂ နာရီတို့တွင် ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်ပြီး စိတ်ဝင်စားသူများ အနေဖြင့် လာရောက်လည်ပတ် ကြည့်ရှုနိုင်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ သိရသည်။
ကျော်ဟိန်း(သတင်းစဉ်)

No comments:
Post a Comment