Wednesday, December 18, 2019

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ ကျင်းပ



နေပြည်တော် ဒီဇင်ဘာ ၁၈
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက် နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးရှန်အောရ်၏ ချင်းပြည်နယ်၊ ဟားခါး မြို့နယ်အတွင်းရှိ ဟောက်ဆင်ကျေးရွာအတွက် သောက်သုံးရေ ရရှိ ရေးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ် က ဟားခါးမြို့နယ်၊ ဟောက်ဆင်ကျေးရွာ သောက်သုံးရေရရှိရေးအတွက် ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ၂၀၁၉ - ၂၀၂ဝဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေကျပ် ၃၂ သန်းဖြင့် ရေလှောင်ကန် ဂါလန် ၅၀၀ဝဆံ့(၂)လုံး၊ ရေပိုက်သွယ် ယူခြင်း ပေ(၂၈၀၀)၊ Pump Engine ဝယ်ယူတပ်ဆင်ခြင်းနှင့် ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင် ရွက်ပေးမည်ဖြစ်ပါကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက် အရ ရှင်းလင်း ဖြေကြားသည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း၏ ချင်းပြည်နယ်၊ ထန်တလန်မြို့ နယ်၊ ဆိုင်ကကျေးရွာအုပ်စု၊ ဆိုင်ကကျေးရွာနှင့် ရွာဘုတ်ကျေးရွာအကြား ကျေးရွာချင်းဆက်လမ်း (၆)မိုင်နှင့် ရွာခွါကျေးရွာနှင့် ဆိုင်ကကျေးရွာကြား ကျေးရွာချင်းဆက်လမ်း (၈)မိုင်၊ ဆိုင်ဆီ ချောက်လမ်း၊ ဘုန်တလန်ကျေးရွာသစ်မှ ဘုန်တလန်ကျေးရွာဟောင်း (၂)မိုင်တို့အား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က လွှတ်တော်ကိုယ်စားလှယ် မေးမြန်းသည့် လမ်းပိုင်းများ လမ်းတာချဲ့ ဖောက်လုပ်ပေးခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဒေသတာဝန်ရှိသူများနှင့် ပူးပေါင်းကွင်းဆင်း စိစစ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့နောက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ သတ်မှတ်စီမံကိန်း အဆိုပြုလွှာ ပုံစံဖြင့်တင်ပြလာမည်ဆိုပါက ဘဏ္ဍာငွေ ရရှိမှုအပေါ် မူတည်၍ အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ထည့်သွင်းလျာထား ဆောင်ရွက် ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ် ၏ ရခိုင်ပြည်နယ်၌ အရန်ရိက္ခာဆန် သိုလှောင်ရေးနှင့် ဖြန့်ဝေရေးကို မည်ကဲ့သို့ စီစဉ်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ရန်ပုံငွေဖြင့် ပြည်နယ်အတွင်း မြို့အလိုက် ဒေသဆန်များ ဝယ်ယူထောက်ပံ့ပေးခြင်း၊ UN/INGO/NGO များ၊ လူမှုအဖွဲ့အစည်း များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်လည်း ဖြေရှင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်းနှင့် လတ်တလောတွင် ရခိုင်ပြည်နယ်အတွင်း အရန် ရိက္ခာဆန်သီးသန့် အစီအစဉ်ဖြင့် သိုလှောင် ထားမှု မရှိသော်လည်း အရေးပေါ်လိုအပ်ပါက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှု ဦးစီးဌာနရုံး၊ သိုလှောင်ရုံများတွင် ခေတ္တသိုလှောင်ထားရှိပြီး ထောက်ပံ့ပေးလျက်ရှိပါ ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ဖြေကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အမျိုးသား လွှတ်တော် က အတည်ပြု ပြီး ပေးပို့ထားသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပဥ္စမ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပဥ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပဥ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတို့အား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်း နှင့်စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်၏ ပြင်ဆင်ချက်ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင် ၏ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အသီးသီးတွင် အစိုးရအဆက်ဆက် အသုံးပြုခဲ့သော လက်ရှိ အသုံးပြုခြင်း မရှိတော့ဘဲ တဖြည်းဖြည်း ဟောင်းနွမ်းယိုယွင်း ပျက်စီးနေပြီဖြစ်သည့် အဆောက်အဦများ တည်ရှိရာ ဝန်ကြီးဌာနပိုင်မြေများ၊ ကျေးရွာများရှိ စပါးဒိုင်အဆောက်အဦနှင့် မြေနေရာများအား မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျေး လက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အများ ပြည်သူအကျိုးဖြစ်ထွန်းသော လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန် မြို့ပြ မြေရှားပါးမှု ကို ဖြေရှင်းနိုင်ရန်အတွက်လည်းကောင်း၊ မြို့စီမံခန့်ခွဲခွင့်ရ မြေနေရာများ (City Land) အဖြစ် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြန်လည်စွန့်လွှတ် လွှဲပြောင်းပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း က ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းပေါင်းစပ်ပြီး မိမိတို့အတွက် မလိုအပ်သည့် အရာများကို ပြန်လည်စွန့်လွှတ်ပေးရမည် ဖြစ်သော်လည်း မစွန့်လွှတ်နိုင်ခြင်းကိုလည်း တွေ့ရှိရ ပါကြောင်း၊ ထို့ပြင် မိမိတို့ နိုင်ငံတွင် ယခင်က အသုံးပြုပြီး ယခုအသုံးမပြုတော့သည့် ဝန်ကြီးဌာနအသီးသီးအောက် တွင် ရှိသည့် မြေများ၊ အဆောက်အဦများသည် မြို့နှင့် ရပ်ကွက်၊ ကျေးရွာအသီးသီး တွင် ရှိနေဆဲပင်ဖြစ်ပါ ကြောင်း၊ ယင်းတို့ကို ပြန်လည် စိစစ်၍ နိုင်ငံအတွက်၊ မြို့ရွာ အတွက် အကျိုးရှိအောင် အသုံးချ နိုင်ရန် လိုအပ်ပါ ကြောင်း၊ ထို့ကြောင့် ဦးကိုကိုနိုင်၏ အဆိုကို လေးနက်စွာထောက်ခံပါကြောင်း ဆွေးနွေး သည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ် က ခေတ် အဆက်ဆက် အသုံးပြု ခဲ့ကြပြီး လက်ရှိအသုံးပြုခြင်း မရှိတော့သည့် ဝန်ကြီးဌာနပိုင်မြေ နေရာများနှင့် အဆောက် အဦများကို ပုဂ္ဂလိကသို့ ရောင်းချခြင်း၊ ငှားရမ်းခြင်းမပြုတော့ ဘဲ ဒေသနှင့် ဒေသခံပြည်သူ လူထုအတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းနိုင်ပြီး လိုအပ်ချက်ရှိသည့် အဆောက်အအုံများ ဆောက်လုပ်နိုင်ရန်အတွက် သက်ဆိုင်ရာဝန် ကြီးဌာနများက ပြန်လည် စွန့်လွှတ် လွှဲပြောင်း ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လေးနက်စွာ ထောက်ခံပါ ကြောင်း ဆွေးနွေးသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး က မြန်မာနိုင်ငံရှိ မြို့၊ ရွာအနှံတွင် အကျိုးမဲ့ ဖြစ်နေသည့် မြေယာ၊ အဆောက်အအုံ များပြားစွာရှိနေပါကြောင်း၊ ယင်းတို့ကို အများ အကျိုးအတွက် ပြည်သူများနှင့်အတူ ပေါင်းစပ်၍ နိုင်ငံဖွံ့ဖြိုးစေရန် ဆောင်ရွက်နိုင်ပါကြောင်း၊ ထို့ကြောင့် မြို့၊ ရွာဒေသအနှံ့တွင် အကျိုးမဲ့ဖြစ်နေသည့် နိုင်ငံတော်ပိုင် အဆောက်အအုံများကို အစိုးရ၏ စီမံခန့်ခွဲမှုအရ စီစဉ်ဆောင်ရွက်နိုင်ရန် အတွက် ယခုကဲ့သို့ အစိုးရအား တိုက်တွန်း ကြောင်း အဆိုကို မိမိအနေဖြင့်လေးနက်စွာ ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ယင်းအဆိုကို တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးရဲအောင်စော၊ မန္တလေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်လှဌေး(ခ) ဒေါ်အုန်းကြည်နှင့် မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဦးလှဆန်း တို့က ဆက်လက်ဆွေးနွေး ကြသည်။
ထို့နောက် အဆိုရှင် ဦးကိုကိုနိုင် က အများပြည်သူအကျိုးစီးပွား ဖြစ်ထွန်းနိုင် မည့်လုပ်ငန်းများ အဆောတလျင် ဆောင်ရွက်နိုင်ရန်အတွက် အဆိုကို အတည်ပြု ပေးနိုင်ရန်အတွက် လွှတ်တော် ၏ အဆုံးအဖြတ်ရယူပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြော ကြားသည်။၁၉၉၅) ဖြင့်ဖွဲ့စည်းခဲ့ပါ ကြောင်း၊ အဆိုပါ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်ကို ၂၀၁၆ခုနှစ် မေ ၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀/ ၂၀၁၆)ဖြင့် အသစ် ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့နောက် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်သို့ တင်ပြလာသည့် ပြည်ထောင်စုဝန်ကြီး ဌာနများ၏ တင်ပြချက်၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များ၏ ပြည်ထောင်စု အစိုးရအဖွဲ့မှ တစ်ဆင့် တင်ပြချက်များ ကို သုံးသပ်ပြီး နိုင်ငံပိုင်မြေ၊ အဆောက်အအုံများကို လွှဲပြောင်းပေးသင့်သည်များကို လွှဲပြောင်း ပေးရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုမှာ ပြည်ထောင်စု အစိုးရအဖွဲ့က ချမှတ်ထားသည့် မူဝါဒများနှင့် ကိုက်ညီမှုရှိပြီး ပြည်ထောင်စုအစိုးရ အဖွဲ့မှ မူဝါဒများ ထုတ်ပြန်ပြီး လိုက်နာဆောင်ရွက်စေခြင်း၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင် ဖွဲ့စည်း၍ ပုံမှန်ကိုင်တွယ် ဖြေရှင်းဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများ ဖြစ်ပါသဖြင့် အဆိုကို မှတ်တမ်းအဖြစ် ထားရှိသင့်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် အဆိုရှင် ဦးကိုကိုနိုင် က အများပြည်သူအကျိုးစီးပွား ဖြစ်ထွန်းနိုင် မည့်လုပ်ငန်းများ အဆောတလျင် ဆောင်ရွက်နိုင်ရန်အတွက် အဆိုကို အတည်ပြု ပေးနိုင်ရန်အတွက် လွှတ်တော်၏ အဆုံးအဖြတ်ရယူပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြော ကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုကို အတည်ပြုရန် စက်ခလုတ် အသုံးပြု၍ လွှတ် တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၁၁၄မဲ၊ ကန့် ကွက်မဲ ၅၇ မဲ၊ ကြားနေမဲ ၅ မဲဖြစ်သဖြင့် ထောက်ခံမဲများသဖြင့် အဆိုကို အတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမ ပုံမှန်အစည်းအဝေးမှ (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်း သည့် အစီရင်ခံစာကို တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း နှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇)မှ ဦးဇော်ဟိန်း တို့က ဆွေးနွေးကြသည်။
ထို့နောက် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေ က လွှတ်တော်ကိုယ်စားလှယ် များ၏ ဆွေးနွေးချက် များနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေး၍ ကော်မတီ၏ အစီရင်ခံစာ ကို သဘောတူ လက်ခံရန် အဆိုတင်သွင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘော ထား ရယူရာ သဘောမတူသူမရှိသည့်အတွက် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက် များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်က အတည်ပြု ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက် နေ့ ကို ဒီဇင်ဘာ ၁၉ ရက်တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်

No comments:

Post a Comment