နေပြည်တော် ဒီဇင်ဘာ ၁၈
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် နိုင်ငံအတွင်းလုပ်ငန်းများ ပူးပေါင်းလက်တွဲ
ဆောင်ရွက် နေသော ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရမဟုတ်
သောအဖွဲ့အစည်းများ စသည့်မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင် အကြံပြုချက်ရယူခြင်း
အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် Horizon Lake View ဟိုတယ် နေပြည်တော်၌
ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ဝန်ကြီးဌာန
အနေဖြင့် လူနာများ ဘေးကင်းလုံခြုံရေး၊ ကျောင်းအခြေပြုကျန်းမာရေး မြှင့်တင်မှု၊ ကျန်းမာရေးအသိပညာ
မြှင့်တင်မှု၊ ပြည်သူအခြေပြု ကိုယ်လက်လှုပ်ရှား အားကစား လေ့ကျင့်မှု၊ အာဟာရဖွံ့ဖြိုးမှု၊
မကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေး၊ အရည်အသွေးမြင့်မား၍ ကျင့်ဝတ်နှင့်ညီသော
ကျန်းမာရေး လူ့စွမ်းအားအရင်း အမြစ်များ ပိုမိုမွေးထုတ်လေ့ကျင့်ရေး လုပ်ငန်းများကိုလည်း
အရှိန်အဟုန်ဖြင့်ဆောင်ရွက် သွားမည် ဖြစ်ပြီး မိတ်ဖက်အဖွဲ့အစည်းများ အနေဖြင့်လည်း ပိုမို
ပူးပေါင်း လက်တွဲဆောင် ရွက်စေလိုပါကြောင်း။
အမျိုးသားကျန်းမာရေးမူဝါဒအသစ် ပြန်လည်ရေးဆွဲပြီးသည့် နောက်တွင် ဝန်ကြီး ဌာန၏
ဘဏ္ဍာငွေနှင့်ရန်ပုံငွေများခွဲဝေချထားမှု၊ လုပ်ငန်များအကောင်အထည်ဖော် ဆောင်ရွက်မှုအတိုင်း
အတာ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ ခွဲဝေတာဝန်ချထားမှု၊ ဦးစားပေးလုပ်ငန်းများ
သတ်မှတ်ဆောင်ရွက်မှုတို့ကို မူဝါဒနှင့်အညီ မွမ်းမံပြင်ဆင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက် နိုင်ရေးအတွက် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များ
မွေးထုတ်လေ့ကျင့်မှု မဟာဗျူဟာ နှင့် စီမံကိန်းများသည် အလွန်အရေးကြီး ပါကြောင်း။
ဝန်ကြီးဌာနရှိကျန်းမာရေးစီမံချက်လုပ်ငန်း (၄၂) ခုကိုလည်းပိုမိုထိရောက် အောင်မြင်မှု
ရှိစေရေး၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပိုမိုချိတ်ဆက်မှုအားကောင်းစွာ ဖြင့်ဆောင်ရွက်နိုင်ရေးတို့ကို
လုပ် ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲတွင် မိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူ
များအနေဖြင့် အမျိုးသားကျန်းမာရေး မူဝါဒ ပြန်လည်ရေးဆွဲရေး၊ ဝန်ကြီးဌာနနှင့် ပူးပေါင်းလက်တွဲ
ဆောင်ရွက်မှု ပိုမိုကောင်းမွန်စေ ရေးတို့အတွက် အကြံပြုချက်များကို ပွင့်လင်းစွာပြောကြားကြ
စေလိုပါကြောင်း၊ ဝန်ကြီး ဌာနနှင့်ချိတ်ဆက်ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူကောင်းမွန် စေရေး
အကြံပြုချက်များ ကိုလည်း ပေးအပ်စေလိုပါကြောင်း။
မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်
သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ တာဝန်ရှိသူ
များနှင့် ပုံမှန်တွေ့ဆုံဆွေးနွေးခြင်း၊ ကျန်းမာရေး စီမံချက်မန်နေဂျာများနှင့် ပုံမှန်တွေ့ဆုံဆွေးနွေး
ခြင်းများကိုလည်း လုပ်ဆောင်ကြစေ လိုပါကြောင်း၊ ဝန်ကြီးဌာန၏လုပ်ငန်းများကိုဆောင်ရွက်ရာ
တွင် အားနည်း ချက်များကို ဖော်ထုတ်၍ အားဖြည့်ဆောင်ရွက်ခြင်း၊ အားသာချက်များ ပိုမိုအား
ကောင်းစေရေး တို့အတွက်အသုံးချသုတေသနများ ပိုမိုပြုလုပ်ဆောင်ရွက် စေလိုပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများပူးပေါင်းလက်တွဲဆောင်ရွက်နေသည့် မိတ်ဖက် အဖွဲ့အစည်း
များ၏ လုပ်ငန်းကဏ္ဍအလိုက်၊ လုပ်ငန်းဆောင်ရွက် ရာနေရာဒေသ အလိုက် လုပ်ငန်းများရောထွေး
မှုနှင့် လုပ်ငန်းများတစ်နေရာတည်းတွင် စုပြုံထပ်နေခြင်းများ မရှိစေရေး အသုံးချသုတေသနများဖြင့်
ဆန်းစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် ဝန်ထမ်းများအတွက် သုတေသန စွမ်းရည်နှင့်
ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်မှု စွမ်းရည်များ မြှင့်တင်ရေးအတွက် ဆေးသုတေသန ဦးစီးဌာန
(ပြင်ဦးလွင်)တွင် သုတေ သနစွမ်းဆောင်ရည်လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာနကိုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါ
ကြောင်း။
ယခုဆွေးနွေးပွဲတွင် ပေးအပ်သည့် အကြံပြုချက်များကို မြန်မာနိုင်ငံအမျိုးသား ကျန်းမာရေးမူဝါဒ
ပြန်လည်ရေးဆွဲရာတွင်လည်းကောင်း၊ လက်တွေ့မြေပြင်တွင် အကောင် အထည်ဖော်နိုင်မည့် မဟာ ဗျူဟာနှင့်
လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရာ တွင်လည်းကောင်း ဝန်ကြီးဌာနမှအလေးအနက် ထား ထည့်သွင်းစဉ်းစားကာ
ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲတွင်မြန်မာနိုင်ငံအမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ဆန်းစစ်
သုံးသပ်နိုင်ရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ)
ဒေါက်တာထင်လင်းက မြန်မာနိုင်ငံအမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ရေးဆွဲရေး အတွက် ခြုံငုံတင်ပြခဲ့ပြီး
အလုပ်ရုံ ဆွေးနွေးပွဲတက်ရောက်သည့် ဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့
အစည်းများ၊ နိုင်ငံတကာနှင့်ပြည်တွင်း အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ အလှူရှင်အဖွဲ့
အစည်းများ စသည့်မိတ်ဖက် အဖွဲ့အစည်း (၆၂) ဖွဲ့မှတာဝန်ရှိသူများက ဝိုင်းဖွဲ့ဆွေးနွေးခြင်း၊
အဖွဲ့လိုက်တင်ပြ ဆွေးနွေးခြင်းနှင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment