Friday, November 1, 2019

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး (ငြိမ်း) နော်ဝေဒုက္ခသည်ကောင်စီ (NRC) ၏ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Jan Egeland အား လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၁
ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ငြိမ်း)
နော်ဝေဒုက္ခသည်ကောင်စီ(NRC) ၏ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Jan Egeland အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ နေရပ်စွန့်ခွာသူများ၏ စခန်းကိစ္စနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment