Thursday, December 19, 2019

သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေပေးအပ်ပွဲ ကျင်းပမည်


ရန်ကုန် ဒီဇင်ဘာ ၁၈
မြန်မာနိုင်ငံ စာရေးဆရာအသင်းက နှစ်စဉ်ကျင်းပမြဲဖြစ်သော ၁၃၈၁ ခုနှစ် မြန်မာနိုင်ငံ စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင် များက အလှူငွေများ လှူဒါန်းလျက်ရှိပြီး အလှူငွေပေးအပ်ပွဲ အခမ်းအနား ကို ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီတွင် အသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပမည် ဖြစ်သည်။

သို့ပါ၍ အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ အမှတ် (၁၇၃/၁၇၅) ပန်းဆိုးတန်းလမ်း(အလယ်) ကျောက်တံတား မြို့နယ် ရန်ကုန်မြို့ ဖုန်း-၀၁-၃၈၅၂၇၃၊ ၀၁-၂၅၂၄၁၇ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment